Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အိမ်ခြံမြေအမျိုးအစား (၃) မျိုးထဲက ကိုယ်နဲ့အကိုက်ညီဆုံးက ဘယ်တစ်ခုဖြစ်မလဲ

January 3, 2023 171 views
အိမ်ခြံမြေအမျိုးအစား (၃) မျိုးထဲက ကိုယ်နဲ့အကိုက်ညီဆုံးက ဘယ်တစ်ခုဖြစ်မလဲ

အိမ်ခြံမြေဝယ်ယူတော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားရမှာက ကွန်ဒိုဝယ်မှာလား ခြံနဲ့ဝင်းနဲ့လား တိုက်ခန်းလား စသဖြင့် ကိုယ့်ရဲ့ဘတ်ဂျက်အလိုက်၊ကိုယ်နေထိုင်ချင်တဲ့ပုံစံမျိုးအလိုက် ရွေးချယ်ဝယ်ယူဖို့လိုအပ်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ ကိုယ်နဲ့အဆင်ပြေဆုံးအိမ်ကိုဝယ်ယူနိုင်ဖို့အတွက် အိမ်ခြံမြေအမျိုးအစားအလိုက်ကောင်းကွက်၊ ဆိုးကွက်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) တိုက်ခန်းများ

တိုက်ခန်းတွဲတွေကိုတော့ မြို့ထဲမှာအများဆုံးတွေ့ရတတ်ပါတယ်။ အချို့တိုက်ခန်းတွဲတွေက လေးငါးတိုက် ဆက်တိုက်ဆက်ထားတာမျိုးရှိသလို အချို့တိုက်ခန်းတွဲတွေကတော့ နှစ်တိုက်လောက်ပဲ ဆက်ထားတာမျိုးရှိပါတယ်။ အဲ့ဒီလို တိုက်ခန်းမျိုးကို ဝယ်ယူမယ်ဆိုရင်တော့ တိုက်ခန်းမှာပါဝင်တဲ့အရှေ့မြေ၊ အနောက်မြေတွေကိုလည်းပိုင်ဆိုင်ရမှာဖြစ်ပြီး ထိုတိုက်ခန်းတွဲတွေဟာ ငှားရမ်းနေထိုင်သူ၊ဝယ်ယူသူတွေလည်းများတာကြောင့် မိတ်ဆွေအပေါင်းအသင်းပေါများချင်တဲ့သူ၊တစ်ယောက်တည်း သီးသန့်မနေချင်တဲ့သူတွေအတွက် ပိုပြီးအဆင်ပြေစေပါတယ်။ နေဖို့မဟုတ်ဘဲ အရောင်းအဝယ်လက်လွှဲလုပ်ဖို့ဆိုရင်လည်း တိုက်ခန်းတွေက အရောင်းသွက်ပါတယ်။

(၂) ကွန်ဒိုများ

ကွန်ဒိုတွေကတော့ တိုက်ခန်းထဲမှာတင် Facilities အပြည့်အစုံပါဝင်ပြီး အချို့တန်ဖိုးကြီးအဆင့်မြင့်ကွန်ဒိုတွေမှာဆိုရင် ဓာတ်လှေကား ၊ရေကူးကန်၊ အားကစားခန်း၊ ရှော့ပင်းစင်တာ၊ Spaတွေကအစ ပါဝင်ပြီး ဘာပဲလိုချင်လိုချင် ဝေးဝေးလံလံသွားလာနေဖို့ မလိုလောက်အောင် အပြည့်စုံဆုံး ဖွဲ့စည်းတည်ဆောက်ပေးထားကြတာဖြစ်ပါတယ်။ တိုက်ခန်းတွဲတွေလိုပဲ ကွန်ဒိုတွေဟာလည်း ဆက်စပ်လျက်ရှိပေမယ့် ကွန်ဒိုတွေက တိုက်ခန်းတွေထက် ပိုပြီးဆိတ်ငြိမ်တဲ့ပတ်ဝန်းကျင်မျိုးရှိပါတယ်။ ဒါကြောင့် မိသားစုနဲ့အတူအေးအေးဆေးဆေးနေချင်တဲ့သူတွေ၊ အပြင်သိပ်ထွက်လေ့မရှိပဲ တစ်နေရာတည်းမှာပဲ အစုံအလင်ရှိတာမျိုးကိုလိုချင်တဲ့သူတွေက ကွန်ဒိုတွေကို ပိုပြီးဝယ်ယူသင့်ပါတယ်။ ကွန်ဒိုတွေကတော့ အရောင်းအဝယ်အတွက်ဆိုရင် သူ့စျေးတန်းအလိုက်၊ ပုံစံ၊ နေရာ၊ facilities စတဲ့အချက်တွေပေါ်မူတည်ပြီး အရောင်းအဝယ်အနည်းငယ် ထိုင်းတတ်ပါတယ်။ အစကတည်းက ကွန်ဒိုတွေက သာမန်တိုက်ခန်းတွေထက် အတော်အသင့်စျေးပိုကြီးတာကြောင့်လည်း ပြန်ရောင်းထုတ်ဖို့အနည်းငယ် ကြိုးစားနိုင်တာပါ။ ဒါပေမယ့် ကွန်ဒိုတွေကို ငှားစားမယ်ဆိုရင်တော့ မြိုးမြိုးမြက်မြက်ကလေး ရမှာအသေအချာပါပဲ။ 



