Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

Hydroplaning (သို့) ရေကြောင့် လမ်းပေါ်တွင် စလစ်ဖြစ်ခြင်း

January 16, 2023 122 views
Hydroplaning (သို့) ရေကြောင့် လမ်းပေါ်တွင် စလစ်ဖြစ်ခြင်း

Hydroplaning (သို့) ရေကြောင့် လမ်းပေါ်တွင် စလစ်ဖြစ်ခြင်း
************************************************************
မိုးရွာသည့် အခိုက် တွင်လည်းကောင်း (သို့မဟုတ်) ကားလမ်း သည် ရေဖြင့် စိုစွတ်နေလျင် သော်လည်းကောင်း ဖြစ်နေသည့် လမ်း ပေါ်တွင် သင်သည် ကားမောင်း သွားလာနေစဉ် စက္ကန့် ပိုင်း (သို့) အချိန်ကြာ ကြာ စလစ်ဖြစ်ဘူးပါသလား ။ အကယ်၍ ဖြစ်ဘူးခဲ့ပြီး သင် သည် မောင်းနေသည့်ကားအား အန္တရာယ် မရှိရန် ထိန်းသိမ်း နိုင်ခဲ့ ပါ က သင့် အနေဖြင့် Hydroplaning ဆိုသည့် ကားမောင်းနေစဉ် ရေကြောင့် စလစ်ဖြစ်သည့် အတွေ့အကြုံ ရှိသွားပြီ ဟု ဆိုနိုင်ပါသည်။

Hydroplaning ဆိုသည်မှာ အဘယ်နည်း။
Hydroplaning ဆိုသည်မှာ မော်တော်ကား၏ ဘီးတာယာ သည် စို စွတ်နေသည့် လမ်းပေါ်သွားနေသည့် အချိန်တွင် လမ်းချော်သွားခြင်း ကို ဆိုလိုခြင်း ဖြစ်သည်။ Hydroplaning ဖြစ်ရခြင်းမှာ သွားလာ နေ သည့် မော်တော်ကား၏ တာယာသည် သူဖယ်ထုတ်နိုင်သည့် ပမာ ဏထက် ပိုသည့် ရေများနှင့် တွေ့သည့်အချိန် တွင် ဖြစ်ပေါ်ခြင်း ဖြစ် သည်။ သွားနေသည့် မော်တော်ကား၏ ဘီးတာယာရှေ့တွင် Hydrodynamic ဆိုသည့် ရေဖိအားတစ်ခု ဖြစ်ပေါ်လာပြီး အဆိုပါ ဖိအားသည် ရေများကို ကားဘီးအောက်သို့ ဖိသွင်း လိုက်ပါသည်။ ထိုသို့ ရေများကို ကားဘီးအောက်သို့ ဖိသွင်းလိုက်သည့်အခါတွင် ၎င်းသည် ရေလွှာပါးလေး ဖြစ်သွားကာ ထိုရေလွှာသည် ကားဘီးနှင့် လမ်းမျက်နှာပြင်ကို ခွဲခြားလိုက်သကဲ့သို့ ဖြစ်ပြီး ကားတာယာ၏ ကုတ်အားကို လျော့နည်း သွားစေပါတော့သည်။ ထိုသို့ဖြစ်ခြင်းကြောင့် ကားစတီယာရင် ထိန်းမရတော့ခြင်း ၊ ဘရိတ်ဖမ်းသကဲ့သို့ ရုတ်တရက် အရှိန် တန့်သွားခြင်း နှင့် ကား အရှိန်ထိန်းနိုင်မှု ပျောက်ဆုံး သွားခြင်း များ ဖြစ်ပေါ်လာပါတော့သည်။

မော်တော်ကား တာယာဘီးတွင် မြောင်းလေးများ ပါရှိပြီး အဆိုပါ မြောင်းလေးများသည် ကားတာယာ အောက်ရှိရေများကို ဖယ်ထုတ်စီး ဆင်း စေရန် ပုံစံ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ ထိုသို့ ဘီးအောက်ရှိ ရေများကို ဖယ်ထုတ်လိုက်ခြင်းဖြင့် ကားတာယာ နှင့် လမ်းတို့ကြား ပွတ်တိုက်မှုအားကို ပိုကောင်းစေပါသည်။ ၎င်း ဖြစ်စဉ်သည် ကားလမ်း ပေါ်တွင် ရေကြောင့်ဖြစ်သည့် Hydroplaning ကို မဖြစ်စေရန် အကာ အကွယ် ပေးပါသည်။
မည်သည့် အချိန်တွင် Hydroplaning ဖြစ်ပါသနည်း။
စိုစွတ်နေသည့် မည်သည့် လမ်းမျှက်နှာပြင် မဆို Hydroplaning ဖြစ် နိုင် ပါသည် ။ မိုး ဖွဲဖွဲ စရွာသည့် ပထမ ၁၀ မိနစ်သည် Hydroplaning ပို ဖြစ်နိုင်၍ ပိုအန္တရာယ် များပါသည်။
အဘယ်ကြောင့်ဆိုသော် မိုးဖွဲဖွဲသည် လမ်းမျက်နှာပြင် ပေါ်ရှိ စက်ဆီ အကြွင်းအကျန်များ နှင့် ရောနှောကာ မော်တော်ယာဉ်အား လမ်းချော် မှု ပိုဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် တစ်နာရီ ၃၅မိုင် ထက် ပိုမောင်း သည့် မော်တော်ယာဉ်များသည် ထိုအခြေအနေတွင် လမ်းပိုချော် နိုင်ပါ သည်။ ထိုအခြေအနေသည် ယာဉ်မောင်း နှင့် ယာဉ်စီးနှင်းသူများ အတွက် အသက်အန္တရာယ် ထိခိုက်နိုင်သည့် အခြေအနေဖြစ်ပါသည်။

Hydroplaning ကို မည်သို့ ရှောင်ရှားမည်နည်း ။
လမ်းအင်ဂျင်နီယာ နှင့် လမ်းအသုံးပြုသူ ဟူ၍ (၂)ပိုင်း ခွဲကာ ဆောင် ရွက် ရပါမည် ။
အင်ဂျင်နီယာများ အနေဖြင့် သိရမည်မှာ Hydroplaning ဖြစ်ပေါ်မှု သည် သည် လမ်းပေါ်ရှိ ရေ၏ အထူ ၊ လမ်း၏ Geometric ပုံစံ ၊ ယာဉ်၏ အရှိန် ၊ ကားတာယာ ပန်း၏ အထူ ၊ တာယာဘီး လေပေါင် နှင့် လမ်းမျက်နှာပြင် အခြေအနေတို့ ပေါ်တွင် မူတည် ကြောင်း သိရ ပါမည်။ ထို့ကြောင့် Hydroplaning ဖြစ်နိုင်မှု လျော့ချရေးအတွက် လမ်း ဒီဇိုင်နာသည် လမ်းသား၏ အစောင်း ၊ အသုံးပြုမည့် လမ်းမျက် နှာပြင် ကြမ်းတမ်းမှု ၊ လမ်း အကွေ့ နှင့် အဆင်း၊အတက်များ ကြောင့် လမ်းပေါ် ရေအိုင်မှု များကို ထည့်သွင်း စဉ်းစားရပါမည်။ လမ်းထိန်း သိမ်းသည့် အင်ဂျင်နီယာ များ အနေဖြင့် လမ်ပေါ် ရေအိုင်ခြင်း ၊ ရေဝပ်ခြင်း များ မရှိစေရေး အတွက် အလေးထား ဆောင်ရွက်ရပါမည်။
လမ်းအသုံးပြုသူများ အနေဖြင့် အောက်ပါအတိုင်း ဆောင်ရွက်ခြင်းဖြင့် Hydroplaning ကို ရှောင်ရှားနိုင်ပါသည်။

၁။ မိမိ၏ ကားဘီးတာယာ ကို သတ်မှတ် လေပေါင် ဖြစ်စေရန် အမြဲ စစ်ဆေးပါ ။

၂။ တာယာများကို အခါ အားလျော်စွာ ရှေ့၊နောက် ၊ အတွင်း၊ အပြင် လဲလှယ် တပ်ဆင်သင့်ပါသည်။

၃။ အကယ်၍ လမ်းမျက်နှာပြင်သည် စိုဆွတ်နေပါက မော်တော်ကား အရှိန်ကို လျော့ မောင်းနှင်သင့်ပါသည်။ မြန်မြန်မောင်းခြင်းသည် မိမိ ကားတာယာ၏ ဘီးအောက်ရှိရေများကို ဖယ်ထုတ်ခြင်းကို ပိုခက်ခဲ စေ၍ ဖြစ်ပါသည်။

၄။ လမ်းပေါ်တွင် ရေအိုင်နေသည်ကို တွေ့ပါက ရှောင်မောင်းပါ။

၅။ မိုးရွာနေစဉ် ရေစီးဆင်းမှု များတတ်သည့် ယာဉ်သွားလမ်း ကို တတ်နိုင်သမျှ မမောင်းပါနှင့် ။ ပုံမှန် ဆိုပါက ယာဖက်ယာဉ်သွား လမ်းသည် ရေစီးပိုများပြီး ၊ လမ်းကွေ့များတွင် အကွေ့၏ အတွင်း ယာဉ်သွားလမ်းသည် ရေစီးပိုတတ်ပါသည်။

၆။ မိုးရွာနေပါက မိမိရှေ့မှ မောင်းသွားသည့် ကား၏ ဘီးလမ်းကြောင်း အတိုင်း မောင်းနှင်ပါရန်။

၇။ ဂီယာကြီးဖြင့် မောင်းပါရန်။

၈။ ရုတ်တရက် ဘရိတ်အုပ်ခြင်းကို ရှောင်ကျဉ်ပါ။

၉ ။ မိုးရွာနေစဉ် အမြန် ကားကွေ့ခြင်း ကို မပြုလုပ်ပါနှင့် ။

Reference : AASHTO Green Book , SafeMotorict.com

Credit >>> U Kyi Zaw Myint

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts