Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ကွန်ဒိုအိမ်ခန်းပိုင်ရှင်တို့ သိထားသင့်တဲ့ အချက်များ

December 8, 2022 208 views
ကွန်ဒိုအိမ်ခန်းပိုင်ရှင်တို့ သိထားသင့်တဲ့ အချက်များ

ရန်ကုန်မှာဆိုရင် မြေကွက်တွေထက် မြေအရှုပ်အရှင်း နည်းပါးတဲ့ ကွန်ဒိုအခန်းတွေဟာ လူကြိုက်များတဲ့၊ အထူးသဖြင့် နိုင်ငံခြားသားတွေ အကြိုက်များတဲ့ နေထိုင်ရာ တစ်ခုပါပဲ။ 

ကွန်ဒိုတစ်ခုတည်ဆောက်ဖို့အတွက် ကွန်ဒိုအမျိုးအစားအလိုက် သတ်မှတ်တဲ့ တည်ဆောက်မှုတွေ ပါဝင်တာကြောင့် လုံလောက်တဲ့ မြေအကျယ်အဝန်းရှိဖို့ လိုအပ်သလို ကွန်ဒိုတိုင်းမှာ ရေကူးကန်၊ တင်းနစ်ကွင်းပါရမယ်လို့ မဆိုလိုပေမယ့် ကြော်ငြာစဉ်က တစ်မျိုး၊ တကယ်ဆောက်ပေးတော့ တစ်မျိုးလည်း မဖြစ်ရပါဘူး။ ကွန်ဒိုဟာလည်း အထပ်အမြင့်အလိုက် မိသားစုတွေ များစွာနေထိုင်ကြတာ ဖြစ်တဲ့အတွက် စုပေါင်းပိုင် အဆောက်အအုံပဲ ဖြစ်ပါတယ်။ ဒါကြောင့် စုပေါင်းပိုင် အဆောက်အအုံတွေအနေနဲ့ ကွန်ဒိုတိုက်ခန်းပိုင်ရှင်တို့ သိထားသင့်တဲ့၊ လိုက်နာရမယ့် အချက်လေးတွေလည်း ရှိပါတယ်။ 

လူသိများတဲ့ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ အချက်လေးတွေကတော့ ကွန်ဒိုတိုက် သာယာလှပရေး၊ လုံခြုံရေး၊ စည်းကမ်းကျနရေး စတာတွေအတွက် သက်ဆိုင်ရာ ကွန်ဒိုစီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရခြင်း၊ ကွန်ဒိုပြင်ဆင်ရေး ကုန်ကျစရိတ်တွေအတွက် မိမိတို့ရဲ့ အစုရှယ်ယာ တန်ဖိုးအလိုက် ကျခံရခြင်း၊ မီးဖိုး၊ ရေဖိုး၊ လုံခြုံရေးဖိုးတို့ ပေးဆောင်ရခြင်းတို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကွန်ဒိုကို ရောင်း၊ ဝယ်၊ ငှား လုပ်မယ်ဆိုရင်တော့ 



-  မိမိပိုင်အိမ်ခန်းကို ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ တစ်ဦးဦးကို ကိုယ့်ခွင့်ပြုချက်နဲ့ ပေးအပ် မယ်ဆိုရင် အမှုဆောင် အဖွဲ့သို့ အသိပေးရခြင်း

- မိမိကြောင့်ဖြစ်စေ၊ အငှားချထားသူကြောင့်ဖြစ်စေ၊ အိမ်ခန်းကိုအပေါင်ခံပြီး လက်ရောက်ရယူထားသူကြောင့်ဖြစ်စေ၊ မိမိရဲ့ ခွင့်ပြုချက်နဲ့ နေထိုင်သူကြောင့်ဖြစ်စေ စုပေါင်းပိုင်အဆောက်အအုံ သို့မဟုတ် စုပေါင်းပိုင်ပစ္စည်း ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ထိုသူများနှင့် သီခြားသဘောတူညီချက် ချုပ်ဆိုထားခြင်း မရှိလျှင် မိမိမှာသာ တာဝန်ရှိခြင်း၊ 

- မိမိအိမ်ခန်းအတွင်းပိုင်းကို အမှုဆောင်အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ပြုပြင်မွမ်းမံခြင်း၊ အသေးစားပြင်ဆင်ခြင်းများ ပြုရာမှာ အဆောက်အအုံရဲ့ မူလပုံစံနဲ့ ခိုင်ခံ့မှုကို မထိခိုက်စေရခြင်း၊

- နိုင်ငံခြားသားတွေအနေနဲ့ နည်းဥပဒပုဒ်မ - ၃၆ အရ စုပေါင်းပိုင် အဆောက်အအုံ သက်တမ်းကာလအတွင်း ပိုင်ဆိုင်ခွင့် ရှိခြင်း စတဲ့အချက်လေးတွေကို သိထားသင့်ပါတယ်နော်။ 

Related Posts