Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

##ကျောက်လမ်းခင်းရာတွင်သတ်မှတ်CBR ပြည့်မှီအောင် ဘယ်လိုခင်းမလဲ?

January 17, 2023 204 views
##ကျောက်လမ်းခင်းရာတွင်သတ်မှတ်CBR ပြည့်မှီအောင် ဘယ်လိုခင်းမလဲ?

##ကျောက်လမ်းခင်းရာတွင်သတ်မှတ်CBR ပြည့်မှီအောင် ဘယ်လိုခင်းမလဲ?
~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~

~အဓိက ကျောက်ဆိုဒ်မှန်ကန်ဖို့ အရေးကြီးပါတယ်…
~ဆောင်ရွက်ရမည့်လမ်းလွှာ၏လမ်းထု(Thick)သည် အသုံးပြုရမည့် ကျောက်ဆိုဒ်၏ ၂ဆခွဲ ထက်မပိုသင့်ပါ။
~အသုံးပြုသောကျောက်များသည် ထောင့်ချွန်ပုံသဏ္ဍာန်(Angle Shape)ဖြစ်ရပါမည်။အပြားပုံသဏ္ဍာန်(Flat Shape)များ အသုံးမပြုရပါ။
~အရွယ်ကြီးမားသောကျောက်များနှင့်ခင်းမည်ဆိုပါလျှင်  တည်ငြိမ်ဖို့ခက်ခဲပြီးအတွင်းတွင် Void များဖြစ်ပေါ်နေပြီး ချိတ်ဆက်မှုအား Interlocking မဖြစ်ပေါ်နိုင်ပဲ အပေါ်ကချုပ်အားက 1"&2" တစ်လုံးသာ ချုပ်အားပေမို့ဘယ်လောက်ကြိတ်ကြိတ် တစ်ခုသော Limit မှာ ရပ်တန့်Settlement ဖြစ်ပေါ်ပြီး CBR 80% ဆိုတာအလှမ်းဝေးကြမှာပါ။
~ ကျောက်ဆိုဒ်ကြီးလေ Void များလေ Interlock မဖြစ်နိုင်လေပါပဲ…
~အရွယ်ငယ်လေ void နည်းလေ ကျစ်လစ်မှုအားကောင်းလေပါပဲ။
~ဒါကြောင့် ကျောက်ဆိုဒ်မှန်ဖို့အရေးကြီးပါတယ်…

~ကျောက်စီတဲ့အခါ ကျောက်တစ်လုံးချင်းစီကို စနစ်တကျထောင်လျှက်အနေထားတိုင်း ကပ်လျှက်စီရပါမယ်…
~ကျောက်၏အပြားကြီးသောဘက်ကိုအောက်ကထားပြီး အချွန်ဘက်ကို အပေါ်ကထားစီပေးခြင်းဖြင့်လည်း Voids များကို အောက်ဘက်တွင် မဖြစ်ပေါ်စေတော့ပဲ အပေါ်ဘက်တွင် ပါးစပ်ဟနေပြီး Void များအတွင်းသို့ သပ်ကျောက်ထည့်ရပိုမိုလွယ်ကူပါတယ်။
~ထောင်(ဒေါင်လိုက်)စီချင်းအားဖြင့် သတ်မှတ် Thickness Level ရရှိစေနိုင်သည့်အပြင် ကျောက်များ ချိတ်ဆက်မှုအားကောင်းပြီး တိမ်းစောင်းခြင်း၊သွေဖည်ခြင်း(Deflection)တို့ကိုပါ လျှော့နည်းစေပါသည်…
~(ကျောက်များကိုလှဲစီသောအခါ တစ်လုံးနှင့်တစ်လုံး ထပ်၍စီရပြီး လမ်းကြိတ်စက်နင်းသောအခါ တည်ငြိမ်မှုအား ချိတ်ဆက်မှုအား မကောင်းမွန်နိုင်ပဲ Interlocking effect မရှိနိုင်သဖြင့် သတ်မှတ် CBR လည်း မပြည့်မှီနိုင်တော့ပါ..)
-ထို့နောက် ထောင်လိုက်စီထားပြီး အတွင်းတွင် ဖြစ်ပေါ်နေသော Void များအတွင်းသို့ သတ်မှတ်ဝင်ဆံ့နိုင်သည် အရွယ်တော် ညှပ်ကျောက်(Key)များ ဖြင့် သပ်ထိုးပေးရပါမည်…
-ကျောက်ကြီးပြီး key နည်းနေရင် ကျောက်ချင်းချင်းစုဖွဲ့မှု အားလျှော့နည်းသွားပြီး Plate နဲ့စမ်းတဲ့အခါ 0.05" နစ်ဝင်တဲ့အချိန်ဖိအားကို တန်များစွာ တင်းခံနိုင်ဖို့ မဖြစ်နိုင်တော့ပါဘူးး

