Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ဒီရက်ပိုင်း မြေကွက်ဝယ်ယူပြီး လက်လွတ်ဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေ အများကြီးသတင်းတက်လာတာစိတ်မကောင်းစရာတွေတွေ့ရပါတယ်။ဖယ်ရှားခံရမယ့်နေရာတွေအထိကွင်းဆင်းလေ့လာပြီးစစ်ဆေးခဲ့ပါတယ်။

December 2, 2022 128 views
ဒီရက်ပိုင်း မြေကွက်ဝယ်ယူပြီး လက်လွတ်ဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေ  အများကြီးသတင်းတက်လာတာစိတ်မကောင်းစရာတွေတွေ့ရပါတယ်။ဖယ်ရှားခံရမယ့်နေရာတွေအထိကွင်းဆင်းလေ့လာပြီးစစ်ဆေးခဲ့ပါတယ်။

ဒီရက်ပိုင်း မြေကွက်ဝယ်ယူပြီး လက်လွတ်ဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေ 
အများကြီးသတင်းတက်လာတာစိတ်မကောင်းစရာတွေတွေ့ရပါတယ်။ဖယ်ရှားခံရမယ့်နေရာတွေအထိကွင်းဆင်းလေ့လာပြီးစစ်ဆေးခဲ့ပါတယ်။ 
မသိနားမလည်ပဲဝယ်မိသူတွေကို ဂရုဏာဒေါသနဲ့ အမုန်းခံပြောပြတဲ့ ပိုစ့်တွေလည်းတွေ့ရပါတယ်။ 
ဒီတော့ နောက်နောင်မမှားသင့်တာမမှားရလေအောင် ဈေးနည်းနည်းများများ မြေကွက်ဝယ်မယ်ဆိုရင်မဖြစ်မနေ သေချာစစ်ဆေးသင့်တဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

မြေကွက်ဝယ်မယ်ဆိုရင် ဒီအချက်တွေကို မဖြစ်မနေ သေချာစစ်ဆေးပါ

မိမိဝယ်မယ့်မြေဟာ လယ်ယာမြေဆိုလည်း အခြားနည်းသုံးစွဲခွင့် လန(လန၃၀)ကျပြီးသားမြေလား
အရင်ကြည့်ရမယ်

…အခြားနည်းသုံးစွဲခွင့် လန- ၃၀ ကျပြီးသားဆိုရင်….ဘာအတွက်ကျတာလည်း
၁။ သာသနမြေအတွက်လား
၂။ စက်ရုံမြေအတွက်လား
၃။ နှစ်ရှည်အတွက်လား
၄။ အိမ်ယာဆောက်လုပ်ခွင့် အတွက်လားဆိုတဲ့…အကြောင်းအရာတွေရှိပါတယ်အခြားနည်းသုံးစွဲခွင့်ရတိုင်း မြေကွက်ရိုက်ရောင်းပြီးဝယ်လို့မရပါဘူးပုံစံ ၁၀၅. ၁၀၆ ရှိရုံနဲ့မြေယာပိုင်ဆိုင်ကြောင်းအထောက်အထားမဟုတ်ပါဘူး.. မြေနယ်နမိတ်သက်မှတ်ချက်နဲ့မြေရာဇဝင်သာဖြစ်ပါတယ်
နောက်ဆုံးပြောချင်တာကတော့…ကိုယ်ချွေးနဲစာနဲ့ဝယ်ယူမဲ့ မိတ်ဆွေများသည်.ကိုယ်ဝယ်ယူမဲ့မြေအကြောင်းသိရှိနားလည်မှသာဝယ်ယူရန်အကြံပေးချင်ပါသည်။

တစ်လက်စတည်း မြေအမျိုးအစားတွေကို ဖေါ်ပြပေးပါမယ်။

အိမ်ခြံမြေနယ်ပယ်နဲ့ တိုက်ရိုက်ဆက်စပ်တဲ့ မြေအမျိုးအစားတွေမှာ

မြေပိုင်မြေ ။ ။မြေပိုင်မြေဆိုတာဟာ မြို့တော်ရဲ့ နယ်နိမိတ်အတွင်းမှာ စနစ်တကျ မြို့ကွက်‌ဖော်ထုတ်ကာ ရောင်းချခဲ့စဉ်က ပိုင်ဆိုင်ထားပြီး မြေပိုင်ရှင်အခွင့်အရေးအပြည့်ရှိတဲ့ မြေအမျိုးအစားကို ဆိုလိုပါတယ်။

ဘိုးဘွားပိုင်မြေ ။ ။ အောက်မြန်မာနိုင်ငံ ကျေးရွာများအက်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ ဘိုးဘွားမိဘများလက်ထက်က “ဓမ္မဦးချ” ပိုင်ဆိုင်လာခဲ့ပြီး လွှဲပြောင်းဆက်ခံခွင့်ရှိကာ “မစိုက်ပျိုးသည့်မြေ” အမျိုးအစားကို ဘိုးဘွားပိုင်မြေလို့ သတ်မှတ်ပါတယ်။

ဂရန်ရှိမြေပိုင်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိတဲ့ ‌မြေကို ဂရန်ရှိမြေပိုင်မြေလို့ခေါ်ပါသည်။
လိုင်စင်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ် – ၃၀ ၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့် အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကို လိုင်စင်မြေလို့ခေါ်ပါသည်။

ပါမစ်မြေ ။ ။ ကော်မတီကသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ “လူနေအိမ်” သိုမဟုတ် “အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်” ပြုထားသော မြေကို ပါမစ်မြေလို့ ဆိုလိုပါသည်။
မြေငှားဂရန်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားတဲ့မြေကို မြေငှားဂရန်မြေ လို့ခေါ်ပါသည်။

စကွာတာမြေ ။ ။ “စကွာတာမြေ” ဆိုတာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း “မြေအဆင့်အတန်း နိမ့်ချသတ်မှတ်ထားတဲ့ မြေကို” ဆိုလိုပါသည်။

ကျူးလွန်ခြင်းမြေ ။ ။ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်ထဲမှာ ကျူးလွန်ခြင်း “ပြေစာဖြင့်ကောက်ခံတဲ့မြေ” မျိုးကို ကျူးလွန်ခြင်းမြေလို့ ခေါ်ပါသည်။
ကျူးကျော်မြေ ။ ။ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေပေါ်မှာ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင်လျှက်ရှိတဲ့ မြေကို ကျူးကျော်မြေလို့ခေါ်ပါသည်။

ဗဟုသုတအဖြစ်မျှဝေပါသည်
စာတွေ့တင်မကပဲအနီးနားပတ်ဝန်းကျင်မှာ
လည်း ဝယ်ယူမယ့်မြေကွက်အကြောင်း ကိုယ်တိုင်ကွင်းဆင်းပြီး အပင်ပန်းခံ 
စုံစမ်းဖို့မမေ့သင့်ကြောင်း အကြံပေးပါရစေ။

ပြန်လည်ကူးယူဖော်ပြရာသည်။
#crd

Related Posts