စင်္ကာပူနိုင်ငံမှာလတ်တလော ပြင်ဆင်ပြဌာန်းထားတဲ့ ဒဏ်ရိုက်နိုင်သော ပြစ်မှု (၁၆) ချက်
စင်္ကာပူနိုင်ငံမှာလတ်တလော ပြင်ဆင်ပြဌာန်းထားတဲ့
ဒဏ်ရိုက်နိုင်သော ပြစ်မှု (၁၆) ချက်.
**************************
(1) ချွင်းဂန်း (ပီကေ)🍫 ရောင်းတဲ့သူကို ဒဏ်ငွေ စင်ကာပူဒေါ်လာ တစ်သိန်း $ 100,000 ထိ တပ်ရိုက်နိုင်တယ်။
(2) အများသူငါ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ တေးဂီတ🔉 သံတွေဖွင့်မယ်ဆိုရင် ဒဏ်ငွေ $ 1,000 ထိ တပ်ရိုက်နိုင်တယ်။
(3) လမ်းတွေပေါ်မှာစွန်လွှတ်ရင်🚸🔷♦ ဒဏ်ငွေ $ 5,000 ထိ။
(4) တားမြစ်ထားတဲ့ သီချင်းကို အများသူငါနဲ့ ဆိုင်တဲ့နေရာတွေမှာ ဖွင့်ခြင်း📣 သီဆိုခြင်းပြုလျင် ထောင် (၃) လနဲ့ ငွေဒဏ်။
(5) လမ်း၊ ဈေး၊ ကျောင်း၊ ကော်ဖီဆိုင်တွေမှာတံထွေးထွေးရင်🗣 ဒဏ်ငွေ $ 1,000 ထိ။
(6) တားမြစ်သီချင်းခွေတွေဖြန့်ချီရင်💿💽📀 ထောင်ဒဏ် (၃) လနဲ့ ငွေဒဏ်။
(7) အခြားသူသုံးစွဲနေတဲ့ Wifi👩💻 ကိုခိုးယူသုံးစွဲမယ်ဆိုရင် ဒဏ်ငွေ $ 10,000 သို့မဟုတ် ထောင် (၃) နှစ်၊ (သို့) နှစ်ရပ်စလုံး။#
(8) အများသုံးအိမ်သာမှာ🚰 ရေဆွဲမချခဲ့ရင် ဒဏ်ငွေ $ 150 ပါတဲ့။
(9) မိမိနေအိမ်မှာ ခန်းဆီးဖွင့်ထားပြီး🚪 မဖွယ်မရာနေထိုင်မယ်ဆိုရင် ဒဏ်ငွေ $ 2,000 နဲ့ ထောင် (၃) လ (သို့) နှစ်ရပ်စလုံး။
(10) ခိုတွေကိုအစာကျွေးရင်🐦🐤 ဒဏ်ငွေ $ 500 ပါ။
(11) အချို့ ဓာတ်လှေကားတွေထဲမှာသေးပေါက်မယ်ဆိုရင် ဓာတ်လှေကားဟာ🔒 auto lock ကျသွားပြီး ရဲရောက်လာမှ ဖွင့်လို့ရပါလိမ့်မယ်။
(12) အမှိုက်ပစ်ရင်တော့🌪 ဒဏ်ငွေ $ 1,000 ပါ။
(13) လိင်တူအမျိုးသားချင်းဆက်ဆံမယ်ဆိုရင် ထောင်ဒဏ် (၂) နှစ်ထိချမှတ်နိုင်တယ်။
(14) မူးယစ်ဆေးသုံးစွဲပြီး🚬🚬🚬 စင်ကာပူနိုင်ငံတွင်းကိုဝင်ရောက်ရင် ဒဏ်ငွေ $ 20,000 နဲ့ ထောင် (၁၀) နှစ်။
(15) လူကူးမျဉ်းကြား (သို့) လူကူးရန်သတ်မှတ်ထားသောနေရာမှ မီတာ ၅၀ (၁၆၄ ပေ) အကွာအဝေးအတွင်းမှာရှိတဲ့ လမ်းမတွေကို🚸 သတ်မှတ်နေရာက မကူးရင် (jaywalking) ချက်ချင်းဒဏ်ငွေ $ 20 ပေးဆောင်ရမှာဖြစ်ပြီး ဒဏ်ငွေ 💸$ 1,000 နဲ့ ထောင်ဒဏ်🏚 (၃) လထိ ကျခံရနိုင်တယ်။ ဒုတိယအကြိမ်ထပ်မံကျူးလွန်ရင်တော့ ဒဏ်ငွေ $ 2,000 နဲ့ ထောင်ဒဏ် (၆) လကျခံရမှာပါ။
(16) နံရံတွေမှာ🤹♂️ ပုံတွေလျှောက်ဆွဲရင်တော့ (vandalism) ထောင်ဒဏ်အပြင် ကြိမ်ဒဏ်ပါချမှတ်ခံရမှာဖြစ်ပါတယ်။
.
Credit to Aung Than Win