Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

* အိမ်ကျော်နင်းမှုများ *

December 19, 2022 452 views
* အိမ်ကျော်နင်းမှုများ *

မေးထားလို့ပြန်တင်ပေးလိုက်တယ်နော်။
* အိမ်ကျော်နင်းမှုများ *

       ပြစ်မှုမကင်းသော   ကျော်နင်းမှု /
အိမ်ကျော်နင်းမှု /   ပုန်းလျှိုး အိမ်ကျော်
နင်းမှု / စသည်ဖြင့် ကျော်နင်းမှု ( အရပ်
ဝေါဟာရအားဖြင့်  ပိုင်နက်ကျူ းလွန်မှု )
အမျိူ းစုံရှိပါသည်။
       ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ   ၄၄၁/
၄၄၂/ ၄၄၃ / ၄၄၄   တို့တွင် အဆိုပါ
ကျော်နင်းမှု များ၏အဓိပ္ပါယ် ဖွင့်ဆိုချက်
များကိုဖော်ပြထားသည်။
       ယင်းဥပဒေပုဒ်မ  ၄၄၇ နှင့် ၄၄၈
တို့တွင် ပြစ်မှုမကင်းသောကျော်နင်းမှု
နှင့်  အိမ်ကျော်နင်းမှုတို့  အတွက်ပြစ်
ဒဏ်များကို သတ်မှတ်ထားသည်။
       အဆိုပါကျော်နင်းမှု၏ အဓိပ္ပါယ်
ဖွင့်ဆိုချက်များသည် ပုဒ်မ ၄၄၁ကိုအ
ခြေခံသည်။ ပြစ်မှု မကင်းသောကျော်
နင်းမှုတွင် ( ၂ ) ပိုင်းရှိသည်။
        ပထမအပိုင်းမှာ   ပြစ်မှုကျူ းလွန်
ရန်   ပစ္စည်းလက်ရှိဖြစ်သူကို  ခြောက်
လှန့်ရန်/ စော်ကားရန်/  စိတ်ငြိုငြင်စေ
ရန် / အကြံတခုခုဖြင့် သူတပါး၏လက်
ရှိပစ္စည်း အတွင်းသို့   ဝင်ရောက်ခြင်း
ဖြစ်သည်။
       ဒုတိယအပိုင်းမှာ   ထိုပစ္စည်း  အ
တွင်းသို့ တရားသဖြင့်ဝင်ရောက်ခဲ့စေ
ကာမူ ပစ္စည်းလက်ရှိဖြစ်သူကို ခြောက်
လှန့်ရန်/ စော်ကားရန် /  စိတ်ငြိုငြင်စေ
ရန်/   ပြစ်မှုကျူ းလွန်ရန်  စသည့်အကြံ
တခုခုဖြင့်   ဥပဒေ  နှင့်  ဆန့်ကျင်ကာ
ဆက်လက်နေခြင်းဖြစ်သည်။
         ယင်းနှစ်မျိူ းအနက် တမျိူ းမျိူ းကို
ကျူ းလွန်လျှင် ပြစ်မှုမကင်းသောကျော်
နင်းမှုဖြစ်သည်။
         ဤပုဒ်မတွင်  ကျူ းလွန်သူသည်
အဆိုပါအကြံတခုခုရှိကြောင်း ထင်ရှား
အောင်သက်သေပြရန်လိုသည်။
      ထိုနည်းတူ တရားလိုသည် အချင်း
ဖြစ်ပစ္စည်းကို  လက်ရှိဖြစ်ရန်အရေးကြီး
လှသည်။  အချင်းဖြစ်ပစ္စည်း၏ ပိုင်ဆိုင်
မှုမှာ   အရေးမကြီးပေ။  ပစ္စည်းလက်ရှိ
ဟုတ်မဟုတ် ဆိုသည့်အချက်သာ  အ
ဓိကဖြစ်သည်။
 ( Credit - ဆရာကြီးဦးမြစိန်၏ အသုံး
   ချဥပဒေပေါင်းချူ ပ်မှ )

    ဆရာကြီးဦးကျော်စိန် ၏ ရာဇသတ်
ကြီး ဋီကာထဲမှ  ပုဒ်မ  ၄၄၇ / ၄၄၈ တို့
နှင့် ပတ်သက်တဲ့   အ င်္ဂါရပ်တွေ/ ပြစ်
ဒဏ်တွေ  /  စီရင်ထုံးတွေလည်း  တင်
ပေးလိုက်တယ်နော်
                      T.K.S

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts