Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ကွန်ကရစ်လမ်းခင်းရာတွင်အသုံးပြုသော {Tie Bar နှင့် Dowel Bar}အားတပ်ဆင် အသုံးပြုပုံနှင့်အသုံးပြုရခြင်းအကြောင်း

January 10, 2023 777 views
ကွန်ကရစ်လမ်းခင်းရာတွင်အသုံးပြုသော {Tie Bar နှင့် Dowel Bar}အားတပ်ဆင် အသုံးပြုပုံနှင့်အသုံးပြုရခြင်းအကြောင်း

ကွန်ကရစ်လမ်းခင်းရာတွင်အသုံးပြုသော
{Tie Bar နှင့် Dowel Bar}အားတပ်ဆင်
အသုံးပြုပုံနှင့်အသုံးပြုရခြင်းအကြောင်း

ကွန်ကရစ်လမ်းများတည်ဆောက်ရာတွင်
များသောအားဖြင့်အလွှာ{2}မျိုးဖြင့်တည်ဆောက်လေ့ရှိပါသည်။

{1} အခြေခံလွှာ {"ဒု -အခြေခံလွှာအဆင့်"
                       လမ်းခင်းပစ္စည်းများသုံး
                       ထားသောအလွှာ }

{2}အပေါ်ကွန်ကရစ်အလွှာတို့ဖြစ်ပါသည်

        အပေါ်ကွန်ကရစ်လမ်းအလွှာအားတည် ဆောက်ရာတွင်ရာသီဥတု၏ အပူအအေး
ပြောင်းလဲမှုကြောင့် ကျုံ့ခြင်း၊ ကြွခြင်း၊
ရှည်ထွက်ခြင်းတို့ဖြစ်ပေါ် နိုင်သဖြင့်ကွဲ
အက်မှု့နည်းပါးစေရန်အတွက်အဆက် 
Joint များဖြတ်၍တည်ဆောက်ကြရပါ
သည်။
   
       အကယ်၍ကွဲအက်မှု့ဖြစ်ခဲ့ရင်လည်း
အဆက်  Joint  ဖြတ်ထားသည့်နေရာ
များတွင်သာကွဲအက်မှု့ဖြစ်စေပြီးအခြား
ကွန်ကရစ်လမ်းသားများအားကွဲအက်မှု့
မဖြစ်စေရန် Joint  ဆက်များဖြတ်ရခြင်း
ဖြစ်ပါသည်။

  Joint ဆက်ကြောင်းများအတွင်းသို့မိုး
ရေဝင်ရောက်ပါကလမ်းပျက်စီးနိုင်သော
ကြောင့်မိုးရေမဝင်ရောက်နိုင်စေရန်အ
တွက်အဆက်ပိတ်သောပစ္စည်း  {Joint Sealant}တစ်မျိုးမျိုးဖြင့်ရေလုံအောင်
Seal ပိတ်ပေးရပါမည်။

------------
Tie  Bar  နှင့်  Dowel  Bar တို့မှာဝန်ထမ်းသံချောင်း
များဖြစ်ပါသည်။
------------

             { Tie  Bar  }
             -----------------
ကွန်ကရစ်လမ်းများတွင် Tie Bar ကို
လမ်း၏အလယ်လမ်းလားရာအလျား
လိုက်အဆက် { Longitutinal Joint }
နေရာတွင်ထည့်သွင်း၍တည်ဆောက်ကြ
ပါသည်။

    ထည့်သွင်းတည်ဆောက်ရာတွင် Tie
Bar အဖြစ် { Deformed Bar }မြောင်း
ပါသံချောင်းများကိုအသုံးပြုရပါသည်။
သံချောင်းကို 1/2"D ;5/8" D အရွယ်အစားများကိုအသုံးပြုလေ့ရှိပါသည်။
ကွန်ကရစ်အထူပေါ်မူတည်၍ပြောင်းလဲမှု့
ရှိနိုင်ပါသည်။သံချောင်းအရှည်ကို 2'ခန့်
ဝန်ကျင်အသုံးပြုကြပါသည်။

{Tie Bar ထည့်သွင်းအသုံးပြုရခြင်းမှာ -}
  ------------------------------------------------
{1} Tie Bar များကိုကပ်လျှက်ခင်းထား
    သော Slab လမ်းသားနှစ်ခုကိုတွဲဆက်
    ထားနိုင်ရန်။
{2} နှစ်လမ်းသွားနှင့်ထိုထက်ပိုသည့်လမ်း
   များတွင်အလျားလိုက်အက်ကြောင်း
   များဖြစ်ပေါ်ခြင်းမှကာကွယ်နိုင်ရန်။
{3}ကွန်ကရစ်ဆက်ကြောင်းများကိုဆွဲစေ့
   ထားနိုင်ရန်။
{4} ကွန်ကရစ်လွှာအဆက်များကော့
    တက်ခြင်းဖြစ်မှု့ကိုထိန်းထားနိုင်စေ
    ရန်။
{5}{Load Transfer}ဝန်အားဖြန့်ပေးရန်  
    အတွက်ဖြစ်ပါ၍သံချောင်း၏နှစ်ဖက်
  စလုံးတွင်ကွန်ကရစ်နှင့်ခိုင်မြဲသောချိတ်
  တွယ်မှု့ Bond ဖြစ်ရန်လိုအပ်ပါသည်။
{6} Tie Bar မထည့်လိုပါက ကွန်ကရစ်
    လမ်း၏ Longitutinal Joint နေရာ
    ကို Isolation Joint ပြုလုပ်ပေးရန်
    လိုအပ်ပါသည်။လျှာထိုးအဆက်ကဲ့သို့
    ဆောင်ရွက်ပေးရပါမည်။

