Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ဆရာ ကွန်ကရစ်လောင်းပြီးတဲ့အခါ formwork တွေ ဘယ်အချိန်လောက်ဆို ခွာလို့ရမလဲဗျ။”

January 12, 2023 223 views
ဆရာ ကွန်ကရစ်လောင်းပြီးတဲ့အခါ formwork တွေ ဘယ်အချိန်လောက်ဆို ခွာလို့ရမလဲဗျ။”

ဆရာ ကွန်ကရစ်လောင်းပြီးတဲ့အခါ formwork တွေ ဘယ်အချိန်လောက်ဆို ခွာလို့ရမလဲဗျ။”

အလုပ်လုပ်ချင်စိတ် ပြင်းပြပြီး တက်ကြွတဲ့ လက်သမားတွေက သိပ်စောင့်ဆိုင်းချင်ဟန်မတူ။

“ဘယ် formwork တွေကို အစိပ်အပိုင်းအလိုက် ဘယ်နှစ်ရက်လောက်နေရင် ခွာလို့ ရတယ် ဆိုတာကို ပြောပြထားတာတွေ ရှိတယ်။ ၂၄နာရီကနေ ၄၈နာရီ အတွင်း နံရံ၊ တိုင်၊ ထုတ်ဘေးကာတွေကို တာဝန်ခံအင်ဂျင်နီယာရဲ့ လမ်းညွှန်မှုနှင့် ခွာလို့ရတယ်။ ၃ရက်လောက်မှာ ပြင်အခင်းတွေ ထုတ်အခင်းတွေကို ဒေါက်တွေချန်ပြီး ခွာလို့ရတယ်။ ပြင်အောက်က ဒေါက်တွေကို အကျယ် ၁၅ပေအောက်ဆို ၇ရက် အကျယ် ၁၅ပေအထက်ဆို ၁၄ရက်မှာ ဖြုတ်လို့ရတယ်။ ထုတ်အောက်က ဒေါက်တွေကို အကျယ် ပေ၂၀ အောက်ဆို ၁၄ရက် အကျယ် ပေ၂၀ အထက်ဆို ၂၁ရက်မှာ ဖြုတ်လို့ရတယ်လို့ ဆိုတယ်။ ဒေသအလိုက် guidelines လေးတွေ အနည်းငယ် ကွဲတာ ရှိမယ်။”

“ဘာလို့ ၂၄နာရီတို့ ၃ရက်တို့ ၇ရက်တို့ ၁၄ရက်တို့ ၂၁ရက်တို့ သတ်မှတ်ကြတာလဲဆရာ။”

“ကွန်ကရစ်ဟာ စလောင်းတဲ့အခါ ပျော့တဲ့အနေအထားကနေ မာကြောသွားပြီး အချိန်နှင့်အမျှ ခံနိုင်အားကို တစ်ဖြည်းဖြည်း ရရှိတာ ဖြစ်တယ်။ ကွန်ကရစ်ရဲ့ ခံနိုင်အား ရရှိမှုကို လက်တွေ့စမ်းသပ်ခန်းမှာ နေ့ရက်အလိုက် စမ်းသပ်တာမှာ ... ၁ရက် မှာ ၁၆% ၊ ၃ရက် မှာ ၄၀% ၊ ၇ရက် မှာ ၆၅% ၊ ၁၄ရက် မှာ ၉၀% ၊၂၁ရက် မှာ ၉၄% ၊ ၂၈ရက် မှာ ၉၉% ရရှိတယ်လို့ ဆိုတယ်။ အဲဒါကို ဂရပ် ဆွဲကြည့်တဲ့အခါ ၁၄ရက် အထိကို သိသိသာသာ တက်ပြီး နောက်ပိုင်းမှာ နည်းနည်းပြေသွားတာကို တွေ့ရပြီး ၂၈ရက်နောက်ပိုင်းမှာ ဂရပ်ဟာ တော်တော်လေး တန်းသွားတာကို တွေ့ရတယ်။ ၂၈ရက် နောက်ပိုင်းမှာ ဆက်ပြီး ခံနိုင်အားတိုးတယ် ဆိုပေမယ့် အချိန်အားဖြင့် တော်တော်လေး ကြာလာတာမို့ ၂၈ရက် ခံနိုင်အားကိုပဲ အနီးစပ်ဆုံး ယူ သတ်မှတ်ကြတာ ဖြစ်တယ်။ ကွန်ကရစ်ဟာ တကယ်တမ်း ပြောရရင် ခံနိုင်အားတိုးတာ နောက် ၁နှစ် ၂နှစ်လောက်အထိကို နှေးကွေးတဲ့ နူန်းနှင့် တိုးသေးတာ ဖြစ်တယ်။ ခုနကပြောတဲ့ ကနဦး ရက်အလိုက် ရရှိတဲ့ ခံနိုင်အားကို ကြည့်ပြီး ဘယ် formwork အစိပ်အပိုင်းကို ဘယ်ရက်လောက်မှာ ခွာလို့ရမယ် ဖြုတ်လို့ရမယ် ဆိုတာကို ပြောတာ ဖြစ်တယ်။”

“ဟုတ်ကဲ့၊ အဲဒီလို ၇ရက် အလိုက် သတ်မှတ်တာကို သိချင်တာပါ။ ဥပမာဗျာ ၁၀ရက်တို့ ၂၀ရက်တို့ ၃၀ရက်တို့ ဘာလို့ မသတ်မှတ်တာလဲ ခင်ဗျ။”

“အဲဒါကတော့ ဒီလိုပါ။ သူတို့ဆီမှာ တနင်္ဂနွေနေ့ အလုပ်နားကြတယ်။ ကွန်ကရစ်ကို တနင်္ဂနွေနေ့မှာ မလောင်းဘူးဆိုပါတော့၊ formwork တွေ ခွာတဲ့ရက်ကို တနင်္ဂနွေနေ့နှင့် မတိုက်အောင် ကွန်ကရစ်စလောင်းတဲ့နေ့ကနေ အပတ်စဉ် ၇ရက် နှင့် တွက်ပြီး သတ်မှတ်ထားတာပါ။ ၂၈ရက် ခံနိုင်အား ဆိုတာလဲ အဲလိုပါပဲ။ ကွန်ကရစ်လောင်းပြီး ခံနိုင်အား အများဆုံးနှင့် အနီးစပ်ဆုံး ယူထားတဲ့ ၂၈ရက်မှာ ပုံစံခွက်နှင့် လောင်းထားတဲ့ ကွန်ကရစ်တုံးကို စမ်းသပ်ခန်းမှာ ခွဲကြည့်ရမှာလေ။ စမ်းသပ်ခန်းတွေကလဲ တနင်္ဂနွေနေ့ ပိတ်ကြမှာကိုး။”

“မသိပါဘူးဗျာ၊ ၁လဆိုလဲ ၁လပေါ့၊ ၂၈ရက် ကွန်ကရစ် ခံနိုင်အား ဆိုတော့ ဘာများတုန်းလို့။

ဆရာ Kyithar Myint ရေးသားသည်

Credit #

ပြန်လည်ကူးယူဖော်ပြပါသည်။

 

Related Posts