Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

လှေကား - မ, ဂဏန်း - ထားရခြင်း အကြောင်းရင်း

January 11, 2023 326 views
လှေကား - မ, ဂဏန်း - ထားရခြင်း အကြောင်းရင်း

လှေကား - မ, ဂဏန်း -
ထားရခြင်း အကြောင်းရင်း -
-
လှေကား စုံ မထားရလို့ 
ကြားဖူးကြမှာပါ။ 
-
လှေကားစုံထားရင် 
ခိုက်တတ်ပါတယ်။ 
-
ဘာကြောင့်ခိုက်လဲဆိုတာ က 
လူ့သဘာဝကြောင့်ပါ။
-
လူဆိုတာ ကိုယ်စလှမ်းတဲ့ 
ခြေနဲ့ ခြေလှမ်းပြန်‌ဆုံး
တတ်ပါတယ်။ 
-
ဥပမာ ညာခြေနဲ့ စလှမ်းရင် 
ညာခြေဆီ ဘယ်ခြေလာပြီး 
အဆုံးသတ်ပါတယ်။ 
-
ညာနဲ့စရင် ညာနဲ့ဆုံးပါတယ်။ 
အဲဒီလိုပဲ ဘယ်နဲ့စရင် ဘယ်နဲ့
ဆုံးပါတယ်။ 
-
မယုံရင် ကိုယ့်ဘာသာ 
တမင်သက်သက် လုပ်မယူပဲ 
လှမ်းကြည့်ပါ။ 
-
ညာနဲ့စ ညာနဲ့ဆုံးလို့ 
ခြေလှမ်းရေ အရေအတွက်က 
မ, ဖြစ်ပါတယ်။ 
-
ဘယ်နဲ့စလဲ အတူတူပါပဲ။
-
အဲဒါကြောင့် -
လှေကားထစ်တွေ 
မ, သာ ထားတာပါ။ 
-
စုံ,ထားရင် - တလှမ်း
လိုနေလို့ အပေါ်တက်တဲ့ခါ 
ခြေထောက်က အလိုအလျှောက်
လှမ်းမိပြီး -
-
ဟန်ချက် ပျက် ပြီး 
ချော်ကျနိုင်ပါတယ်။ 
-
အောက်ဆင်းတဲ့အခါ -
ကြမ်းပြင်ပေါ်ရောက်နေတာကို 
နောက်ထပ် လှမ်းမိလို့ ဟန်ချက်
ပျက်ပြီး မှောက်လဲတတ်ပါတယ်။ 
-
အဲလိုလဲရင် -
ထိခိုက်ဒဏ်ရာရပါတယ်။
အဲဒါ ခိုက်မိတာပါပဲ။
-
အဲလိုခိုက်မိတာကို 
လှေကား စုံထားရင် 
ခိုက်တယ်ဆိုပီး စကားက 
ကားသွားတာပါပဲ

Credit
ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts