Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

NOTARY PUBLIC (နိုတြီပဗ္ဗလစ်)အကြောင်းသိကောင်းစရာ။

December 30, 2022 711 views
NOTARY PUBLIC (နိုတြီပဗ္ဗလစ်)အကြောင်းသိကောင်းစရာ။

NOTARY PUBLIC (နိုတြီပဗ္ဗလစ်)အကြောင်းသိကောင်းစရာ။

-" နိုတြီပဗ္ဗလစ်"ဟူသောစကားလုံး၏အဓိပ္ပါယ်ကိုလူသိများခြင်း၊ကြားဘူးခြင်းများရှိကြ

 သော်လည်းအဆိုပါစကားလုံး၏အတိအကျအဓိပ္ပါယ်ကိုမူကအတိအကျသိရှိသူနည်း

 ပါးကြပါသည်။

- ဆရာဦးအောင်သန်းထွန်းပြုစုသည့်" အင်္ဂလိပ်-မြန်မာ ဥပဒေဝေါဟာရအဘိဓါန်"၏စာ

  မျက်နှာ(၂၄၈)တွင်နိုတြီပဗ္ဗလစ်ဟူသောဝေါဟာရအား" စာချုပ်စာတမ်းများကိုအတည်

 ပြုပေးသောနိုတြီပဗ္ဗလစ်၊နိုတြီအကျိုးဆောင်ရှေ့နေ "ဟုပြန်ဆိုထားပါသည်။

- ပြည်ထောင်စုရှေ့နေချုပ်ရုံးမှထုတ်ဝေသည့် "အင်္ဂလိပ်-မြန်မာဥပဒေဝေါဟာရအဘိဓါန်

စာမျက်နှာ(၂၂၀)တွင်NOTARY PUBLIC ဟူသောဝေါဟာရအား"စာချုပ်စာတမ်းသက်

သေခံရှေ့နေ"ဟုပြန်ဆိုထားပါသည်။

-အချို့သောဥပဒေပညာရှင်များက NOTARY PUBLICဟူသောဝေါဟာရအား"အခွင့်ရ

မှတ်တမ်းပြုသူ" ဟုပြန်ဆိုထားကြပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတော်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ပြည်ထောင်

စုတရားသူကြီးချုပ်က"လွှဲပြောင်းနိင်သောစာချုပ်စာတမ်းများအက်ဥပဒေ"(The nego-

tiable instruments Act )ပုဒ်မ-၁၃၈အရ၊ဝါရင့်တရားလွှတ်တော်ရှေ့နေများအားဒေသ

အလိုက်နိုတြီပဗ္ဗလစ်၏အလုပ်ဝတ္တရားများကိုဆောင်ရွက်နိင်ရန်နိုတြီပဗ္ဗလစ်များအဖြစ်

အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးခန့်အပ်ပါသည်။

-အမိန့်ကြော်ငြာစာထုတ်ပြန်ခန့်အပ်ခြင်းခံရသူနိုတြီပဗ္ဗလစ်များအားပုဒ်မ-၁၃၈အရပင်

အလုပ်ဝတ္တရားဆောင်ရွက်ခြင်းမှနုတ်ပယ်နိင်ခွင့်လည်းရှိပါသည်။

-လွှဲပြောင်းနိင်သောစာချုပ်စာတမ်းများအက်ဥပဒေ(The negotiable instrument Act)

ပုဒ်မ-၁၃၈အရ၊အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးခန့်အပ်ခြင်းခံရသူနိုတြီပဗ္ဗလစ်များသည်

ခွင့်ပြုသည့်ဒေသတွင်နိုတြီပဗ္ဗလစ်အလုပ်ဝတ္တရားများကိုဆောင်ရွက်နိင်ကြပါသည်။

-နိုတြီပဗ္ဗလစ်များသည်စာချုပ်စာတမ်း၊ဘာသာပြန်ဆိုချက်များအပေါ်မှန်ကန်ကြောင်း၊

သက်သေခံလက်မှတ်ကိုနိုတြီပဗ္ဗလစ်တံဆိပ်ခေါင်း-၁၀၀ဝိ/-ကပ်၍ယင်းတံဆိပ်ခေါင်း

 တွင်မိမိ၏နိုတြီပဗ္ဗလစ်တံဆိပ်ကိုရိုက်နှိပ်ရပါသည်။

နိုတြီပဗ္ဗလစ်များသည်နိင်ငံသားနှင့်နိင်ငံခြားသားကိုလည်းကောင်း၊နိင်ငံသားအချင်းချင်း