-(တစ်ချို့က ကျောက်များအကုန်စီပြီးမှ ညှပ်ကျောက်များကို အပေါ်ယံလိုက်ဖြူးရုံသာ လုပ်ဆောင်တတ်ကြပါသည်။ထိုအခါ Voidများအတွင်းမဝင်ရောက်နိုင်သဖြင့်  Interlocking မဖြစ်ပေါ်ပဲ သတ်မှတ်CBR နဲ့ အလှမ်းဝေးနေကြဦးမှာပဲ)
-ကျောက်စီပြီးသွားလျှင် မိမိကျောက်ကွက်အား Checkup ပြန်လုပ်ပါ…
- ကြိုးတန်းထက်ကျော်နေလား။ ကြိုးတန်းအောက်နိမ့်နေလား ။
Camber (ခေါင် )နိမ့်နေလား စသဖြင့် စစ်ဆေးပြီး တစ်ခါတည်းပြုပြင်ရပါမယ်…
-ထို့နောက် (Shoulder )လမ်းပုခုံးကို ငုတ်ရိုက်ကြိုးဆွဲပြီး တစ်ခါတည်း ပြည့်မှီအောင် ကပ်ပေးရပါမယ်…
-(တစ်ချို့က လမ်းပုခုံး (Earth backing) ကိုတစ်ခါတည်းမဆောင်ရွက်ပဲ နောက်မှလိုက်ထည့်တတ်ကြပါသည်။လမ်းကြိတ်သောအခါတွင် လမ်းပုခုံး အားနည်းခြင်းကြောင့် ကျောက်များ ကြိတ်အားကြောင့် ဘေးဘက်သို့ထိုးဆင်းသွားခြင်းနှင့်  လမ်းကြိတ်စက် မနင်းရဲခြင်းတို့ဖြစ်ပေါ်တတ်ပါသည်)

-ပြီးရင်တော့ လမ်းကြိတ်စက် (Roller)နဲ့ စကြိတ်ပါမယ်…
လမ်းစကြိတ်လျှင် လမ်းပုခုံးဘက်မှ စတင်ကြိတ်ပြီးတဖြည်းဖြည်း ခေါင်ဘက်သို့လမ်း၏လားရာ Direction တိုင်းကြိတ်ရပါမည်…
-လမ်းကြိတ်နေစဉ်အတွင်း လမ်း၏Level နိမ့်သွားလား မောက်နေလား သပ်ကီးနည်းနေလား စစ်ဆေးပြီး တစ်ခါတည်း လိုက်ပြင်ပေးရပါမယ်။
-သတ်မှတ်သည့် Rolling passes ပြည့်လျှင် တုတ်ကလေးနဲ့ဖြစ်ဖြစ် ကားသော့လေးနဲ့ဖြစ်ဖြစ် လမ်းကို ကလန့်ကြည့်ပါ။မထွက်တော့ရင် CBR 40% နားသို့ရောက်နေပါပြီ။

-ပြီးရင်တော့ သဲဖြန့်အုပ်နိုင်ပါပြီ။
သဲအုပ်ရာမှာ အချို့က အများကြီး ထည့်တတ်ကြပါတယ်။သဲဆိုတာ ကျောက်ကိုချုပ်အောင်လုပ်တာမှန်ပေမယ့် ရေအစိုဓါတ်ရှိနေတုန်းသာ တည်ငြိမ်စေပေမယ့် ရေမရှိတော့ရင်တော့ ချုပ်အားနည်းပြီး လှုပ်ရှားကာလမ်း သက်တမ်းလျှော့ပြန်စေပါတယ်…
ဒါကြောင့် သဲကို ကျောက်တွေတည်ငြိမ်မှ void အတွင်း အနည်းငယ်သာ fill လုပ်ရမယ့် Sand Choke အနေဖြင့်သာ အသုံးပြုသင့်ပါသည်။
သဲခင်းအုပ်မယ်ဆိုရင် ကျောက်များကို Interlocking ဖြစ်အောင်တည်ဆောက်ပြီးမှ အုပ်သင့်ပါတယ်။
~ကောင်းမွန်ပြီး CBR ပြည့်မှီသော ကျောက်ချောလမ်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန် ရည်မျှော်လျှက်....

💞💞💞💞💞💞💞💞💞💞💞💞💞💞💞
                                   

#ကိုးကား ဆရာဦးသန့်ဇင်(CBR အကြောင်းတစေ့တစ်စောင်း )

စောချမ်းအေး

Credit >>> 

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts