Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ကတိပျက်လျော်ကြေးရလိုမှု စွဲဆိုခြင်း

December 15, 2022 239 views
ကတိပျက်လျော်ကြေးရလိုမှု စွဲဆိုခြင်း

⚖ ကတိပျက်လျော်ကြေးရလိုမှု စွဲဆိုခြင်း ⚖👨‍⚖️
***********************************

❌  ဒီနေရာမှာ တစ်ခုသတိထားစေချင်တာက
ကျျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ လူအများစုသိရှိ ထားတာက ထိမ်းမြားလက်ထပ်ဖို့ ကတိပေးပြီး
လက်မထပ်ရင် မိန်းကလေးကပဲ ကတိပျက် လျော်ကြေး 
ရလိုမှု စွဲနိုင်တယ်လို့ ထင်နေကြတာများပါတယ်။

✅ အမှန်တကယ်တော့  မိန်းကလေးမှ မဟုတ်ပါ 
ယောကျာ်းလေးဘက်ကလဲ လက်ထပ်ဖို့ကတိပြု ပြီးကာမှ ကတိပျက်တဲ့ မိန်းကလေးကိုလျော်ကြေးရလိုမှု
စွဲဆိုနိုင်ပါတယ်ဆိုတာကို သိရှိ စေချင်ပါတယ်။

🔜  အကြောင်းအရာက ခုမှစမှာပါ...

🤷‍♂️ အရွယ်မရောက်သေးသောသူသည် ထိမ်းမြား 
လက်ထပ်ရန်ကတိပျက်လျော်ကြေးရလိုမှု 
စွဲဆိုခွင့်ရှိ /မရှိ ...🤷‍♂️ ⚖
************************************

⚖  ထိမ်းမြားလက်ထပ်ရန် ကတိပျက်လျော်ကြေး 
********************************

✅  အရွယ်ရောက်ပြီးသည့် မြန်မာဗုဒ္ဓဘာသာ
ယောကျာ်းနှင့်မိန်းမတို့သည် ထိမ်းမြားလက် ထပ်ရန်
ကတိပြု ပြီးနောက်တစ်ဦးက ပျက်ကွက် ခဲ့လျှင်
ကျန်တစ်ဦးက လျော်ကြေးရလိုမှု စွဲဆိုနိုင်သည်။

⚖ မည်သည့်ဥပဒေနှင့်သက်ဆိုင်သနည်း 
*******************************

✅ ထိမ်းမြားလက်ထပ်ရန် ကတိပြု ပြီးနောက် ပျက်
ကွက်လျှင် လျော်ကြေးတောင်းဆိုရန်အမှုမျိုးမှာ 
ုမြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်မသက်ဆိုင် ။
ပဋိညာဉ်အက်ဥပဒေနှင့်သာ သက်ဆိုင်သည်။

✅ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ထိမ်းမြား 
လက်ထပ်ရန် ကတိပျက်လျော်ကြေးရလိုမှု စွဲဆို
ခြင်းသည် ပဋိညာဉ်အက်ဥပဒေနှင့်သာသက်ဆိုင်သည်
ဆိုခြင်းအတွက်...

⚖ ပဋိညာဉ်အက်ဥပဒေပုဒ်မ ၁၁ ...

" ပဋိညာဉ် ပြုလုပ်သူသည် သက်ဆိုင်ရာ မိမိ 
လိုက်နာရသည့်  မိမိနိုင်ငံ ၏ အရွယ်ရောက်ခြင်း 
အက်ဥပဒေ တွင် ပြဠာန်း ထားသော အသက်
အရွယ်ပြည့်မီရမယ် " လို့ ပြဋ္ဌာန်းထားပါတယ်။

⚖ မြန်မာနိုင်ငံ၏ အရွယ်ရောက်ခြင်းအက်ဥပဒေ
ပုဒ္မ ၃ အရ ...

" မြန်မာနိုင်ငံတွင် အရွယ်ရောက်သူကို အသက်၁၈ နှစ် နှင့် ၁၈ နှစ်နှင့် အထက်" လို့ ပြဋ္ဌာန်းထား ပါတယ်။

👨‍⚖️ ဒါကြောင့် အနှစ်ချုပ်အားဖြင့်ဆိုရလျှင် ကတိပျက်
လျော်ကြေးရလိုမှု စွဲဆိုသူသည် အသက် ၁၈ နှစ် ပြည့်မှ တရားစွဲဆိုခွင့်ရှိတယ်လို့ မှတ်ယူနိုင်ပါတယ်။ 
၁၈ နှစ်မပြည့်ရင် စွဲဆိုခွင့်မရှိ။

🙅‍♂️ သို့ဖြစ်ပါ၍ အရွယ်မရောက်သေးသောသူသည်
ထိမ်းမြားလက်ထပ်ရန် ကတိပျက်လျော်ကြေးရလိုမှု မစွဲဆိုဘူးလို့  မှတ်ယူနိုင်ပါတယ်။ 🙅‍♂️

⚖ စီရင်ထုံး 
**********

⚖  မဖွားကြွယ်နှင့် မောင်မှတ်ကြီး ၊ ၁၉၃၈ ရန်ကုန် ၆၆၇ ( ၆၇၂) ။ စီရင်ထုံးတွင် ..

" အရွယ်မရောက်သေးသူ တစ်ယောက်သည် 
ထိမ်းမြားလက်ထပ်ရန်အတွက် တည်မြဲခိုင်မာ
သည့် ပဋိညာဉ်ကိုမပြုလုပ်နိုင်ပေ။ အရွယ်ရောက်ပြီး
သူ၏ ထိမ်းမြားလက်ထပ်ရန် ပြောဆိုချက်ကို အရွယ် မရောက်သေးသူကတရားဥပဒေ နှင့်အညီ တည်မြဲ
ခိုင်မာသည့် လက်ခံမှုကို မပြု နိုင်ပေ။ ထို့ကြောင့် 
အရွယ်မရောက်သေးသူသည် ထိမ်းမြားရန်ကတိ
ပျက်လျော်ကြေး ရလိုမှု မစွဲဆိုနိုင်ပေ။ " ဟု
ဆုံးဖြတ်ထားသည်။

⛔ သိရှိထားရမည့် ဥပဒေပုဒ်မများ

✅ ပဋိညာဉ်အက်ဥပဒေပုဒ်မ ၁၁
✅ မြန်မာနိုင်ငံ အရွယ်ရာက်ခြင်းအက်ဥပဒေပုဒ်မ ၃

#  ကိုးကား
#ဆရာကြီးဦးမြစိန်၏" မြန်မာဓလေ့ထုံးတမ်းဥပဒေ"
# ပဋိညာဉ်အက်ဥပဒေ
# မြန်မာနိုင်ငံအရွယ်ရောက်ခြင်းအက်ဥပဒေ

# ဆရာသမားများအားလေးစားလျက် 🙏🙏🙏

Credit: 

ပြန်လည်ကူးယူဖော်ပြပါသည်။
 

Related Posts