-------------------
              { Dowel  Bar }
               ---------------------
ကွန်ကရစ်လမ်းများတွင် Dowel Bar ကို
လမ်း၏ကန့်လန့်ဖြတ်အဆက်များဖြစ်သော Transvers Joints နေရာများ
တွင်ထည့်သွင်းတည်ဆောက်ကြပါသည်။

 ထည့်သွင်းတည်ဆောက်ရာတွင် Dowel
Barအဖြစ် Plain Bar သံချောင်းလုံးများ
ကိုအသုံးပြုကြပါသည် ။ သံချောင်းကို
1/2"D ; 5/8" Dများကိုအသုံးပြုလေ့ရှိပါ
သည်။သံချောင်းအရှည်ကို 2' ခန့်ဝန်ကျင်
အသုံးပြုကြပါသည်။

Dowel Barထည့်သွင်းအသုံးပြုရခြင်းမှာ
---------------------------------------------------
{1}ကွန်ကရစ်လမ်းမကြီး၏ Direction
    ကို၎င်း၊Contractionနှင့်Expansion
    ကို၎င်းထိန်းညှီပေးထားပါသည်။
    {ရာသီဥတုအပူအအေးကြောင့်ကွန်က
    ရစ်လမ်းအားကျုံ့ခြင်း၊ကြွခြင်း၊ရှည်   
    လျားလာခြင်းတို့ကိုကာကွယ်နိုင်ရန်   
    ဖြစ်ပါသည်။
{2}ကျရောက်လာသောဝန်အားကိုဖြန့်ဝေ
    ပေးရန်အတွက်ဖြစ်ပါသည်။
{3}ကွန်ကရစ်လမ်းကွေးညွတ်မှု့ Defle-
    ction  ကိုလျှော့နည်းကျစေခြင်း။
{4} သံချောင်းတစ်ဖက်မှာကွန်ကရစ်နှင့်
     ခိုင်မြဲသောချိတ်တွယ်မှု Bond ရရှိ
    အောင်ဆောင်ရွက်ရပြီးကျန်တစ်ဖက်
    တွင် PVC ပိုက်ကိုစွပ်၍ Expansion
    ဖြစ်စေရန်ဆောင်ရွက်ထားရပါမည်။
   နှစ်ဖက်စလုံး PVC ပိုက်စွပ်ရန်မလိုပါ။
{5} Dowel Bar မထည့်လျှင်{သို့}နည်း
   လမ်းမှန်ကန်စွာမဆောင်ရွက်လျှင်ဖြစ်   
   ပေါ်နိုင်သည့်အကျိုးဆက်များမှာ-
   ~ကွဲအက်ကြောင်းများဖြစ်ပေါ်စေခြင်း
   ~ဆက်ကြောင်းနေရာများနိမ့်ကျခြင်း
    စသည်တို့ဖြစ်ပါ်နိုင်ပါသည်။
----------------
{  Notes  }
-----------------
~ကွန်ကရစ်တစ်လွှား၏အကျယ် 15'   
  ထက်ပို၍မခင်းရပါ။
~ကွန်ကရစ် Joint ဖြတ်ခြင်းကိုလောင်း
  ပြီး ၂ နာရီ မှစ၍ ၈ နာရီအတွင်းအပြီး
  ဖြတ်ရပါမည်။
~Joint ဖြတ်ရမည့်အနက်=1/3လမ်းထူ
~Joint များအားSealant ဖြင့်Seal ကို
  ကွန်ကရစ်ခင်းပြီး  ၂၈  ရက်အတွင်းပြီး
  အောင်လုပ်ရပါမည်။
~ကန့်လန့်ဖြတ်Transvers Joints များ
  တစ်ခုနှင့်တစ်ခုအကွာအဝေးအလျား
  အရှည်ကိုတွက်ရာတွင် -
လမ်းအထူ  1" ၏ 25 ဆမှ 30 ဆအကွာ
ဖြတ်လေ့ရှိပါသည်။
{ ဥပမာ }
9"လမ်းအထူ ×   25 ဆ       =    225"
                                         = 18' 9"
{အလျားလိုက်ဖြတ်ရပေ} =   ဆို   18'
      အကွာအဝေး

                                  ------------
{ထို့အပြင်}
--------------
Transverse  Joint   ကန့်လန့်ဖြတ်ဆက်ကြောင်း
များ၏တစ်ခုနှင့်တစ်ခုအကွာအဝေးကို-
~သွားလာသည်ယာဉ်တို့၏ဘီးအကွာအဝေး၊
~အလေးချိန်သက်ရောက်မှု့နှင့်
~ဆက်ကြောင်းတို့၏အကွာအဝေး၊
စသည်တို့ကိုတွက်ချက်ပြီးလျှင်ဆက်ကြောင်း
များအားခပ်စိတ်စိတ်ထား၍
အသုံးပြုလျှင်လမ်းသက်တမ်းပိုမိုခံနိုင်
မည့်နည်းလမ်းများဖြင့်လုပ်ဆောင်ရန်ရှာဖွေလျှက်ရှိပါသည်။
-----------
ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရာတွင်ဌာန၏
~သတ်မှတ် အထူဒီဇိုင်း၊
~သတ်မှတ်အရောဒီဇိုင်းနှင့်
~သတ်မှတ်စံချိန်စံညွှန်းများနှင့်
အညီလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

---------------------------------------------------
Credit#ဆရာDE  ဦးရွှေဇင်-သင်ကြားမှု့
                              မှ
                { လေ့လာမိရာအဖြာဖြာ}

Related Posts