Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

နှစ် (၆၀)မြေဌားဂရန် လျှောက်ထားနိုင်သည့် မြေအမျိုးအစားများ

January 2, 2023 145 views
နှစ် (၆၀)မြေဌားဂရန် လျှောက်ထားနိုင်သည့် မြေအမျိုးအစားများ

သက်ဆိုင်ရာမြို.ပြစီမံကိန်းနှင့် မြေစီမံခန်.ခွဲရေးဌာနသို. အောက်ဖေါ်ပြပါ မြေအမျိုးအစားများ နှစ်(၆၀)မြေဌားဂရန် လျှောက်ထားနိုင်ပါသည်။

(၁) လိုင်စင်မြေ (သို.) ပါမစ်မြေ

 

တင်ပြရမည့်အထောက်အထားများ -

➢ လိုင်စင်လက်မှတ် (သို.) မြေချပါမစ် (သို.) မြေနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ။

➢ ဆက်စပ်စာချုပ်များ။

➢ နိုင်ငံသားစိစစ်ရေးကတ်။

➢ အမည်ပေါက်သူမဟုတ်က ဥပဒေနှင့်အညီ ဆက်ခံခွင့်ရှိကြောင်း တရားရုံးကျမ်းကျိန်းလွှာ။

➢ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ချမှတ်သည့် တရားရုံးအမိန်.ဒီဂရီ။

➢ အဆောက်အဦဆောက်လုပ်ပြီးကြောင်း အထောက်အထား။ (ဓာတ်ပုံ၊ ရပ်ကွက်၊ ထောက်ခံချက်)

➢ နောက်ဆုံးထမ်းဆောင်ထားသည့် မြေဌားခပြေစာ(သို.)ကြွေးကျန်ကင်းရှင်းကြောင်း မြို.နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးထောက်ခံချက်။

➢ မြေကွက်အကျယ်အဝန်းမှာ မျက်နှာစာ (၂၀)ပေ နှင့် ဧရိယာ ၁၂၀၀ စတုရန်းပေ ရှိရမည်။

➢ လိုအပ်ပါက ကော်မတီ၏အတည်ပြုချက် ရယူရပါမည်။

➢ သတ်မှတ်ချက်နှင့်ကိုက်ညီက မြေဌားဂရန်စာချုပ် (၃) စောင် ပြုစု၍ အဌားချထားသူနှင့် အဌားချထားခံရသူ၊ အသိသက်သေ လက်မှတ်ရေးထိုး၍ မူရင်းတစ်စောင်၌ တံဆိပ်ခေါင်းကပ်၍ အဌားချထားခံရသူအား ထုတ်ပေးပါသည်။ ကျန်မူရင်းခွဲ (၂)စောင်ကို ဌာနတွင် မှတ်တမ်းအဖြစ် ထားရှိပါသည်။

 

 

 

 

(၂) စကွာတာမြေ

တင်ပြရမည့် အထောက်အထားများ

➢ မြေနှင့်ပက်သက်သည့် မြေဌားခ ပြေစာ၊ မြေဌား၊ ဂရန်စာချုပ်။

➢ မှတ်ပုံတင်စာချုပ်စာတမ်းများ။

➢ နိုင်ငံသားစိစစ်ရေးကတ်။

➢ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ချမှတ်သည့် တရားရုံး စီရင်ချက်အမိန်.နှင့် ဒီဂရီ။

➢ နောက်ဆုံးထမ်းဆောင်ထားသည့် မြေဌားခပြေစာ(သို.)ကြွေးကျန်ကင်းရှင်းကြောင်း မြို.နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးထောက်ခံချက်။

➢ မြေကွက်အကျယ်အဝန်းမှာ မျက်နှာစာ (၂၀)ပေ နှင့် ဧရိယာ ၁၂၀၀ စတုရန်းပေ ရှိရမည်။

➢ လိုအပ်ပါက ကော်မတီ၏အတည်ပြုချက် ရယူရပါမည်။

➢ သတ်မှတ်ချက်နှင့်ကိုက်ညီက မြေဌားဂရန်စာချုပ် (၃) စောင် ပြုစု၍ အဌားချထားသူနှင့် အဌားချထားခံရသူ၊ အသိသက်သေ လက်မှတ်ရေးထိုး၍ မူရင်းတစ်စောင်၌ တံဆိပ်ခေါင်းကပ်၍ အဌားချထားခံရသူအား ထုတ်ပေးပါသည်။ ကျန်မူရင်းခွဲ (၂)စောင်ကို ဌာနတွင် မှတ်တမ်းအဖြစ် ထားရှိပါသည်။

Credit to original uploader

Related Posts