Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မသိသူကျော်သွား၊ သိသူဖော်စား အိမ်တန်ဖိုး ပိုမြင့်စေမယ့် လျို့ဝှက်ချက်မျာ

December 5, 2022 184 views
မသိသူကျော်သွား၊ သိသူဖော်စား အိမ်တန်ဖိုး ပိုမြင့်စေမယ့် လျို့ဝှက်ချက်မျာ

ရပ်ကွက်ချင်း အတူတူ၊ အိမ်ရောင်းတာချင်း အတူတူ သူ့အိမ်ကတော့ ပိုဈေးခေါ်လို့ ကောင်းနေတာ ဘာ့ကြောင့်လဲ" လို့ တစ်ခါတစ်ရံမှာ တွေးမိကြမယ် ထင်ပါတယ်။ အိမ်တန်ဖိုးဟာ နေရာ၊ ဒေသ၊ စီးပွားရေး လုပ်ဆောင်နိုင်ချေ စတဲ့ အချက်အလက်တွေအလိုက် ဈေးကလည်း ကွာသွားသလို အိမ်ထဲမှာ ပြင်ဆင်ထားတဲ့ အပြင်အဆင်တွေပေါ် မူတည်ပြီးလည်း ဈေးကွာသွားတတ်ပါတယ်။ ဥပမာ - ခြံချည်းပဲဆိုရင် တစ်ဈေး၊ ခြံနဲ့ တဲအိမ်လောက်အိမ်လေးတစ်လုံးပါမယ်ဆိုရင် တစ်ဈေး၊ ခြံနဲ့ တိုက်အိမ်ဆိုရင် တစ်ဈေး၊ ခြံနဲ့ တိုက်အိမ်အခိုင်အမာ ခန့်ခန့်ညားညားဆိုရင် တစ်ဈေးဆိုပြီး ဈေးတွေ ကွာသွားတာပါပဲ။ ဒါ့အပြင် အိမ်ဟာ ဈေးဝယ်စင်တာကြီးများ ဒါမှမဟုတ် အများပြည်သူဆိုင်ရာ ပန်းခြံများနဲ့ နီးမယ်ဆိုရင်လည်း အိမ်တန်ဖိုးကို အလိုလို မြင့်စေတတ်တယ်ဆိုတာ သိပြီးသား ဖြစ်မှာပါနော်။

ဒီတော့ အိမ်အတွက် ရင်းနှီးမြှုပ်နှံမှုကောင်း ဖြစ်စေဖို့ သင့်အိမ်တန်ဖိုးဟာ ဘယ်အရာတွေကြောင့် ဈေးတက်သွားနိုင်လဲဆိုတာကို အောက်မှာ ဖော်ပြလိုက်ပါတယ်။ 

၁။ တည်နေရာ
သင့်ရဲ့ အိမ်ဟာ ဈေး၊ ကားဂိတ်၊ ကျောင်း အနီးတစ်ဝိုက်မှာ ရှိနေရင် အိမ်ရဲ့တန်ဖိုးဟာ တက်နေမှာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် - 
- ကျောင်းရဲ့ အရည်အသွေး
- အလုပ်အကိုင်အတွက် လမ်းပန်း ဆက်သွယ်ရေး အခြေအနေ
- ဈေး၊ ရုပ်ရှင်ရုံ၊ အပန်းဖြေစခန်းများ 
- ကုန်တိုက်များ အနီးမှာရှိမယ်ဆိုရင် ဈေးကောင်းရမှာ အသေအချာပါပဲ။ ဒါဟာ ဘာ့ကြောင့် အိမ်ဈေးတက်ရလဲ ဆိုတဲ့ အဓိကအချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ တော်တော်များများသော အိမ်ယာတွေဟာ ဒီအချက်နဲ့တင် ဈေးအတော်မြောက်သွားတတ်တာ တွေ့ရပါတယ်။ ဒါ့အပြင် အဝေးပြေးလမ်းများ၊ အများသူငှာ သယ်ယူပို့ဆောင်ရေး နေရာမှ အိမ်ယာများဟာလည်း အိမ်တစ်လုံးရဲ့ အလုံးစုံတန်ဖိုးအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ 

၂။ အိမ်အရွယ်အစား
အိမ်ရဲ့အရွယ်အစား၊ မြေအရွယ်အစားဟာလည်း ဈေးကွက်မှာ ဈေးကောင်းရနိုင်တဲ့ အချက်တစ်ခုပါပဲ။ ဈေးကွက်တန်ဖိုးကို ခန့်မှန်းတဲ့အခါ အိမ်အရွယ်အစားဟာ ထည့်သွင်းစဉ်းစားဖို့ အရေးကြီးဆုံး အချက်ဖြစ်ပြီး အိမ်ရဲ့တန်ဖိုးကို တစ်စတုရန်းပေ ဈေးနှုန်းနဲ့ အကြမ်းဖျင်းခန့်မှန်းနိုင်ပါတယ်။

၃။ အိမ်တွင်း၊ အိမ်ပြင် ပြင်ဆင်မှု
အထူးသဖြင့် ခေတ်မမီတော့တဲ့ အိမ်ရဲ့ အင်္ဂါရပ်တွေကို ကြွကြွရွရွနဲ့ နေချင့်စဖွယ်ဖြစ်အောင် ပြင်ဆင်မယ်၊ ခေတ်မီပြီးလှပတဲ့ အိမ်လေးအဖြစ် အသွင်ပြောင်းမယ်ဆိုရင် တန်ဖိုးဟာလည်း အလိုလိုလိုက်လာမှာ ဖြစ်ပါတယ်။ အိမ်အမိုးလေး လဲလိုက်တာ၊ နံရံဆေးရောင်သစ် သုတ်လိုက်တာ၊ ပရိဘောဂအသစ်တွေ ထပ်ထည့်လိုက်တာဟာလည်း ဈေးနှုန်းအပေါ် သက်ရောက်မှု ရှိစေမှာပါ။ အိမ်တွင်း၊ အိမ်ပြင် ပြင်ဆင်မှုများကို Shwe Property website ဆောင်းပါးများမှာလည်း လေ့လာနိုင်ပါတယ်။ 

၄။ ခြံတွင်း သီးပင်၊ စားပင်၊ ပန်းပင်များ
နှစ်ရှည်လများ အချိန်ယူ စိုက်ရတဲ့ သီးပင်၊ စားပင်၊ ပန်းပင်တွေ ကိုယ့်ခြံထဲမှာ စိုက်ထားခြင်းဟာလည်း နောင်တစ်ချိန်မှာ အိမ်နဲ့ခြံရောင်းဖို့ ဖြစ်လာတဲ့အခါ ဈေးကောင်းရစေဖို့ အကျိုးပြုနိုင်ပါတယ်။ 

အိမ်ရဲ့တန်ဖိုးကို လွှမ်းမိုးထားနိုင်တဲ့ ဒီအချက်တွေကို သိသွားပြီ ဆိုရင်တော့ အိမ်ရောင်းချရာမှာ ပြုလုပ်တတ်တဲ့ အမှားတွေကို ရှောင်ရှားဖို့ ပိုမိုလွယ်ကူလာစေမှာ အမှန်ပါပဲ။ ဒါ့ကြောင့် အိမ်ရောင်းချရာမှာ ဝယ်သူတွေကို ဆွဲဆောင်နိုင်ဖို့  ဒီအချက်တွေကို ထည့်သွင်းစဉ်းစားဖို့ အကြုံပြုလိုက်ပါတယ်နော်။

Credit to original writer

Related Posts