Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အဆောက်အဦး တွက်ချက်မှုအတွက် အလွယ်မှတ်နည်းလေးတွေပါ။

January 16, 2023 935 views
အဆောက်အဦး တွက်ချက်မှုအတွက် အလွယ်မှတ်နည်းလေးတွေပါ။

အဆောက်အဦး တွက်ချက်မှုအတွက်
အလွယ်မှတ်နည်းလေးတွေပါ။

(1:2:4) ကွန်ကရစ် 100 ကုဗပေမှာ
ဘိလပ်မြေ - 18.48 အိတ်ကုန်တယ်
အလုပ်မား - 10ယောက်
ပန်းရံဆရာ - 1ယောက်

(1:3:6 ) ကွန်ကရစ် 100 ကုဗပေမှာ
ဘိလပ်မြေ - 12.85 အိတ်
အလုပ်သမား - 8 ယောက်
ပန်းရံ - 1ယောက် 
42.5 Class ဘိလပ်မြေ နဲ့52.5 Class ဘိလပ်မြေ အမျိုးအစားများအလိုက် ဘယ်လိုကွာခြားသလဲ ?
====================================
ဘိလပ်မြေအမျိုး အစားများကို ယေဘူယျအားဖြင့် 32.5 Class ဘိလပ်မြေ , 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေ ဆိုပြီး အမျိုးအစားအလိုက် သတ်မှတ်ထားပါတယ် ။ မြန်မာနိုင်ငံတွင် 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေကို အများဆုံး အသုံးပြုနေကြပါတယ် ..
..
အဆောက်အဦများ၊ လမ်းတံတားများကို  ဆောက်လုပ်တဲ့အခါမှာ ဆောက်လုပ်မယ့် အမျိုးအစားအလိုက် 42.5 Class နဲ့ 52.5 Class ဘိလပ်မြေအမျိုးအစားတွေကို လိုအပ်သလို ရွေးချယ်အသုံးပြုသင့်ပုံကို မျှဝေပေးလိုက်ပါတယ်...
.
42.5 Class ဘိလပ်မြေ 
----------------------------
42.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင်  Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (6162.5 PSI) Grade 42.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။
.
42.5 Class ဘိလပ်မြေ ရဲ့ ခံနိုင်ဝန်အားသည် သတ်မှတ်စံချိန်စံညွှန်းအရ စတင်မာခဲချိန်နဲ့ နောက်ဆုံးမာခဲချိန် နှေးတတ်သော သဘာဝရှိပါသည်။
..
42.5 Class ဘိလပ်မြေ ကို အုတ်စီလုပ်ငန်းများ၊ နံရံအချောကိုင်လုပ်ငန်းများ၊ ရိုးရိုးအုတ်တိုက်၊ နံရံကပ်တိုက်များ ၊လုံးချင်းအဆင့်မြင့် အဆောက်အဦများ ဆောက်လုပ်မယ်ဆိုပါက 4 2.5 Class ဘိလပ်မြေကို အသုံးပြုနိုင်ပါသည်။
...
.......
52.5 Class ဘိလပ်မြေ 
-----------------------------
52.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင်  Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (7612.5 PSI) Grade 52.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။
.
52.5 Class ဘိလပ်မြေသည် ခံနိုင်ဝန်ကို အချိန်တိုအတွင်းမှာ ရရှိစေနိုင်ပြီး စတင်မာခဲချိန် နှင့် နောက်ဆုံးမာခဲချိန် မြန်သော သဘာဝရှိတဲ့အတွက် ထုထည်ကြီးမားသော လမ်းတံတားများ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများ ၊အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။

ရေနှင့်အမြဲထိတွေ့နေသောနေရာများ၊ အစိုဓါတ်များသောနေရာများ၊ ငလျင်ဒဏ်၊ သဘာဝဘေးအန္တရာယ်တို့နှင့် အနီးကပ်ဆုံးနေရာဒေသများတွင်လည်း 52.5 Class ဘိလပ်မြေကိုသာ အသုံးပြုသင့်ပါသည်။

.................

#သစ်တွက်နည်း တင်ပေးပါပြောလိုတင်ပေးလိုက်တာပါ။

သစ်လုံးကို ကုဗပတွက်နည်း> သစ်တန်တွက်နည်း> သစ် ၁ တန် ဈေးနှုန်းတွက်နည်း ✍

သစ်လုံးကို ကုဗပနှင့် တန်ဖွဲ့ရာတွင် လက်မကိုတည် ၄ နှင့်စား ရလဒ်သည် အဒု ဗြက် လက်မ ဖြစ်ပါသည် ဒုနှင့် ဗြက် ကိုမြှောက် သစ်လုံ အလျား နှင့် ဆက်မြှောက် ရသောအဖြေ ကိုတည်၍ ၇၂၀၀ နှင့် စားလျှင်
အဖြေသည် သစ်တန်ရ၍ ၁၄၄ နှင့်စားလျှင် ကုဗပေ ရပါသည်။

ဥပမာ.......သစ်လုံပတ် ၆၀လက်မ အရှည် ၃၂ပေ ရှိသောသစ်လုံးကို
တန်ဖွဲ့လိုလျှင်

                       တွက်နည်း    (1)

15×15×32               7200  
-----------------             ----------
    144                      144.                    =50ကုဗေပ

                                 ၅၀ ကုဗပေ               = ၁ တန်

သစ်တန်တွက်နည်း

( သစ် ၁ တန် = ၁'' ×  ၁'' ပတ်လည်  ၇၂၀၀'ပေ)

သိလိုသော သစ်အရွယ်အစား ဒု နှင့် ဗြက် ကိုမြှောက်၍ ရသော ရလဒ်နှင့် ၇၂၀၀ ကို စားရသော အဖြေသည် သစ် ၁ တန်၏ဖြေဖြစ်သည်။

တွက်နည်း

၄''×၂''    = သစ်တစ်တန် ရှိပေရှည် ကိုသိလိုလျှင်
၄''×၂''    = ၈
၇၂၀၀     = ၉ ၀၀'ပေ
(၄''×၂'') သစ် ၁တန်၌ရှိသော ပေရှည် =၉၀၀ပေ

သစ်တန်တွက်နည်း

ဗျက် ၄''×၂'' ပေရှည် ၂၀ ပေ ၊ ချောင်းရေ ၃၀ ဆိုပါစို့ 
ဗျက်ရယ် ၊ ဒုရယ် ၊ ပေရှည် ရယ် ၊ ချောင်းရေရယ်မြှောက် ၁၄၄ နဲ့စားရပါမည်။ ရတဲ့အဖြေဟာ ကုဗပေ ပဲရှိသေး၍ သစ် ၁ တန်လျှင် ၅၀ ကုဗပေ ရှိ၍ ၅၀ ဖြင့်စားလျှင် တန်ရလာပါမည်။

ဗျက် × ဒု × ပေရှည် × အချောင်းရေ
၄''×၂''×၂၀'×၃၀÷၁၄၄= ၃၃.၃၃ ကုဗေပ

၃၃.၃၃ ကုဗပ = ဝ.၆၆၆ တန်
၅၀   ကုဗပေ.   ဆိုပါစို့ =ဝ.၆၇တန်

အမြန်ဆုံး သစ်ဈေးနှုန်းတွက်နည်း

ဥပမာ... သစ် ၁ တန် ၆၅၀,၀၀၀ ဈေးဖြင့်
၄''×၂'' လေးနှစ် ၁၈ ပေ တစ်ချောင်းကိုတွက်ကြည့်မယ်
ဈေးနှုန်း ကိုတည် ဒသမ သုညသုည နှစ်ငါးဖြစ်
မြှောက်(၆၅၀,၀၀၀×.၀၀၂၅)
ရလဒ်ကိုသစ်ချောင်း၏ ဒု×ဗျက် (၄''×၂'') ရလဒ်ဖြင့်ပြန် မြှောက်လိုက်ပါ။

