Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အမိုးဧရိယာ တွက်ချက်နည်း

January 3, 2023 684 views
အမိုးဧရိယာ တွက်ချက်နည်း

အမိုးဧရိယာ တွက်ချက်နည်း
===================

Credit..ဆရာကြည်သာမြင့်

အမိုး အေရိယာ တွက်ချက်နည်း နဲ့ ပတ်သက် ပြီးမနေ့က commons တစ်ခုမှာတွေ့လို့ ပြန်မျှဝေပေးလိုက်သည်။

ပညာသင်ယူဆဲ အညီအကို များအတွက်တော့ ခုလေ့လာခုရမယ်တော့မဟုတ်ပါ ။ ကိုယ်က တစ်ခေါက်ဖက်ရုံနဲံ့ နာမလည်သေးရင် နှစ်ခေါက်သုံးခေါက်လောက်ပြန်ဖက်ပေးပါ။

အမိုး အေရိယာ တွက်ချက်ခြင်း Estimate တွေ စတွက် ခါစက ခေါင် မိုးဧရိယာ ကို ခက်ခက် ခဲခဲ စဉ်စားခဲ့ဖူးပါတယ်။  ခေါင်မိုး  သိမှ မိုးမယ့် ဧရိယာအမိုးပြာ အရေအတွက် အမိုးရိုက်သံ လက်သမား အလုပ်သမား စတာတွေ ကို တွက်ချက်သိရှိနိုင်မှာဖြစ်ပါတယ်။ AutoCAD မှာ ခေါင်မိုး ကို 3D ဆွဲပြီး တကယ့်ကို inclined area ကို AREA command နှင့် တွက် ကြည့်ခဲ့ဖူး တယ် ။ အမှန်က အဲလောက်မလိုပါဘူး။
trigonometry နားလည်ရင် အမိုးမိုးမယ့် ဧရိယာ ကိုလွယ်လွယ် ကူကူ တွက်လို့ ရပါတယ်။

အဓိက ကတော့ ခေါင်မိုး ရဲ့ projection area ပါပဲ။ projection area ဆိုတာ က အမိုးအနား တွေ ရေးဆွဲထားတဲ့ မြေကြီး ပေါ်က အတိုင်း အတာဧရိယာပါ။ ရေပြင်ညီ ဧရိယာ ပေါ့ ။ ဥပမာ အားဖြစ် ပေ ၂၀ ပေ ၃၀ အဆောက် အအုံ အမိုး တွေ က ၂ပေဝဲ မယ်ဆို ပါက အမိုးရဲ့ projection area က ၂၄ ပေ × ၃၄ပေ = ၈၁၆ စတုရန်းပေ ပါ။ floor plan ရှိရင် တွက်ချက်ရ လွယ်ကူပါတယ်။

ခေါင်မိုးနှင့် ပတ်သက်ပြီး သိသင့်တဲ့ အချက် အလက်တွေက တော့ roof pitch, degree နှင့် slope factor တို့ ဖြစ်ပါတယ်။

roof pitch ဆိုတာက ခေါင်မိုးရဲ့ အစောင်း ကိုပြင်ညီ ၁၂လက်မမှာ အစောင်းဘယ်နှစ်လက်မတတ်သွား သလဲဆိုတာ ကို သတ်မှတ်တာပါ။1:12,2:12,3:12,....... စသဖြင့်ပေါ့။ trigonometry အရ ပြင်ညီ အလျားက adjacent နီးစပ်အနား ခေါင် အမြင့် က opposite မျက်နာ ချင်းဆိုင် အနားဖြစ်ပါ မယ်။ ကျွန်တော် တို့ အသုံး အများတဲ့ 22.5 degree တို့ 30 degree တို့ဆို တာတွေ က 5:12 နှင့် 7:12 တို့ဖြစ်ပါတယ်။

ကျွန်ုတော်တို့ အထက်တန်း ကျောင်း သားဘဝအသေမှတ်ခဲ့ရကြတဲ့ မ နီ မ နီ ထ ထ ထ ထ နီ မ နီ မ ဆိုတာတွေ  O A O A H H H H A O A O ဆိုတာ တွေအရ 5:12 ဆိုတာ မျက်နာ ချင်းဆိုင်ထောင့် က ၂၂.၅ ဒီဂရီ လောက် ရပါတယ်။ ထို့ အတူပဲ 7:12 အတွက် calculator မှာ SHIFT >tan-1 နှင့် 7/12 ကိုရှာ လိုက်ရင် ၃၀ ဒီဂရီ လောက် ရပါတယ်။ အဲဒါတွေက ခေါင်မိုးရဲ့ စောင်းထောင့် degree တွေပါ။

နောက်တစ်ခုက slopel factor ဖြစ် ပါတယ်။ ကျွန်တော် တို့လို့ချင်တာက ခေါင်မိုး အစောင်း ဧရိယာပါ။ trigo အရဆို hypotenuse ထောင့်မှန် ခံ အနား ပေါ့။ ထောင့်မှန် ခံအနား ကိုနီးစပ် အနား နှင့် စားတာက Secant အချိုပါ။ Secant ဆိုတာက Cosine နှင့် reciprocal ဖြစ်ပါတယ် ။

Reciprocal ဆိုတာက ၁ ကို အဲဒီ တန်ဖိုးနှင့် စားတာပါ။ 
calculator အရ ဆို cosine ရဲ့ reaciprocal ရှာရပါတယ်။ 
ရေပြင်အညီ ဘယ်လောက်ရှိရင် ခေါင်မိုးစောင်း ဘယ်လောက်ရှိသလဲဆိုတဲ့ မြောက်ဖော်ကိန်း ကို slope factor လိုခေါ်ပါတယ်။ secant တန်ဖိုးပေါ့။

ဥပမာ အားဖြင့် ခေါင်မိုး အစောင်း ၃၀ ဒီဂရီ မှာ ခုနကပြောတဲ့ roof projection area 816 sq.ft ရှိတယ်ဆိုပါစို့။ cos 30 က 0.866ဖြစ်ပါတယ်။ secant 30 လိုချင်ရင်တော့ cos 30 ရဲ့ reciprocal အပြန် အလှန် ကိန်းက 1.1547 ရပါမယ်။ အဲဒါက 30 dearee slope roof ရဲ့ slope factor ပါပဲ။ 818×1.1547=942.2356 sq.ft ဖြစ်ပါမယ်။ ရတဲ့ အမိုးစောင်း ဧရိယာ ကို yellow book မှာ ကြည့်လိုက်ရင် အမိုးပြား အမိုးရိုက်သံ လက်သမား အလုပ်သမား စတာတွေ ရပါမယ် ။

ကျွန်တော် တို့ဆီမှာ အသုံးများတဲ့ အမိုးတွေကတော့ gable roof မြင့် မိုရ်ပိတ်ပါတဲ့ ၂ ဖက်ချခေါင်နှင် hip roof လေး ဘက်ချခေါင်တို့ ဖြစ်ပါတယ်။ gable ဖြစ်ဖြစ် hip ဖြစ်ဖြစ် ပုံစံ မတူ ပေမယ့်လဲ ခေါင်းမိုး pitch သို့မဟုတ် dearee တူရင် ဧရိယာ အတူတူ ပါပဲ။

Credit: to Sayar U Kyithar Myint.

Related Posts