(၃) အိမ်ခြံဝင်းကျယ်များ

ခြံဝန်းလေးတွေ၊သစ်ပင်လေးတွေ စိမ်းစိမ်းစိုစိုလေးနဲ့နေချင်တယ်။ ကိုယ့်အိမ်ဝင်းလေးနဲ့ကိုယ် သူများတွေနဲ့မရောယှက်ပဲ တိတ်ဆိတ်အေးချမ်းစွာနဲ့ သီးသန့်နေချင်တယ်။ ကလေးတွေလွတ်လွတ်လပ်လပ်ဆော့ကစားနိုင်အောင်၊ လူကြီးတွေလည်းစိတ်အပန်းပြေအောင် ပန်းခြံဝင်းလေး ဖန်တီးချင်တယ်.. စသဖြင့် ပိုလျှံနေတဲ့မြေလေးမှာ မိသားစုသာယာပျော်ရွှင်အောင် ကိုယ့်အိုင်ဒီယာလေးနဲ့ကိုယ် ဖွဲ့စည်းတည်ဆောက်ချင်တဲ့သူတွေကတော့ အိမ်ခြံဝင်းကျယ်တွေနဲ့ပိုပြီးသင့်တော်ပါတယ်။ 

ကိုယ့်ရဲ့နေထိုင်မှုပုံစံ၊ကိုယ့်မိသားစုနဲ့ကိုယ် အနာဂတ်မှာဘယ်လိုနေထိုင်ချင်လဲဆိုတာတွေပေါ် မူတည်ပြီး အိမ်ဝယ်ယူသင့်ပါတယ်။ ကိုယ်က အိမ်အတွက် ပစ္စည်းပစ္စယတွေကအစ ဇိမ်ခံပစ္စည်းအသုံးအဆောင်တွေ အဆင်သင့်ပါဝင်တာမျိုးလိုချင်တယ်၊ ဝေးဝေးလံလံသွားပြီး အလုပ်ရှုပ်မခံချင်ဘူး၊ လူအများနဲ့ ပြောဆိုဆက်ဆံရတာလည်း သဘောကျတယ်၊ ကိုယ့်မိသားစုအတွက်လည်း အဖော်ရတယ်ဆိုတဲ့စိတ်ကူးမျိုးရှိရင်တော့ တိုက်ခန်းတွဲ ဒါမှမဟုတ် ခေတ်မီပစ္စည်းအသုံးအဆောင်တွေနဲ့ အဆင့်မြင့်မြင့်ဖွဲ့စည်းထားတဲ့ ကွန်ဒိုတိုက်ခန်းကျယ်မျိုးတွေ ပိုပြီးဝယ်ယူသင့်ပါတယ်။

မိသားစုတွေ၊ကလေးတွေ စိတ်မကျဉ်းကျပ်စေပဲ လွတ်လွတ်လပ်လပ် အပန်းဖြေအနားယူစေချင်တဲ့ဆန္ဒမျိုးရှိမယ်၊ ကိုယ်ပိုင်ဥယျာဉ်လေးလည်း ဖန်တီးစိုက်ပျိုးဖို့ဆန္ဒရှိတယ်ဆိုရင်တော့ သီးသန့်လုံးချင်းဇိမ်ခံ ခြံဝင်းကျယ်ကြီးတွေ ဝယ်ယူနေထိုင်သင့်ပါတယ်။

မိတ်ဆွေတို့ရော ဘယ်လိုအိမ်မျိုးမှာ နေထိုင်ဖို့ပိုပြီး စိတ်ဆန္ဒရှိလဲ၊ ကိုယ့်အိမ်လေးနဲ့ကိုယ် တစ်သီးတစ်သန့်နေချင်လား၊ မိတ်ဆွေအပေါင်းအသင်းတွေတိုးများစေတဲ့တိုက်ခန်းမျိုးမှာ နေထိုင်ချင်လား။ မှတ်ချက်မှာ ဝင်ဆွေးနွေးခဲ့ကြပါီဦးနော်။ 

Credit to original uploader

Related Posts