Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

နိုင်ငံရပ်ခြားကနေ တဆင့်ခံနဲ့ အိမ်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့ အမွေဆိုင် အိမ်ခြံမြေ အရှုပ်အရှင်းပြဿနာ

December 23, 2022 158 views
နိုင်ငံရပ်ခြားကနေ တဆင့်ခံနဲ့ အိမ်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့ အမွေဆိုင် အိမ်ခြံမြေ အရှုပ်အရှင်းပြဿနာ

နိုင်ငံရပ်ခြားကနေ တဆင့်ခံနဲ့ အိမ်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့ အမွေဆိုင် အိမ်ခြံမြေ အရှုပ်အရှင်းပြဿနာ

ကိုမြင့် - ဗျိုး... ကိုထွန်းရင် .... အိမ်လည်လာမယ်ဗျို့။ 

ထွန်းရင် - ဟာ .... ကိုမြင့်ပဲ။ ပြန်ရောက်နေတာကြာပြီလား။ လာဗျာ.. ကျုပ်လည်း စကားပြောဖော် ရှာနေတာ။ 

ကိုမြင့် - ပြောစရာရှိလို့ပါဗျာ။ ကျွန်တော် ဒီတစ်ခေါက် နိုင်ငံခြားပြန်သွားရင် ပိုက်ဆံလေးစုပြီး ဒီမှာ အိမ်လေးတစ်လုံးလောက် ဝယ်ထားချင်လို့ဗျ။ အဲ့ဒါအိမ်ဝယ်မယ်ဆိုရင် ကိုယ်ကလည်း နိုင်ငံခြားမှာဆိုတော့ ဒီမှာရှိတဲ့ အမေနဲ့အဖေကိုပဲ ဝယ်ခိုင်းရမှာပဲ။ ကျွန်တော်က လူပျိုကြီးဆိုတော့ အိုဇာတာလေးကောင်းအောင် အိမ်လေးတစ်လုံးတော့ အဖက်တင်အောင် လုပ်ရမယ်ဗျို့။ ပြီးတော့ မိဘတွေ အမည်နဲ့ အိမ်ဝယ်ထားရင် အမွေဆိုင်ဖြစ်သွားနိုင်တယ်လို့လည်း ကြားထားလို့ ဘယ်လိုများ ဝယ်ယူရင် အဆင်ပြေနိုင်မလဲ ဆိုတာ ဗဟုသုတစုံတဲ့ ကိုထွန်းရင်ကပဲ အကြံပေးပါဦးဗျာ။ 



ကိုထွန်းရင် - အင်း..... အိမ်ခြံမြေကို မိဘတွေ အမည်နဲ့ဆိုရင်တော့ ကိုယ့်အိမ်လို့ ပတ်ဝန်းကျင်က ဘယ်လိုသိသိ ဥပဒေအရတော့ သားသမီးအားလုံးနဲ့ဆိုင်တဲ့ အမွေဆိုင်အိမ်ပဲဗျ။ တကယ်လို့ အမွေခွဲဆိုရင် ထည့်ခွဲရမယ့် မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းပေါ့ဗျာ။ ဒီတော့နိုင်ငံခြားကနေ အိမ်ဝယ်မယ်ဆိုရင် မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာနဲ့ ဝယ်ယူဖို့ပဲ အကြံပေးချင်တယ်။ မှတ်ပုံတင် ကိုယ်စားလှယ်လွှဲစာ ဆိုတာကတော့ နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ ဝယ်ယူသူက ကိုယ်စားဝယ်ယူပေးမယ့်သူကို ကိုယ်စားလှယ်လွှဲစာ ပြုလုပ်ပေးပြီး အဲ့ဒီ့ကိုယ်စာလှယ်လွှဲစာနဲ့ တရားဝင် ဝယ်သူရမှာ ဖြစ်တယ်။ နိုင်ငံခြားမှာ ရောက်နေတဲ့ ဝယ်ယူသူက ရောက်ရှိနေတဲ့ နိုင်ငံရှိ မြန်မာနိုင်ငံသံရုံး၊ သံအရာရှိတွေမှတဆင့် ကိုယ်စား ဝယ်ယူမယ့်သူကို တရားဝင်ကိုယ်စားလှယ်လွှဲစာဖြစ်တဲ့ အထွေထွေကိုယ်စားလှယ်လွှဲစာ ပြုလုပ်ဆောင်ရွက်ပြီး အဲ့ဒီ့အထွေထွေ ကိုယ်စားလှယ်လွှဲစာနဲ့အတူ မြန်မာနိုင်ငံ အိမ်ခြံမြေ အရောင်းအဝယ် စာချုပ်မှာ ကိုယ်စားဝယ်ယူသူက ကိုယ်စားလှယ်လွှဲစာအမှတ်(--------------)နဲ့ ကိုယ်စားလက်မှတ် ရေးထိုး ဝယ်ယူခြင်းပေါ့ဗျာ။ ဒီလိုဝယ်ယူလိုက်ခြင်းဖြင့် ကိုယ်နိုင်ငံခြားက ပြန်ရောက်လာရင် ကိုယ့်အမည်နဲ့ ပြန်လည်လွှဲပြောင်းယူလိုက်မယ်ဆိုရင် အမွေဆိုင်လည်း မဖြစ်တော့ဘူးပေါ့။  

ကိုမြင့် - သြော် .... အဲ့ဒီလို ဝယ်ယူလို့ရတာ အရင်က မသိခဲ့ဘူးဗျ။ အခုမှပဲ ရှင်းသွားတော့တယ် ကိုထွန်းရင်ရေ ... ကျေးဇူးဗျာ။ နောက်နေ့လည်းထပ်လာခဲ့ဦးမယ်။ အခုတော့ ပြင်ဆင်စရာလေးတွေရှိလို့ ပြန်လိုက်ဦးမယ်ဗျို့။ 

ကိုထွန်းရင် - ကောင်းပါပြီ ကိုမြင့်ရေ။

Credit to original uploader
 

Related Posts