ဘဏ်ချေးငွေ လျှောက်ထားဖို့ ဘာတွေပြင်ဆင်ထားရမလဲ
ဘဏ်ချေးငွေလျှောက်ထားမယ်ဆိုရင် ယေဘုယျအားဖြင့် အပေါင်ပစ္စည်း (ဝါ) အာမခံပစ္စည်း တင်ပြရပါမယ်။ တနည်းအားဖြင့် မရွှေ့မပြောင်းနိုင်သော အာမခံပစ္စည်းပိုင်ဆိုင်မှု စာချုပ်များ၊ အထောက်အထားများကို တင်ပြရ ပြီး ငွေချေးယူမည့်သူ၏ အမည်ပေါက်မြေနှင့် အဆောက်အအုံများဖြစ်ရပါ မယ်။
မြေပိုင်ဆိုင်မှုအတွက် အောက်ပါစာချုပ်နှင့် အထောက်အထား(မူရင်း)များ လက်၀ယ်ရှိရန် လိုအပ်ပါတယ်-
(က) မြေငှားဂရန်စာချုပ်
(ခ) မှတ်ပုံတင်ပြီးမြေနှင့် အဆောက်အအုံ အရောင်းအ၀ယ် စာချုပ်
(သို့) မှတ်ပုံတင်ပြီး အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာလွှာ
(သို့) မှတ်ပုံတင်ပြီး မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းစာချုပ်
(သို့) မှတ်ပုံတင်ပြီး ပိုင်ဆိုင်မှုကို စွန့်လွှတ်/လက်ခံခြင်းစာချုပ် စသည် ----
"ဘဏ်မှငွေချေးရန်" အကြောင်းပြချက်ဖြင့် လက်ရှိကာလအတွက် သက် ဆိုင်ရာမြေယာဌာန (သို့မဟုတ်) မြေစာရင်းရုံးမှထုတ်ပေးသည့် မြေပုံမြေရာ ဇ၀င်မှတ်တမ်းကို တင်ပြရမည်ဖြစ်ပြီး ပိုင်ဆိုင်မှုလက်၀ယ်ရှိကြောင်းနှင့် အရှုပ် အရှင်းကင်းရှင်းကြောင်း ဘဏ်ဥပဒေအကျိုးဆောင်၏ စိစစ်တင်ပြချက် လို အပ်ပါမယ်။
အိမ်ခြံမြေ နှင့် အခြားအရေးကြီး စာချုပ်များ
အကယ်၍ သက်ရှိထင်ရှားမိဘများအမည်ပေါက်ပိုင်ဆိုင်သည့်မြေနှင့် အဆောက်အအုံများ ဖြစ်ပါက ငွေချေး ယူမည့် သား၊ သမီးအား မှတ်ပုံတင် ကိုယ်စားလှယ်လွှဲစာနှင့်အတူ ငွေချေးယူမည့်သူ၏ ကျမ်းကျိန်လွှာတို့ကို ဘဏ်သို့တင်ပြရပါမည်။ ထို့အပြင် အဆိုပါမိဘများ၏ အမွေဆက်ခံခွင့် အ ကျုံး၀င်သော ကျန်သားသမီးများ (ရှိပါက)၏ သဘောတူညီကြောင်း ကတိပြု လွှာများ တင်ပြရပါမယ်။
ငွေချေးယူမည့်သူ၏ ကိုယ်ရေးအချက်အလက်များဖြစ်သော နိုင်ငံသား စိ စစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း တို့ကိုလည်း တင်ပြရပါမယ်။ ရပ် ကွက်/ကျေးရွာတွင်အမှန်တကယ် နေထိုင်သူဖြစ်ကြောင်း ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ကိုလည်း ဖြည့်စွက်တင်ပြရပါမယ်။
ဘဏ်ချေးငွေခွင့်ပြုချက်ရရှိပါက ပြန်လည်ပေးဆပ်နိုင်မည့် အလားအလာ ရှိ-မရှိ စိစစ်နိုင်ရန် ငွေချေးယူမည့်သူ၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ အထောက် အထားများ၊ ငွေကြေးစာရင်းများနှင့် လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများကို တင်ပြရပါမယ်။ ကုမ္ပဏီလုပ်ငန်းဖြစ်ပါက ကုမ ္ပဏီမှတ်ပုံတင်နှင့် Form-E, Form-6, Form-26 တို့ကို တင်ပြရပါမယ်။ သက်တမ်းရှိလုပ်ငန်း လိုင် စင် နှင့်အတူ အခွန်ထမ်းဆောင်ပြီးသည့်ပြေစာများနှင့် (၃)နှစ်စာ ဘဏ္ဍာေ ရးစာရင်းရှင်းတမ်းများကိုလည်း တင်ပြရပါမယ်။
အာမခံပစ္စည်းများ၏ ဓါတ်ပုံများနှင့် စီးပွားရေးလုပ်ငန်း၏ဓါတ်ပုံများ ပူးတွဲ တင်ပြရပါမည်ဖြစ်ကြောင်း ကြိုတင်စီစဉ်ထားနိုင်ပါရန် တိုက်တွန်းအပ်ပါတယ်။
Credit to Original Uploader