ဒါဆို ၄''×၂'' လေးနှစ် ၁၈ပေ တစ်ချောင်း၏ တန်ဘိုးရမည်။

၆၅၀,၀၀၀×.၀၀၂၅=၁၆၂၅

၄ × ၂  = × ၈
------------------
    ၁၃,၀၀၀

လေးနှစ် ၁ ချောင်း တန်ဘိုး  =  ၁၃,၀၀၀ ks
ဖြစ်သည်။
မည်သည့် ဒု ဗျက် မည်သည့် ဈေးနှုန်း မဆိုတွက်ကြည့်နိုင်ပါသည်။
✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔
လိုအပ်ရင်ကြည့်လို့ရအောင်ပါ✍️
သံချောင်းတွက်နည်း
1ချောင်း=12 m=40 ft(39'4'')

10mm = 3/8''= 3မူး = 135 ချောင်း

12mm = 1/2 ''= 5မူး = 88ချောင်း

14mm = 9/16''= 5မူး1ပဲ=70ချောင်း

16mm = 5/8''= 6မူး=53ချောင်း

18mm = 3/4''= 3မတ်=41ချောင်း

20mm = 3/4''= 3မတ် = 33ချောင်း

22mm = 7/8''= 1လက်မမူးတင်း =27ချောင်း

25mm =1ကျပ်လုံး=1''= 21ချောင်း
________________________________________
1 Ton မှာရှိသော အချောင်းရေ

★ diameter (mm)
1000/0.006167d²×12m ( or )
13517÷d ÷d (12mm diameter မှလွဲ၍)

★ diameter (in)
2204.62/2.67d²×39.37 ft
________________________________________
သံချောင်း( Rebar ) အလေးချိန် တွက်ရန်ပုံသေနည်း

★ diameter (mm)
0.006167d²×သံချောင်း အရှည် ( m 😞 Kg

★ diameter (in)
2.67d² × သံချောင်းအရှည် (ft) = Lb
_______________________________________
Binding wire
6.5mm--------->8mm coil
1 m=0.26kg---->0.395kg
1ton=3834m--->2531m
1Viss=20´3´´--->13´4´´
________________________________________
Rebar 1Ton = 1000 Kg
Metric ton >>> 2204.62 lb
UK ( long ton ) >>> 2240 lb
US ( short ton ) >>> 2000 lb
Steel unit weight=490 lb per cu ft
________________________________________
ACI code
Main steel = 25 to 32mm
Ties & stirrups=10mm (min)
18 G Binding wire 40 coils
________________________________________
1 Kg =2.2 Lb
1Lb=0.22kg
1 in=25.4 mm
✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔
Site တစ်ခု အတွတ် Overhead Tank 
အကြောင်းစဉ်းစားရင် ပေါ်လာလို့.
ရေဝင်ဆန့် တွတ်ပုံလေ ချရေးကြည့်တာ

1 ကုဗပေ = 6.25 ဂါလံ
အလျား×အနံ×အမြင့် = ကုဗပေ

ဥပမာ 
4' × 4' × 2' = 32 ကုဗေပ
32 × 6.25 = 200 ဂါလံ ဝင်ဆန့်မယ်

လီတာ နဲ့ သိချင်ရင်တော့

1 ဂါလံ = 3.785 နဲ့ ညီမျှတယ် 
200 ဂါလံ ဆိုတော့ 
200 × 3.785 = 757 လီတာ

ဒါကြောင့် 4 × 4 × 2 ရှိတဲ့ Tank တစ်လုံးမှာ 
ဂါလံ 200 (သို့မဟုတ်) လီတာ 757 
ဝင်ဆန့် မယ် 🙂
✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔
SEPTIC TANK
***************

Septic tank ( မိလ္လာပိုးစားကန်)
ဆိုတာ လူကစွန့်ပစ်တဲ့ မိလ္လာ(sewage)ကို
Bacteria ပေါက်ပွါးစေပြီး ဓါတ်ပြုတဲ့စနစ်
(Septic Action) ဖြစ်ပေါ်စေတဲ့ကန် ဖြစ်ပါ
တယ်။

Inlet pipe က ဝင်လာတဲ့ မိလ္လာ
(sewage)ဟာ Chamber 1 ထဲကို
ကျရောက်ပြီး ၃ ရက်မှ ၇ ရက်ခန့်အတွင်း
Anaerobic လို့ခေါ်တဲ့ Bacteria တစ်မျိုး
ပေါက်ပွါးလာပါတယ်။ Anaerobic
Bacteria ဟာ "လေမလို အလင်းမလိုပိုး"
ဖြစ်ပြီး Oxygen နဲ့ အလင်းရောင် မရှိမှ
ရှင်သန်နိုင်ပါတယ်။ Anaerobic Bacteria
က Sewage ကို ချေဖျက် (စားသုံး) ပြီး
နောက် သူတို့က စွန့်ထုတ်လိုက်တဲ့ စွန့်ပစ်
ပစ္စည်းဟာ Inlet pipe က ဝင်ရောက်လာ
တဲ့ ရေအရှိန်နဲ့ တရွေ့ရွေ့ Chamber 2
ဘက်ကို ရောက်ရှိသွားပြီး Aerobic
Bacteria ဆိုတဲ့ ပိုးတစ်မျိုးထပ်မံပေါက်ပွါး
လာပါတယ်။ Aerobic Bacteria ဟာ
"လေလို အလင်းလိုပိုး" ဖြစ်တဲ့အတွက်
Oxygen နဲ့ Light ရရှိမှ ရှင်သန်နိုင်ပါတယ်။

Aerobic Bacteria ဟာ Anaerobic
Bacteria ကစွန့်ထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်း
ကို ဓါတ်ပြု(စားသုံး)ပြီး သူကစွန့်ထုတ်လိုက်
တဲ့ စွန့်ပစ်ပစ္စည်းဟာSludge (အနှစ်)အဖြစ်
ထွက်ပေါ်လာပါတယ်။Sludge ဟာကတ္တရာ
စေးလို မည်းနက်တဲ့ အစေး ဖြစ်ပါတယ်။
Bacteria ပေါက်ပွါးဖို့ ဖန်တီးပေးရန်မလိုပါ။
သူ့အလိုလို ပေါက်ပွါးပါတယ်။

Chamber 1 ထဲ ဝင်ရောက်လာတဲ့
Sewage ဟာ တဖြည်းဖြည်း အဆီများ
ထွက်လာပြီး Chamber 1 ထဲရှိ ရေမျက်
နှာပြင်အပေါ်ကိုတက်လာပြီး မိလ္လာဆီ
အလွှာ( Scum Layer)အဖြစ် ဖုံးပိတ်သွား
ပါတယ်။ ဒီ Scum Layer ဟာ အပေါ်မှာ
ရှိတဲ့နေရာလွတ်(Free Board)မှOxygen
ကို ရေထဲပျော်ဝင်မသွားစေရန် ကာကွယ်
ပေးထားတဲ့အတွက် Anaerobic Bacteria
များကို ပေါက်ပွါးရှင်သန်စေပါတယ်။

ဒါကြောင့် Scum Layer မပျက်စီးစေ
ရန်အတွက် Chamber 1 အတွင်း Inlet
Pipe အဝင်မှာ Tee ခံပြီး အောက်မှ1'~1'6"
အရှည်ရှိ Pipe ကိုဆက်ပေးပြီး Sewage ကို
ကျစေရပါတယ်။Tee ခံထားခြင်းဖြင့် မိလ္လာ
အတုံးအခဲများဟာ Tee အတွင်းမျက်နှာပြင်
ကိုရိုက်ပြီးအပိုင်းအစများအဖြစ်ကျေပျက်ကာ
ဓါတ်ပြုမှုလျင်မြန်စေမှာဖြစ်ပါတယ်။အောက်
မှာ Pipe ရှည်ကိုဆက်ထားတဲ့အတွက် ကျ
လာတဲ့ ရေအရှိန်ဟာ Scum Layer ကို ငြိမ့်
ငြိမ့်လေးသာ လှုပ်ရှားစေမှာဖြစ်ပါတယ်။
Tee နှင့် Pipe မခံဘဲ Inlet မှ directly ကျ
စေလျှင်Scum Layer ကွဲအက်ပြီး Oxygen
ဝင်ရောက်တဲ့အတွက်Anaerobic Bacteria
များမရှင်သန်နိုင်သဖြင့် Septic Action မရ
ရှိနိုင်ပါ။

Chamber1 မှ Sewage များ
Chamber 2 ဘက်မရောက်သွားစေရန်
အောက်ခံအခင်းမျက်နှာပြင်ကိုChamber 1
ဘက်တွင်နှိမ့်၍ Slope 1:10 to 1:20
အချိုးဖြင့် စောင်းပေးထားရပါတယ်။
Chamber2 ထဲရောက်လာတဲ့ Anaerobic
Bacteria ရဲ့ စွန့်ပစ်ပစ္စည်းတွေကိုAerobic
Bacteria တွေကဆက်လက်စားသုံးဓါတ်ပြု
ပြီး စွန့်ပစ်ပစ္စည်းအဖြစ် Sludge တွေဖြစ်
ပေါ် လာပါတယ်။

ဒီလို Complete Seption Actionဖြစ်
ဖို့ Baffle Wall ဟာ အောက်ပိုင်းမှာ တိုးလျှို
ပေါက်ဖြစ်နေဖို့ လိုပါတယ်။ရေကူးပေါက်ကို
အမြင့်မှာထားပြီး အောက်ခြေပိတ်ထားရင်
Septic Action အပြည့် မဖြစ်နိုင်ပါ။

Aerobic Bacteria တွေရှင်သန်နိုင်ဖို့
Oxygen နဲ့ Light လိုတဲ့အတွက် Chamber
2 အပေါ် Cover Slab မှာ Swan Neck ကို
တပ်ဆင်ထားရပါမယ်။ Swan Neck ဟာ
လေနဲ့အလင်း ဝင်ရောက်စေရန် အကျိုးပြု
ပါတယ်။Chamber 2 မှာ Scum Layer
မရှိတဲ့အတွက် ရေမှာ Oxygen ပျော်ဝင်
ပြီး Aerobic Bacteria တွေကိုရှင်သန်စေ
ပါတယ်။

Chamber 1 မှ Sewage တချို့ဟာ
Chamber 2 ဘက်ပါလာပြီးရေထက်ပေါ့တဲ့
အတွက် Chamber 2ရေမျက်နှာပြင်ပေါ်မှာ
ပေါ်နေတာတွေ ရှိနိုင်ပါတယ်။ဒါတွေ အပြင်
ကို ပါမသွားစေဖို့ Outlet Pipe အဝမှာTee
ခံထားဖို့ လိုပါတယ်။

Chamber1 အတွင်းရှိ Scum Layer
ရဲ့ levelကိုထိန်းထားရန် Chambers1&2
ဟာ ရေလုံရပါမယ်။ Wall ချင်းဆုံရာ or
Wall & Floor ဆုံရာCornerတွေမှာဖြစ်စေ
Wall & Pipe ထိနေတဲ့ အဆက်တဝိုက်မှာ
ဖြစ်စေ 1:2 Cement Mortar နဲ့ ထောင့်
ချုပ်ထားမှသာ ရေလုံမှာ ဖြစ်ပါတယ်။

Septic Tank အတွင်းသို့ အပြင်ရေ
ဝင်လျှင်Inlet မှမဝင်နိုင်တော့သလို အတွင်း
ရေ ထွက်သွားလျှင် Scum Layer နိမ့်ကျ/
အက်ကွဲပြီး Septic Action ပျက်စီးမှာဖြစ်
ပါတယ်။

