Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

၂၀၂၃ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးမည့် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီးများ

December 29, 2022 187 views
၂၀၂၃ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးမည့် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီးများ

တစ်နှစ်တာ၏ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးအချိန် ရောက်ရှိလာပြီဖြစ်သည်။

မှန်၏။ ၂၀၂၃ ခုနှစ်တွင် အပြီးသတ်ရန် ရှိနေသည့် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီးများ အပြီးသတ် တော့မည့် အချိန်နီးကပ်လာနေပြီ ဖြစ်သည်။

ပြီးခဲ့သောနှစ် အချက်အလက်များနှင့် နှိုင်းယှဉ်မည်ဆိုပါက သိသာသည့် ကွာခြားချက်များ ရှိနေသည်။

ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ကမ္ဘာ့အမြင့်မားဆုံးအဆောက်အအုံများ ဆောက်လုပ်မှုတွင် တရုတ်ပြည်က ဦးဆောင်ထားခဲ့သော်လည်း လာမည့် ၂၀၂၃ ခုနှစ်တွင်မူ အဆိုပါလမ်းကြောင်းမှ သွေဖည်တော့မည်လည်း ဖြစ်သည်။

ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းတစ်ခုမှာ တရုတ်ပြည်တွင် မိုးမျှော်တိုက်များ ဆောက်လုပ်မှုကို စည်းမျဉ်း တင်းကျပ်လာသောကြောင့် ဖြစ်သည်။

တရုတ်အာဏာပိုင်တို့က လူဦးရေ ၃ သန်းအောက်နည်းပါးသော မြို့များတွင် မိုးမျှော်တိုက်များ ဆောက်လုပ်မှု တားမြစ်ထားသည်။

ထို့အပြင် မြို့ကြီးများတွင်လည်း အထူးလိုအပ်ချက်ရှိသည့် အခြေအနေမရှိလျှင် မီတာ ၂၅၀ အမြင့်အထိသာ ဆောက်လုပ်ရန် ကန့်သတ်ထားသည်။

 

၅။ Ciel Tower ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (၃၆၅ မီတာ)

 

လာမည့်နှစ်တွင် ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ် အပြီးသတ်ပြီးစီးတော့မည် ဖြစ်ရာ နောက်ထပ်ကမ္ဘာ့စံချိန်တစ်ခု ထပ်တင်ရန်ရှိနေသည်။

၃၆၅ မီတာမြင့်မားသော Ciel Tower သည် လက်ရှိ အမြင့်မားဆုံး ဟိုတယ်ဖြစ်သော Gevora ဟိုတယ်ကို ဖြတ်ကျော်သွားမည် ဖြစ်သည်။

Gevora ဟိုတယ်သည် အမြင့် ၃၆၅ မီတာရှိပြီး ဒူဘိုင်းတွင်ပင် တည်ရှိသည်။

ဒူဘိုင်းသို့ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတကာမှ လာရောက်လည်ပတ်သူ ၈ သန်းကျော်ရှိခဲ့ရာ ကမ္ဘာပေါ်တွင် လည်ပတ်သူ အများဆုံး ထိပ်တန်းမြို့ကြီး ၅ ခု စာရင်းတွင် အမြဲနေရာ ယူထားသည်။

လက်ရှိအားဖြင့် ဒူဘိုင်းတွင် ဟိုတယ်ပေါင်း ၇၆၉ လုံးနှင့် အခန်းပေါင်း ၁၁၇၄၃၄ ရှိပြီး ဖြစ်သော်လည်း ဟိုတယ်ခန်းများ ထပ်မံလိုအပ်ဦးမည်မှာ အသေအချာပင်။

 

(ဒူဘိုင်းမှ Ciel Tower ကို တွေ့ရပုံ ။ ဓာတ်ပုံ - Credit :NORR Group Consultants International Limited)

Ciel Tower တွင် အခန်းပေါင်း ၁၀၀၀ ကျော်ပါဝင်ပြီး အထပ်ပေါင်း ၈၂ ထပ်ရှိသည်။

 

 

၄။ Hengfeng Guiyang စင်တာမှ တာဝါ ၁ ၊တရုတ်နိုင်ငံ (၃၇၃ မီတာ)

Hengfeng Guiyang စင်တာသည် တရုတ်ပြည် ၊ ကွေ့ယန်မြို့တွင် တည်ရှိပြီး တာဝါ ၅ ခုပါသော စီမံကိန်းတစ်ခု ဖြစ်ကာ ၂၀၂၃ ခုနှစ်တွင် အပြီးသတ်ရန် ရည်မှန်းထားသည်။ ကွေ့ယန်မြို့ ၊ Nanming ခရိုင်တွင် တည်ရှိသော မိုးမျှော်တိုက်ကြီး၏ ထိပ်ဆုံးတွင် အထပ်များစွာ ပါဝင်သည့် ရှုခင်းကြည့်နေရာနှင့် ရဟတ်ယာဉ်ကွင်းတို့ ပါဝင်သည်။

 

 

(အပေါ်ပုံမှာ Hengfeng Guiyang စင်တာ၏ ဓာတ်ပုံ ဖြစ်သည်။ ဓာတ်ပုံ Credit : Zhubo Design )

အဆိုပါ စင်တာအတွင်း တန်ဖိုးမြင့် လူနေခန်းများ ၊ လက်လီအရောင်းဆိုင်နေရာများ ၊ ဖျော်ဖြေရေးနေရာများနှင့် ရုံးခန်းနေရာများ ပါဝင်မည်ဖြစ်သည်။ Hengfeng Guiyang စင်တာသည် ကွေ့ယန်မြို့တွင် ဒုတိယအမြင့်မားဆုံး အဆောက်အအုံဖြစ်သည်။

ကွေ့ယန်၏ အမြင့်မားဆုံး အဆောက်အအုံမှာ ၂၀၂၀ ပြည့်နှစ်က ဆောက်လုပ်ပြီးစီးခဲ့သော ၄၀၁ မီတာမြင့်မားသည့် ကွေ့ယန်နိုင်ငံတကာ ဘဏ္ဍာရေးစင်တာ အဆောက်အအုံ ဖြစ်သည်။

 

၃။ Iconic Tower ၊ အီဂျစ်နိုင်ငံ (၃၉၃ မီတာ)

Iconic Towerသည် အီဂျစ်နိုင်ငံ၏ မြို့တော်သစ်တွင် တည်ရှိသည်။

အဆိုပါ တာဝါဆောက်လုပ်စဉ် ကာလအတွင်း ဆောက်လုပ်မှုဆိုင်ရာ စိန်ခေါ်မှု အများအပြား ရင်ဆိုင်ခဲ့ရသည်။

အလွန်ပူပြင်းသည့် အပူချိန်အောက်တွင် အလုပ်လုပ်ရခြင်း ၊ သဲကန္တာရ၏ မြေပျော့တွင် ဖောင်ဒေးရှင်းချရခြင်း အစရှိသည့် အခက်အခဲများ အပါအဝင်ဖြစ်သည်။

 

(Iconic Tower ၏ ဆောက်လုပ်ဆဲ အခြေအနေမြင်ကွင်း။ ဓာတ်ပုံ- Credit: Dar al-Handasah Shair and Partners)

ဖောင်ဒေးရှင်း ခိုင်မာစေရန်အတွက် ကွန်ကရစ်ပမာဏ ၁၈၅၀၀ ကုဗမီတာကို ၃၈ နာရီ မရပ်မနား လောင်းထည့်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသတွင် အကြီးမားဆုံး ဖောင်ဒေးရှင်း ဖြစ်လာခဲ့သည်။

၂၀၂၃ ခုနှစ်တွင် အပြီးသတ်မည့် အဆိုပါ အဆောက်အအုံတွင် အဓိကအားဖြင့် ရုံးခန်းများ ဖွင့်လှစ်သွားမည် ဖြစ်သည်။

Credit to original uploader

 

 


 

Related Posts