Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အိမ်ခြံမြေ စာချုပ်မှာ အသိသက်သေလည်း အရေးကြီး

December 30, 2022 183 views
အိမ်ခြံမြေ စာချုပ်မှာ အသိသက်သေလည်း အရေးကြီး

အိမ်ခြံမြေနဲ့ပတ်သက်ပြီး စာချုပ်ချုပ်ဆိုတဲ့အခါ အသိသက်သေတွေကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုမှာ ပါဝင်တယ် ။ ဒါ့အပြင် အသိသက်သေတွေ အေ နနဲ့ ကတိပြုသူကတိရသူ တို့ရဲ့ အာမခံချက် ၊ စည်းကမ်းချက်တွေကို သိရှိနား လည်ဖို့ လိုအပ်ပါတယ် ။

အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ‘ဘာကြောင့်လဲဆိုရင် ကိုယ့်အနေနဲ့ အိမ် ဝယ်လိုက်ပြီ ၊ အသိသက်သေတွေ စာချုပ်မှာ လက်မှတ်ရေးထိုးကြတယ် ၊ ပြဿ နာတစ်ခုပေါ်ပေါက်လာရင် အသိသက်သေတွေကို ပြန်ပြီးစစ်ဆေးတဲ့အခါ စာ ချုပ်ပါ အချက်တွေကို ပြန်ဖြေရှင်းနိုင်တဲ့ အသိသက်သေတွေ အတော်ရှားပါး တယ် ၊ တချို့က မိမိရေးထိုးတဲ့ လပ်မှတ်ကို ပြန်ကြည့်ပြီး ဟုတ်မဟုတ် ဇဝေဇ ဝါတွေ ဖြစ်တတ်တာတွေရှိသလိုပဲ တချို့ သက်သေအဖြစ် လက်မှတ်ရေးထိုး ထားတာမှန်ပေမဲ့ စာချုပ်ပါအချက်တွေကို မသိတာတွေရှိပါတယ် ၊ ဒါကြောင့် အိမ်ခြံမြေနဲ့ ပတ်သက်ပြီး ပြဿနာကြုံလာရင် အသိသက်သေတွေအနေနဲ့ ခိုင်ခိုင် မာမာ ရပ်တည်နိုင်ဖို့ လိုပါတယ်’ လို့ ဆိုပါတယ် ။
ဒါကြောင့် စာချုပ်ချုပ်တဲ့အခါ ကြပ်မတ်ဆောင်ရွက်နိုင်မယ့်သူ ၊ စာချုပ်ချုပ်ဆိုေ ပးတဲ့ အကျိုးဆောင်က အသိသက်သေဆိုရင်လည်း စာချုပ်ချုပ်ရမယ့် ကိစ္စတွေ ကို စာချုပ်မချုပ်ခင် ရှင်းလင်းပြောထားသင့်ပါတယ် ။ ဒါမှမဟုတ် လက်မှတ်မေ ရးထိုးခင် စာချုပ်ကို အရင်ဖတ်စေတာ ဒါမှမဟုတ် ဖတ်ပြတာတွေ လုပ်သင့်ပါ တယ် ။ အဲဒါမှသာ ကာယကံရှင်တွေ သဘောတူ စာချုပ်ချုပ်ဆိုမယ့် အချက်ေ တွကို သိရှိပြီးမှ အသိသက်သေနေရာမှာ လက်မှတ်ရေးထိုးသင့်ပါတယ် ။

မျက်မှောက်ကာလမှာ ဈေးကစားဆုံးနဲ့ ပြဿနာအများဆုံးက အိမ်ခြံမြေပြဿနာ ပဲ ဖြစ်တယ် ။ အိမ်ခြံမြေဟာ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တဲ့အတွက် လွှဲေြ ပာင်း ၊ ရောင်း ၊ ငှား ၊ ပေါင်နှံ လက်လွှဲ လွှဲပြောင်းမှုတို့ကို အလွယ်တကူ မ လုပ်သင့်ပါဘူးလို့လည်း သိရပါတယ် ။

Source : The Modern

Related Posts