Septic Action ဖြစ်နေစဉ်မှာဓါတ်ပြု
ပြီး Gas တွေထွက်ပါတယ်။ ထွက်တဲ့ Gas
တွေဟာToxicဖြစ်ပြီးလေထက်ပေါ့ပါတယ်။
ဒီ Gas တွေဟာ Free Board မှာ အောင်း
နေရင် Inlet မှ Sewage နဲ့ Waste Water
တွေ မဝင်နိုင်တော့ပါဘူး။ ( အရပ်အခေါ်
လေတင်းတယ်/လေခံတယ် လို့ခေါ်ပါတယ်)
Air Circulationဖြစ်အောင်AirOutletPipe
( about 2"or1 1/2" dia.)ကို Scum Layer
အထက်နံရံ or အဖုံးCoverSlab မှာတပ်ဆင်
ပေးပြီးအဆောက်အဦးမှာရှိတဲ့ AirVentPipe
နဲ့ ဆက်သွယ်ရပါတယ်။

လေဟာ အနိမ့်မှာရှိတဲ့ Swan Neck
မှဝင်ပြီး Baffle Wall ကိုဖြတ်၍ Air Outlet
Pipe မှတဆင့် Vent Pipe အတွင်းသို့ Gas
တွေနဲ့အတူရောက်ရှိပြီး အမြင့်မှာထွက်သွား
အောင်လုပ်ရပါမယ်။ဒါကြောင့် Baffle Wall
ကို အထက် (Slab အောက်) မှာ 6" ခန့်
လွှတ်ထားပေးရပါမယ်။

စတင်အသုံးပြုတဲ့ အချိန်မှာကန်တွင်းရှိ
ရေ Level ဟာ Inlet မှ ချထားတဲ့ Pipe နှုတ်
ခမ်း အထက် 3" ခန့်အထိ ရေဖြည့်ထားပြီး
သုံးမှသာ Septic Action ဖြစ်ပေါ်မှာ ဖြစ်ပါ
တယ်။Cover Slab မဖုံးမီမှာ ကန်ရေလုံမလုံ
စစ်ဆေးဖို့ လိုပါမယ်။Septic Action မဖြစ်ရင်
အဲဒီကန်ဟာ Septic Tank မဟုတ်ဘဲ
Sewage Storage Tank သာ ဖြစ်နေပါလိမ့်
မယ်။

Manhole အပေါက်ကို ပိုက်ဆက်များ
ရှိသည့်နေရာအနီးတွင် ထားမှသာ အဖုံးဖွင့်
ပြီး ပိုက်ဆက်များ ပြုပြင်ရန် လွယ်ကူမှာ
ဖြစ်ပါတယ်။

Septic Tank ကို Black Cotton Soil
( ဆားနယ်ဖွတ်ချေးမြေ) တွင် တည်ဆောက်
ရပါက Tank ၏ အပြင်ပတ်လည်မှာ သဲဖြင့်
Back filling လုပ်ရပါမယ်။Black Cotton
Soil ဟာ ရေအစိုဓါတ်ရှိတဲ့ အချိန်မှာ ပွလာ
ပြီး ဘေးနံရံ အပေါ် Compressive Force
(ဖိအား) သက်ရောက်ပြီး ခြောက်သွေ့ချိန်
ကျုံ့သွားပါက Tensile Force (ဆွဲအား)
သက်ရောက်စေနိုင်သဖြင့် Septic Tank
နံရံများ အက်ကွဲနိုင်ပါသည်။ထိုအခါ Water
level ကိုမထိန်းနိုင်ဘဲ Septic Action
ပျက်သွားမှာဖြစ်ပါတယ်။နံရံနှင့် မြေအကြား
Sandဖြင့် ပိုင်းခြားထားခြင်းဖြင့်Compression
ခံရသော်လည်း Tension မခံရသဖြင့် နံရံ
အက်ကွဲခြင်းမှထိုက်သင့်သလောက်ကာကွယ်
နိုင်မှာ ဖြစ်ပါတယ်။

များသောအားဖြင့် Free Board (h 2)
ကို 0.3 metre(1 ပေခန့်)ထားလေ့ရှိပါတယ်။
Septic Action ဖြစ်ရန်ကြာချိန်(Detention
Period) မှာ 12 hrs. ခန့်ဖြစ်ပြီး Sludge
ထွက်ရှိမှုနှုန်းဟာ လူတစ်ဦး တစ်နှစ်လျှင်
10 litres နှုန်းဖြင့် တွက်လေ့ရှိပါတယ်။

ဒါကြောင့် သုံးစွဲသူဦးရေနဲ့ လိုအပ်သော
ကန်အရွယ်အစား တွက်ချက်မှုအတိုင်း မှန်
ကန်စွာတည်ဆောက်ပြီး Septic Action Fail
မဖြစ်ပါက ထွက်ရှိမည့် Sludge ထုထည်ကို
တွက်ထုတ်နိုင်ပြီး မိမိတည်ဆောက်ထားတဲ့
ကန်အနက်ရဲ့ ဘယ်နေရာလောက်အထိ
Sludge ဖြင့်ပြည့်နေပြီ ဆိုတာ ခန့်မှန်းနိုင်ပြီး
စုပ်ထုတ်ခြင်း( Withdrawal)လုပ်နိုင်မှာဖြစ်
ပါတယ်။

Outlet Pipe ထားရမဲ့ Level ကိုတော့
တည်ဆောက်မဲ့နေရာရဲ့ မိုးရာသီရေဝပ်တဲ့
Level နှင့် မြေအောက်ရေ ရှိ/ မရှိ တို့ အပေါ်
မူတည် တွက်ချက်ရမှာ ဖြစ်ပါတယ်။ Inlet
Pipe ဟာ Outlet ရဲ့ အထက် 3" မှ 6" ခန့်
ပိုမြင့်နေမှသာ အဆင်ပြေပါမယ်။

Sewer Pipe Line ရဲ့ Slope အချိုးနဲ့
တွက်ချက်ပြီး အဆောက်အဦးအတွင်းရှိ
W.C.( Ground Floor) မှ ထွက်တဲ့ Outlet
Level ကို ချိန်မှ ရာသီ မရွေး သုံးလို့ အဆင်
ပြေပါ့မယ်။

Septic Tank for 50 users
-----------------------------------------

According to table
100 user  =  240 lpm
150 user  =  360 lpm
200 user  =  480 lpm
300 user  =  720 lpm

10 lpm = 0.92  M^2

      100 user = 240 lpm
for    50 user = ?
                        =  120 lpm

   10 lpm  =  0.92 m^2
 120 lpm  =  ?
                   =  11.04 m^2

1   အနည်ထိုင်မည့်စွန်ပစ်အနက်  
                        (Sedimentation)  =  0.3 m
2   အလိုထားကျင်းအမြင့်    
                         (Free  board)        = 0.3 m
3  ကြေသွားမည့်အချိန်အတွက်အနက်
                          (Disgestion)        = 0.032 m
4  အညစ်အကြေးစု့ကန်အနက်
                        (Storage volume) = 0.073 m

To fine total volume -
1  Sedimentation  =  Area × Depth
                                  =  11.04 × 0.3 = 3.312 m^3
2  Free board          =  Area  ×  Depth
                                  =  11.04 × 0.3 =3.312 m^3
3  Disgestion          =  Depth × User
                                  =  0.032 × 50 = 1.6 m^3
4  Storage volume = Depth × User
                                   = 0.073 × 50 = 3.65 m^3
  Total volume       = 11.874 m^3

 Depth of Spetic Tank = Volume ÷ Area
                                          = 11.874 ÷ 11.04
                                          =  1.08 m

Assume  =  L/B = 2.5
 L = 2.5B
 Area = L ×  B  =11.04
 2.5B × B  = 11.04
 2.5 B^2 = 11.04
B^2 = 11.04/ 2.5 
B = 2.1 m ,L = 5.25 m

Depth = 1.08 m
Length = 5.25 m
Width = 2.1 m

မှတ်ချက်-----
     အညစ်အကြေးများသာကန်ထဲစု့စေပြီးရေများကို
မြေကြီးထဲပြန်စုတ်ဝင်စေပါသည်။(Soil Absorption System).

Credit ####
Photo credit  owner

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts