Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မန်ဂျန်ရှား သစ်ပင် ဆိုတာဘာလဲ

December 26, 2022 1798 views
မန်ဂျန်ရှား သစ်ပင် ဆိုတာဘာလဲ

#မန်ဂျန်ရှား သစ်ပင် ဆိုတာဘာလဲ ? မန်ဂျန်ရှားဆိုတာ ကြီးမြန်သစ်ပင် ၊ သစ်မာပင် အမျိုးအစားဖြစ်ပြီး Acacia Mangium လို့ အများကခေါ်ကြပါတယ် ...မျိုးရင်းကတော့ Papua New Guinea မှာ စတင်မွေးဖွားလာပြီး ယခုအခါ Australia, India,Indonesia, Malaysia, Vietnam, Thailand, အာဖရိက နိုင်ငံအချို့နှင့် မြန်မာနိုင်ငံတို့မှာ စီးပွားဖြစ်အမြောက်အမြား စိုက်ပျိုးနေကြပါတယ် ၂။ မန်ဂျန်ရှား ၏ ကြီးထွားနှုန်း မန်ဂျန်ရှား သစ်ပင်သည် ကြီးထွားနှုန်းလွန်စွာလျင်မြန်သော သဘာဝရှိသည်။ တစ်နှစ်လျှင် ပျမ်းမျခြင်းအားဖြင့် ၁၀ ပေခန့်အထိ ကြီးထွားမြန်သည်။ ပေ ၁၀၀ နီးပါး (မီတာ ၃၀ခန့်)အထိ ကြီးထွားနှုန်းရှိသည့်အပြင် ပင်စည်မှာ ဖြောင့်စင်းလေ့ရှိပြီး ညိုဝါရောင်အစပ်ဖြစ်သည်။၃။ မန်ဂျန်ရှားစိုက်ပျိုးဖြစ်ထွန်းနိုင်သော      ရာသီဥတု နှင့် မြေအမျိုးအစား မန်ဂျန်ရှားသည် ပူနွေးစွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်သော သဘာဝရှိသည်။ အေးလွန်းသော ရာသီဥတုရှိရာဒေသများတွင် မရှင်သန်မကြီးထွားနိုင်ပေ။အနိမ့်ဆုံးအပူချိန်၁၆`C မှ အမြင့်ဆုံးအပူချိန်၃၅`C ကြားမှာ အကောင်းဆုံး ဖြစ်ထွန်း အောင်မြင်လေ့ရှိကြပြီး ၎င်းထက်ပိုမိုသော အပူချိန်တွင်လဲ ကောင်းစွာရှင်သန်နိုင်သည်။ ရေဝပ်သောမြေအမျိုးအစားများကို မကြိုက်ပဲ PH level 5.5 နှင့် 7.5 ကြားသည် အကောင်းဆုံးပင်ဖြစ်သည်။ ၄။ မန်ဂျန်ရှားသစ်ပင်၏ အားသာချက်များလွန်စွာကြီးထွားမြန်သည်။ပင်စည်မှာဖြောင့်တန်းပြီး သစ်လုံးဖြောင့်ဖြူးသည့်အပြင် သစ်အရည်အသွေးမှာ အထူးကောင်းမွန်သည်။ သစ်ကွက် သစ်ကြောလှပသည်။ ရာသီဥတုဒဏ်ကို ကောင်းစွာခံနိုင်သော သစ်ပင်အမျိုးအစားဖြစ်သည်။  ကမ္ဘာ့တန်းဝင် သစ်မာပင်အမျိုးအစားဖြစ်သည်။(ပုံနှင့်စာ credit)  

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts