အမွေပုံမှရရန်ရှိသည့်ဝေစုအပြင် အမွေပစ္စည်းမှ ဖြစ်ထွန်းလာသော အကျိုးအမြတ်ကိုလည်း ခံစားခွင့်ရှိခြင်း

အမွေပုံမှရရန်ရှိသည့်ဝေစုအပြင် အမွေပစ္စည်းမှ
ဖြစ်ထွန်းလာသော အကျိုးအမြတ်ကိုလည်း
ခံစားခွင့်ရှိခြင်း
********************************
# အမွေပစ္စည်းခွဲဝေပေးစေလိုမှုတွင် အမွေဆိုင်များ
သည် အမွေပုံပစ္စည်းတွင် ဥပဒေအရ မိမိတို့ရရန်
ရှိသော ဝေစုများကိုရခွင့်ရှိသည့်အပြင် အမွေပစ္စည်းမှ
ဖြစ်ထွန်းလာသောအကျိုးအမြတ်ကိုလည်းခံစားခွင့်ရှိ
သည်
# ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား
အမှတ်စဉ် ၁၂၀ အရ တရားမစွဲဆိုမီ ၆ နှစ်အတွင်း
အမွေပစ္စည်းများမှဖြစ်ထွန်းသော အကျိုးအမြတ်များ
ကို အမွေဆိုင်များကခံစားခွင့်ရှိခြင်း
# အမှုစွဲဆိုစဉ်ကာလအတွင်း ဖြစ်ထွန်းသော အကျိုးအမြတ်အပေါ်တွင်လည်း အမွေဆိုင်များက ခံစားခွင့်ရှိခြင်း
ဥပမာ
****
A သည် အမွေပုံပစ္စည်းလက်ဝယ်ရှိသူ B ကို အမွေပုံ
ပစ္စည်းခွဲဝေပေးစေလိုမှု ( 1.1.2020) နေ့တွင်စတင်
တရားစွဲဆိုပြီး (1.1.2022) ရက်နေ့တွင်အပြီးသတ်
ဒီဂရီချမှတ်ပြီး တရားစွဲဆိုမှု ပြီးဆုံးသည်ဆိုပါစို့။
ဤအခြေအနေမျိုးတွင် A သည် B ထံမှ အမွေပုံပစ္စည်းအပေါ် ရပိုင်ခွင့် အပြင် တရားမစွဲဆိုမီ ၆ နှစ်( စတင်
1.1.2020 မတိုင်မီ 30.12.2014 )အတွင်း (30.12.2014 မှ 1.1.2020 ) နေ့အထိ အမွေပုံပစ္စည်းမှရရှိသော အကျိုးအမြတ်အပြင် တရားစွဲဆိုစဉ်ကာလ
အတွင်း( စတင် 1.1.2020 မှ ပြီးဆုံးသည့်ကာလ
1.1:2022) ရက်နေ့အထိ အမွေပုံပစ္စည်းမှ ရရှိသော အကျိုးအမြတ်ကိုပါ ခံစားခွင့်ရှိတယ်လို့ ဆိုလိုခြင်းဖြစ်ပါသည်။
# ၁၉၈၄ ခုနှစ် ၊ တရားမအထွေထွေအယူခံမှု မတစ စာ ၂၄၃
### Aung Kyaw Htun ဥပေဒ
မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။