Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အခန်းအတွက် အဲကွန်းစက်တပ်မယ်ဆိုရင်

January 18, 2023 262 views
အခန်းအတွက် အဲကွန်းစက်တပ်မယ်ဆိုရင်

အခန်းတခန်းကို အဲကွန်းစက်
ဘယ်လောက်စက်ကို တပ်ရမလဲသိပ်မရှင်းဘူးဆိုလို့ ရေးပြီးတင်ပေးလိုက်ပါတယ်။
အင်ဂျင်နီယာနည်းပညာအရ တွက်နည်းကအသေးစိတ်တွက်ရပေမယ့်
သာမာန်လူတိုင်းနားလည်ဖို့ တွက်နည်းအကြမ်းတင်ပေးလိုက်ပါတယ်ဗျ။

 နေ့တနေ့ရဲ့ပျမ်း မျှအပူချိန် 70'F နဲ့ 90'F ကြားရှိတဲ့
နှစ်ထပ် သုံးထပ် လေးထပ်တိုက်တခုလုံးမှာရှိတဲ့သာမာန်နေအိမ် ၊ရုံးခန်းတွေအတွက်ဆိုရင် ဒီအတိုင်း
စိတ်ချလက်ချတွက်လို့ရပါတယ်။

 ပထမဆုံးအခန်းရဲ့ထုထည်ကို ကိုကုဗပေနဲ့ရှာပါ။
ဥပမာ
အလျား=15ft
အနံ=10ft
အမြင့်=10 ft ရှိတဲ့ အုတ်နံရံကါ၊ပြူတင်းပေါက်ဧရိယာ
က 25 Sqft အောက်ရှိတဲ့၊လူ ၄ ယောက်အောက်နေတဲ့
အခန်းဆိုပါတော့
အခန်းရဲ့..
အလျားxအနံxအမြင့် မြှောက်ရင် ထုထည်ရမယ်..
1510ftx10ft=1500 ft3 ဆိုပါတော့
အဲဒါကို....အောက်က ဖော်ပြထားတဲ့အခန်းအနေအထားပေါ်မူတည်လို့
ပေးထားတဲ့ ကိန်ဂဏန်းနဲ့မြှောက်ရင်
အခန်းရဲ့ စွန့်ထုတ်ရမည့် စက်ရဲ့ BTU ကိုရပါတယ်။
အဲဒီ BTU စုစုပေါင်းကို..8000 နဲ့စားရင်
မြင်းကောင်းရေ..ဘယ်နှစ်ကောင်ဆိုတာရပါတယ်။

 အခန်းအမျိုးအစား(၁)

 လူနည်းနည်းနေတဲ့၊အုတ်နံရံကာ၊မျက်နှာကြက်လုံ
အခန်းဆိုတဲ့အတွက်
..6 နဲ့ထပ်မြှောက်ရပါမယ်။
ဒီအခန်းအတွက်ဆိုရင်
1500 ft3 x 6=9000 Btu
8000 နဲ့ စာတော့ (1.1 Hp)ကျော်ကျော်ရပါတယ်။
အရပ်ပြောပြောရရင် 1 Hp တကောင် စက်တပ်ရမယ်လို့ဆိုတာပါ။

 

 အခန်းအမျိုးအစား(၂)

 လူတော့နည်းတယ် အထပ်သား၊သစ်သားကာထားတယ်၊
မျက်နှါကြက်လုံတယ်ဆိုရင်..
9 နဲ့ထပ်မြှောက်ရပါမယ်။
ဒီအခန်းအတွက်ဆိုရင် 1500 ft3x 9=13500 Btu
8000 နဲ့စားရင်
(1.5 Hpတကောင်ခွဲ ကျော်ကျော်ရပါတယ်)
ကျန်တဲ့အခန်းပုံစံတွေလည်း ဒီအတိုင်းနမူနာယူတွက်သွားနိုင်ပါတယ်။

 အခန်းအမျိုးအစား(၃)

 အုတ်နံရံကာအခန်း၊လူတော့နည်းတယ်၊
မှန်တွေက အခန်းနံရံရဲ့ ဧရိယာရဲ့ သုံးပုံတပုံ
ကျော်ကာထားတယ်၊
မျက် နှာကြက်ကအပူလုံတယ်ဆိုရင်လည်း 9 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၄) 