တို့ကိုလည်းကောင်း၊လက်ထပ်ထိမ်းမြားကတိသစ္စာပြု၍လက်ထပ်ထိမ်းမြားပေးပိုင်ခွင့်မ

ရှိကြောင်းယခင်တရားရုံးချုပ်(၁၅-၁၀-၁၉၉၉)ရက်စွဲပါစာအမှတ်-၈၈၈/၄ရန/(၉၉)အရ

ဆောင်ရွက်ပေးပိုင်ခွင့်မရှိကြောင်းနှင့်ပြုလုပ်ဆောင်ရွက်ခဲ့ပါကတည်ဆဲဥပဒေအရအရေး

ယူခြင်းခံရမည်ဖြစ်ပါသည်။

ကမ္ဘာတစ်ဝှမ်းရှိနိင်ငံတိုင်းလိုလိုတွင်နိုတြီပဗ္ဗလစ်များခန့်အပ်ထားရှိကြပါသည်။တစ်နိင်ငံ

၏နိုတြီပဗ္ဗလစ်များကိုအခြားတစ်နိင်ငံမှအသိအမှတ်ပြုသောအစဉ်အလာသည်ခိုင်မြဲနေ

‌ပါသည်။

မြန်မာနိင်ငံမှအခြားနိင်ငံခြားနိင်ငံတစ်နိင်ငံသို့အလုပ်သွားလုပ်ရန်အတွက်ဖြစ်စေ၊ ပညာ

သင်ကြားရန်အတွက်ဖြစ်စေ၊ထွက်ခွါလိုသူများသည်၎င်းတို့ထံတွင်ရှိနေသည့်မြန်မာဘာ

သာဖြင့်မွေးစာရင်းနိင်ငံသားစိစစ်ရေးကဒ်အိမ်ထောင်စုစာရင်းတက္ကသိုလ်ဝင်တန်းအောင်

လက်မှတ်၊ဘွဲ့လက်မှတ်၊ဒီပလိုမာလက်မှတ်၊အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံ

စာ၊စသည်တို့ကိုမြန်မာဘာသာမှအင်္ဂလိပ်ဘာသာသို့ပြန်ဆိုပြီးနိုတြီပဗ္ဗမှမှန်ကန်ကြောင်း

လက်မှတ်ရေးထိုးပေးရပါသည်။

အကယ်၍သွားရောက်နေထိုင်လုပ်ကိုင်မည့်တိုင်းပြည်သည်ပြင်သစ်ဘာသာစာ၊စကားတို့

ကိုတရားဝင်အသုံးပြုသည့်နိင်ငံများဖြစ်ခဲ့ပါကပြင်သစ်ဘာသာစာ၊စကားတို့သည်မြန်မာ

နိင်ငံအနေဖြင့်အင်္ဂလိပ်ဘာသာစာ၊စကား၊တို့ကဲ့သို့ရင်းနှီးကျွမ်းဝင်မှုနည်းသည့်အတွက်

ပြင်သစ်ဘာသာသို့ပြန်ဆိုထားချက်များကိုမူနိင်ငံခြားဘာသာတက္ကသိုလ်ပြင်သစ်ဘာသာ

ဌာနကဲ့သို့ဌာနမျိုးမှမှန်ကန်ကြောင်းထောက်ခံချက်ကိုကနဦးရယူပြီးမှနိုတြီပဗ္ဗလစ်များအ

နေဖြင့်မှန်ကန်ကြောင်းလက်မှတ်ရေးထိုးပေးလေ့ရှိပါသည်။

နိုတြီပဗ္ဗလစ်လက်မှတ်ရေးထိုးထားသည့်စာရွက်စာတမ်းများကိုသက်ဆိုင်ရာနိင်ငံခြားသံ

ရုံးများကထပ်ဆင့်လက်မှတ်ရေးထိုးပေးအသုံးပြုသည့်နိင်ငံများကမှန်ကန်သည်ဟုလက်

ခံကြပါသည်။

နိုတြီပဗ္ဗလစ်၏တံဆိပ်တုံး အမှတ်အသားများကိုတရားရုံးက သက်သေခံချက်မယူဘဲ

လက်ခံရမည်ဖြစ်ကြောင်း၊သက်သေခံအက်ဥပဒေပုဒ်မ-၅၇(၆)တွင်ပြဌာန်းထားပါသည်။

ထိုအတူပင်နိုတြီပဗ္ဗလစ်ကတံဆိပ်ရိုက်နှိပ်ထားပြီးတာဝန်ခံကြောင်းသက်သေခံချက်တစ်

ရပ်ရပ်ပါရှိသည့်စာတမ်းအမှတ်အသားများသည်အများပြည်သူတို့နှင့်သက်ဆိုင်သောစာ

ရွက်စာတမ်းများ(Public document )အဖြစ်သက်သေထင်ရှားပြခွင့်ရှိကြောင်းသက်သေ

ခံအက်ဥပဒေပုဒ်မ-၇၈(၆)တွင်ပြဌာန်းထားပါသည်။

သက်သေခံအက်ဥပဒေပုဒ်မ-၈၅အရလည်းနိုတြီပဗ္ဗလစ်ရှေ့မှောက်တွင်ချုပ်ဆို၍မှန်ကန်

ကြောင်းတာဝန်ခံလက်မှတ်ရေးထိုးကိုယ်စားလှယ်စာသည်ချုပ်ဆိုထားသည်မှာမှန်ကန်

ကြောင်းတရားရုံးကယူဆရမည်ဟုပြဌာန်းထားပါသည်။

နိုတြီပဗ္ဗလစ်များသည်ကိုယ်စားလှယ်စာလွှဲအပ်‌ပေးသူသည်ကိုယ်စားလှယ်စာကိုချုပ်ဆို

လက်မှတ်ရေးထိုးသည့်အခါပြည်ထောင်စုမြန်မာနိင်ငံ၏ပြင်ပတွင်နေထိုင်သူဖြစ်ကြောင်း

တွေ့ရှိရပါကနိုတြီပဗ္ဗလစ်အနေဖြင့်မိမိရှေ့မှောက်တွင်ချုပ်ဆိုလက်မှတ်ရေးထိုးသည်မှာ

မှန်ကန်ကြောင်းအတည်ပြုလက်မှတ်ရေးထိုးပေးပိုင်ခွင့်မရှိပါ။

နိုတြီပဗ္ဗလစ်၏အဓိကကျ၍အရေးကြီးသည့်လုပ်ငန်းတစ်ခုသည်မှတ်တမ်းတင်ခြင်းနှင့်

ငြင်းပယ်ခြင်း(Noting and Protest )ပင်ဖြစ်ပါသည်။

နိုတြီပဗ္ဗလစ်များအနေဖြင့်ဝါရင့်တရားလွှတ်တော်ရှေ့နေကြီးများဖြစ်ကြပါသည်။ရှေ့နေ

ရှေ့ရပ်တို့၏ကျင့်ဝတ်သိက္ခာများ၊တာဝန်နှင့်အခွင့်အရေးများ၊ကိုတိကျစွာစောင့်ထိန်း

လိုက်နာကြရန်လိုအပပါသည်။အခါအားလျော်စွာပြည်ထောင်စုတရားလွှတ်တော်ချုပ်က

ထုတ်ပြန်သည့်ညွှန်ကြားချက်များ၊အမှာစာများ၊ကိုလည်းစဉ်ဆက်မပြတ်ဖတ်ရှုလိုက်နာ

ကြရန်လိုအပ်ပါသည်။

မှတ်ချက်။ ။ဦးဉာဏ်ဝင်း ညွှန်ကြားရေးမှူး(ငြိမ်း)တရားရုံးချုပ်၊တရားလွတ်တော်ရှေ့

နေ၏"သိထားသင့်သောဥပဒေရေးရာပြဿနာများ(၂)ပါဆောင်းပါးအားကိုးကားဖေါ်ပြ

ခြင်းဖြစ်ပါသည်။

#ဥပဒေဗဟုသုတများတိုးပွါးကြပါစေ။

Credit ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts