Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ကုမ္ပဏီတစ်ခုမှာ ထားရှိရမည့် စာရင်းစာအုပ်များ၊ အထောက်အထားပြေစာများ

December 23, 2022 336 views
ကုမ္ပဏီတစ်ခုမှာ ထားရှိရမည့် စာရင်းစာအုပ်များ၊ အထောက်အထားပြေစာများ

"ကုမ္ပဏီတစ်ခုမှာ ထားရှိရမည့် စာရင်းစာအုပ်များ၊ အထောက်အထားပြေစာများ "

📔ငွေစာရင်းစာအုပ်📔

 - ကုမ္ပဏီတစ်ခုအနေနဲ့ ပထမဆုံးထားရှိရမည့်စာအုပ်က ငွေစာရင်းစာအုပ်ဖြစ်ပါတယ်။

 - ငွေစာရင်းစာအုပ် ထားရှိခြင်းအားဖြင့် နေ့စဉ် ငွေရ/ငွေပေးကို သိနိုင်သလို နေ့စဉ် ငွေလက်ကျန်ကိုလည်း သိနိုင်မှာဖြစ်ပါတယ်။

 - ငွေစာရင်းစာအုပ်ရေးသွင်းရာမှာ လိုက်နာရမည့် စည်းမျဉ်းများနှင့်အညီ ရေးသွင်းရမှာဖြစ်ပါတယ်။

 - အရေးကြီးတာက ငွေကြေးအမျိုးအစား(Currency) တစ်မျိုးထက်ပို လျှင် ငွေကြေးတစ်မျိုးစီကို စာရင်းစာအုပ်တစ်မျိုးစီ ရေးသွင်းဖို့လိုပါတယ်။

🏦 ဘဏ်စာရင်း🏦

  - ငွေစာရင်းနှင့်အတူ ဘဏ်စာရင်းကိုလဲ ထားရှိရမှာဖြစ်ပါတယ်။ဘဏ်စာရင်းရေးသွင်းရာမှာ လိုက်နာရမည့် စည်းမျဉ်းပြဌာန်းချက်များ နှင့်အညီ ရေးသွင်းရမှာဖြစ်ပါတယ်။

💵အသေးသုံးငွေစားရင်း💵

  - သင့်ငွေပမာဏနည်းပြီး မကြာခဏထုတ်ပေးရသော အသုံးစရိတ် များအတွက် အသေးသုံးငွေစာရင်းစာအုပ်ကို ထားရှိရန်လိုအပ်ပါသည်။

📋အထွေထွေလယ်ဂျာ📋

  - အထွေထွေလယ်ဂျာဆိုတာ လယ်ဂျာစာရင်းပေါင်းစုံကို စာအုပ်တစ် အုပ်ထဲမှာ စုပေါင်းထားရှိတာဖြစ်ပါတယ်။အထွေထွေလယ်ဂျာကို လုပ်ငန်းလိုအပ်ချက်အရ တစ်အုပ်ထက်ပိုပြီး ထားလို့လည်းရပါတယ်။

  - နှစ်ချုပ်စာရင်းဖြစ်တဲ့ ကုန်ထုတ်လုပ်မှုစာရင်း၊ ကုန်သွယ်မှုစာရင်း၊ အရှုံးအမြတ်စာရင်းနှင့် လက်ကျန်ရှင်းတမ်းမှာပါဝင်မယ့် စာရင်းခေါင်းစဉ် အားလုံးသည် အထွေထွေလယ်ဂျာမှာ ရေးသွင်းရပါတယ်။

✒️အစမ်းရှင်းတမ်း✒️

  - စာရင်းကာလကုန်ဆုံးသောအခါ ငွေစာရင်း၊ အသေးသုံးစာရင်း၊ ဘဏ်စာရင်း၊ အထွေထွေလယ်ဂျာရှိ စာရင်းခေါင်းစဉ်အသီးသီးတို့ကို စာရင်းပိတ်ရပါမယ်။စာရင်းပိတ်တဲ့အခါ တစ်ချို့သောစာရင်းတွေက နှစ်ဖက်ညီလျှက် ကြေသွားပြီး၊ တစ်ချို့သောစာရင်းတွေက စာရင်းလက် ကျန်ဖြစ်ပေါ်ပါမယ်။

  - ဖြစ်ပေါ်လာတဲ့ လက်ကျန်အသီးသီးကို ငွေစာရင်းခေါင်းစဉ်အလိုက် မြီစားလက်ကျန်တစ်စု၊ မြီရှင်လက်ကျန်တစ်စုခွဲပြီး ရှင်းတမ်းရေးဆွဲရ ပါမယ်။အဲဒီရှင်းတမ်းဟာ အစမ်းရှင်းတမ်းပါ။

🖍️စာရင်းရေးသွင်းရန် လိုအပ်သောအထောက်အထားပြေစာများ🖍️

   - ငွေစာရင်းဖြစ်စေ၊ အသေးသုံးစာရင်းဖြစ်စေ၊ ဘဏ်စာရင်းဖြစ်စေ၊ အထွေထွေဂျာနယ်ဖြစ်စေ၊ စာရင်းရေးသွင်းရာတွင် ရေးသွင်းချက်များအတွက် အထောက်အထားဖြစ် ပြေစာလိုအပ်ပါတယ်။

   - စာရင်းစစ်က စာရင်းစစ်ဆေးတဲ့အခါ ပြေစာအထောက်အထား မပါ ရင်လက်ခံမှာ မဟုတ်ပါဘူး။

   - ကုမ္ပဏီအားလုံးမှာ စာရင်းစာအုပ်များ နှင့် စာရင်းများထားရှိရန် ကုမ္ပဏီဥပဒေမှာ ပြဌာန်းထားပါတယ်။

17-12-2022 (Saturday)
Thank you ♥️

Credit - U Khin Win Accountancy

Related Posts