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်
လူအသင့်အတင့်နဲ့အစည်းအဝေးခန်း၊
အားကစားခန်းမဖြစ်နေတယ်၊မျက် နှာကြက်အပူလုံဆိုရင်လည်း ၉နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၅)

 အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်
လူအများနဲ့ အစည်းအဝေးခန်းဆိုရင် 12 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၆) 

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်
လူနည်းတယ်၊မျက်နှာကြက်လုံတယ် ပြူတင်းပေါက်အများကြီးကျယ်တဲ့နံရံတွေရှိတဲ့အစည်းအဝေးခန်းဆိုရင်လည်း 12 နဲ့မြှောက်ရပါမယ်။

 အခန်းအမျိုးအစား(၇)

အိပ်ခန်း၊ဧည့်ခန်းပဲ အုတ်နံရံကာ၊ပြူတင်းပေါက်နည်း၊ မျက်နှာကြက်လုံတဲ့ လူ
အတော်အသင့်များရင် 7.5 နဲ့မြှောက်ရပါမယ်
နောက်ထပ် ဥပမာတခုထပ်တွက်ပြရရင်
အစည်းအဝေးခန်းတခု
လူများတယ်
ပြူတင်းပေါက်နည်းတယ်ပုံမှန်ပဲ
အုတ်နံရံကာ..မျက်နှာကြက်လုံတယ်
အလျား။ 40 ft
အနံ။20 ft
အမြင့်။12 ft ရှိတဲ့အခန်းဆိုပါတော့
အခန်းထုထည်=40x 20 x 12=9600 ft3
သူကို့ အပေါ်ကဖော်ပြထားတဲ့အခန်အမျိုးအစားအရ
12 နဲ့မြှောက်ရပါမယ်။အဲဒါဆိုရင်
9600x 12 =115200 Btu ရပါမယ်
အဲဒါဆိုရင်
115200 ကို 8000 နဲ့ စားရင် 14.4 Hp ရပါမယ်။
1 Hp ၁၄ လုံးတပ်ရင်တပ်(တကောင် 14 လုံး)
1.5 Hp ၁၀ လုံးတပ်ရင်တပ်
3 Hp ၅ လုံးတပ်ရင်တပ် တခုခုကိုတပ်ပေးလို့ရပါပြီ။
စက်တွေကိုနေရာချရင်သာ
လူတိုင်းစီကို လေဖြန့်ဖြူးနိုင်တဲ့ နေရာနဲ့ချိန်ပြီးတပ်ရုံပါ။ 

အဓိကမှတ်ရမှာကတော့
ပျဉ်ထောင်အိမ်၊ထရံကာမျက်နှာကျက်မရှိတဲ့မလုံတဲ့
အဆောက်အဦးအဦးတွေအတွက်ကတော့..
အဲကွန်းတပ်ဖို့အဆင်မပြေသလို၊သင့်လည်းမသင့်တော်ပါဘူး။သာမာန်လူသက်သာယုံပဲရပါမယ်။
သေချာတွက်လို့လည်းမရပါဘူးဗျ။

1 Ton အိမ်သုံးအဲကွန်းအသေးဟာ
လျှပ်စစ် Power Input
#1119 Watts(1.119 Kw)
#1.5 Hp (1 HP=746 Watts)
(တကောင်ခွဲ)နဲ့ညီပါတယ်။
Cooling Capacity အနေနဲ့
#12000 Btu
#3500Watt(3.5 KW)
#3024 Kilo Calories(Kcal)နဲ့ညီပါတယ်။
အဲဒါတွေက..စက်ရဲ့ဘေးName plate မှာ ဘယ်လောက် Cooling capacity ရှိတယ်
ဘယ်လောက် power input ရှိတယ်ရေးထားပါတယ်။
Cooling capacity တူပြီး
Power input နည်းတဲ့ တနည်းအားဖြင့်
လျှပ်စစ်ဝပ် နည်းတဲ့စက်ကိုရွေးချယ်တပ်ဆင်သင့်ပါတယ်။

 Credit : ကိုနန္ဒမိုး

Related Posts