Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

တိုက်ခန်းအဟောင်းကို လူနေထိုင်ဖို့ ပြင်ဆင်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

December 19, 2022 161 views
တိုက်ခန်းအဟောင်းကို လူနေထိုင်ဖို့ ပြင်ဆင်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

တိုက်ခန်းဈေးတွေ မြင့်တက်နေချိန်မှာ ဈေးအနည်းငယ် လျှော့ပေးနိုင်တဲ့ တိုက်ခန်းအဟောင်းတွေဟာ ဘတ်ဂျက်အနေနဲ့ ရွေးချယ်စရာတစ်ခုပါပဲ။ တစ်ချို့တိုက်ခန်းတွေဟာ အမြင်အရသာ ဟောင်းနွမ်းနေပုံပေါ်ပေမယ့် အပြည့်အဝ ခိုင်မာမှု ရှိတာကြောင့် ပြင်ဆင်လိုက်ရင် အသစ်နဲ့မခြား တောက်ပြောင်သွားနိုင်ပါတယ်။ အမွေရလို့ပဲဖြစ်စေ၊ ကိုယ့်ရဲ့ငွေအနေအထားနဲ့ဖြစ်စေ အနည်းငယ်ဟောင်းနွမ်းနေတဲ့ တိုက်ခန်းကို ပြောင်းရွှေ့နေထိုင်မယ်ဆိုရင် ဘာတွေသိထားသင့်တယ်ဆိုတာကို ဒီဆောင်းပါးလေးမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ 

- ဆေးပြန်သုတ်ပါ။ 

မှိန်ပြီးဖျော့တော့နေတဲ့ နံရံဆေးရောင်ဟာ အခန်းကို ပိုပြီးဟောင်းနွမ်းသွားသယောင် ဖြစ်စေပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ ဆေးရောင်ပြန်သုတ်ပြီး အခန်းကို သစ်လွင်စေလိုက်ပါ။ အဖြူရောင်၊ အဝါရောင်၊ အပြာရောင်တွေဟာ အခန်းကို ပိုလင်းစေပါတယ်။ 

- ကြမ်းခင်းပြန်ခင်းပါ

တိုက်ခန်းအဟောင်းဖြစ်တာကြောင့် ကြမ်းခင်းတွေမှာ ကြွေပြားမဟုတ်ရင် ဆွေးမြေ့နေတာတွေ ရှိတတ်ပါတယ်။ ဒီလိုကြမ်းခင်းတွေဟာ ကြွက်လာဖို့ ရာခိုင်နှုန်းများသလို ဖုန်မှုန့်အညစ်အကြေးတွေလည်း အလွယ်တကူ စုပုံလာနိုင်တာကြောင့် အသစ်ပြန်လဲသင့်ပါတယ်။ 



- ဝရံတာကို ပြုပြင်ပါ

အိမ်ရှေ့ဝရံတာ၊ အိမ်နောက်ဝရံတာတွေဟာ မသမာသူတွေ မျက်စိကျတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဝရံတာမှာ ဆန်းရှိတ်အကာအရံ ပြန်တပ်ဆင်သင့်ပြီး တံခါးတွေမှာ ဂျက်ချောင်နေတာမျိုးမဖြစ်အောင် ပြင်ဆင်သင့်ပါတယ်။ 

- ရေငွေ့ဖွဲ့တဲ့နေရာတွေကို ပြုပြင်ပါ။ 

တိုက်ခန်းမှာ အရင်နေသူတွေရဲ့ Air- com အသုံးပြုခြင်းကြောင့် ဖြစ်စေ၊ မိုးရေပတ်ခြင်းကြောင့်ဖြစ်စေ၊ အခန်းထဲမှာ ငွေ့ရည်ဖွဲ့ကာ စိုထိုင်းနေတတ်ပါတယ်။ စိုထိုင်းစ ပြုနေတဲ့ နေရာတွေကို ပြန်လည်ပြုပြင်ခြင်း မလုပ်ပဲ လူနေထိုင်မယ်ဆိုရင်တော့ အခန်းတွင်း အနံ့ဆိုးတွေ ထွက်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ အဆောက်အအုံရဲ့ ခိုင်ခံ့မှု လျော့နည်းလာခြင်း စတဲ့ ပြဿနာတွေကို ဖြစ်လာနိုင်ပါတယ်။ 

- တိုက်ခန်းတံခါးသော့ကိုပြောင်းပါ

တိုက်ခန်းအသစ် ပြောင်းတာနဲ့ အိမ်တွင်း၊ အိမ်ပြင် သော့တွေအားလုံးကို လဲပစ်လိုက်တာဟာ ကောင်းတဲ့အလေ့အကျင့်တစ်ခုပါပဲ။ သော့အဟောင်းဟာ ဖောက်ထွင်းချင်သူတွေအတွက် အားသာချက် ဖြစ်သွားနိုင်တာကြောင့် အိမ်တံခါးမကြီးအပြင် အိမ်ထဲမှာရှိတဲ့ အခန်းတိုင်းရဲ့ သော့ကို ယုံကြည်စိတ်ချရတဲ့ သောက်ခလောက်တွေနဲ့ အသစ်ပြောင်းပြီးခတ်သင့်ပါတယ်။ 

Credit to Original Uploader

Related Posts