စီးပွားတက်မယ့် အိမ်ဆိုတာ
အိမ်၏ခေါင်းရင်းနေအိမ်သည် မိမိ အိမ်ထက်မြင့်မည် ခြေရင်းအိမ်သည်လည်း မိမိအိမ်ထက်မြင့်ပါက ကိုယ်နေသောအိမ်သည် အမိုးနိမ့်နေလျှင် အိမ်ပုခက်ဟုခေါ်သည် ။ နေသောမိသားစုသည် စီးပွားတက်၏ ။
ကိုယ့်အိမ်ခေါင်းရင်းအိမ်က အမိုးနိ မ့်မည် ။ ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည် ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မားနေပါက အိမ်မြင့်မိုရ်ဟုခေါ်သည် ။
လူကြီးမိဘတို့ကို ခေါင်းရင်းဘက် ထား၍ ပြူ စုလုပ်ကျွေးအား သဒ္ဓါပြည့်ကအထူးကောင်းမွန်၏။
ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည် ။ ကိုယ့်အိမ် ၏ ခြေရင်းက ကိုယ့်အိမ်ထက်နိမ့်နေပါက အိမ်တောင်တန်း ဟုခေါ်သည် ။ တစ်စိမ့်စိမ့်စီးပွားဖြစ်၏။
ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍ ကိုယ့်အိမ်၏ ခြေရင်း အိမ်က မြင့်နေပါက စီးပွားအသည်းအသန်ရှာရတတ်သည်။ ရေဆန်အိမ် ဟုခေါ်သည်။ ရှေးလူကြီးများက မဝယ်သင့်ဟုဆိုကြ၏။
ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့် စီးပွားရှာသော အိမ်ရှိနေပါက ထိုအိမ်ကိုဘုရားဆောင်ရွှေ့ခြင်းသို့မဟုတ် အိမ် အမိုးထပ်မြှင့်ခြင်းပြု အပ်၏။ မကျန်းမမာဖြစ်တတ်၏ ။ ဦးခေါင်း အပူတိုက်ဟုခေါ်ကြသည် ။ သတိထားအပ်၏။
ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှဆူညံစကား ပြင်းသော အသံချဲ့စက်ဆောင်းဘောက်စ်အသံ အဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြု လုပ်နေပါက ထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟုခေါ်သည် ။ အမင်္ဂလာအသံကြားတွင်ညပ်နေ၍ဖြစ်၏ ။ မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏။
အလွန်စပ်စပ်စုစုနိုင်သော အိမ်နီး ပါးချင်း ငွေအချေးအငှားအလွန်ပက်စက်၍ပြန်ဆပ်လျှင် လက်အလွန်ခက်သောသူတို့နှင့်နေထိုင်ရပါက မရှိပါဟူသော စကားကို လိမ်ညာပြောတတ်ရ၍ သီလ မလုံသောကံကို စီရင်ဖန်တီးမိနေတတ်၍ အလိမ္မာဖြင့် ဝစီကံထိမ်းထိမ်းသိမ်းသိမ်း သတိထား ပြောရတတ်၏။ဝစီဗေဒထိတိုင်းရှ ဟူသည်နှင့်အညီ ကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏။
Credit : Bwaydoke
ရောင်းရန်၊ဌားရန် အိမ်ခြံမြေများ