Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ပိုင်ရှင် အငှားထံမှ ဝယ်ယူမိခြင်း

January 19, 2023 143 views
ပိုင်ရှင် အငှားထံမှ ဝယ်ယူမိခြင်း

ပိုင်ရှင် အငှားထံမှ ဝယ်ယူမိခြင်း

အိမ်ခြံမြေတိုက်ခန်းဝယ် မည်ဆိုလျှင် ရောင်းသူသည် ရောင်းပိုင်ခွင့်ရှိ၊ မရှိ၊ အမည်ပေါက် ဖြစ်သော်လည်း ပိုင်ရှင်အစစ် ဟုတ်မ ဟုတ်၊ အသေးစိတ်စိစစ်ရန် လိုပါသည်။ ရောင်းပိုင်ခွင့်မရှိသည့် ပိုင်ရှင်အစစ်မဟုတ်သူထံမှ ဝယ်မိ ၍ ပြဿနာဖြစ်တတ်ကြ သည်။

မိဘများက ငွေစိုက် ထုတ်၍ သားသမီးအမည်ဖြင့် အမည်ငှားအဖြစ် မှတ်ပုံတင်အ ရောင်းအဝယ်စာချုပ် ချုပ်ဆိုဝယ် ထားခြင်း၊ အကြောင်းအမျိုးမျိုး ကြောင့် မောင်နှမသားချင်းအတွင်း အမွေမခွဲဝေနိုင်မီတစ်ဦးတစ် ယောက်အမည်ဖြင့် အရောင်းအ ဝယ်မှတ်ပုံတင် စာချုပ်-ချုပ်ဆို ဝယ်ထားခြင်းများရှိတတ်ပေသည်။

အိမ်ခြံမြေဝယ်သူသည် သက်ဆိုင်ရာ ရုံးဌာနတွင် မြေပုံ မြေရာဇဝင်ကူးယူရန်ဆောင်ရွက် သည့်အခါ ကန့်ကွက်ခံရခြင်း၊ ငွေ အပြီးချေမည့်အချိန်တွင် ကန့် ကွက်သူပေါ်လာခြင်းများ မကြာ ခဏဖြစ်လေ့ရှိပေသည်။

“ဦးခင်မောင်ရီ (ခ) စု ရှန်ရီနှင့် ဦးရင်ကြွယ်ပါ (၂)ဦး၊ ၂ဝဝရခုနှစ် မြန်မာနိုင်ငံ တရားစီ ရင်ထုံး စာမျက်နှာ ၁ “အမှုမှာ ဦး ရင်ကြွယ် တို့က ဦးခင်မောင်ရီအ ပေါ် မြေနှင့် တိုက်ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာပြီး မှတ်ပုံတင်အ ရောင်းစာချုပ်အား ပယ်ဖျက်ပေး စေလို မှု စွဲဆိုခဲ့ရာ တရားရုံးချုပ်က ဦးရင်ကြွယ်အား အနိုင်ဒီကရီချ မှတ်ပေးခဲ့သဖြင့် ဦးခင်မောင်ရီမှ အထူးအယူခံခုံရုံးသို့ အယူခံတင် သွင်းလာသောအမှုဖြစ်ပါသည်။

အထူးအယူခံရုံးက သုံး သပ်ဆုံးဖြတ်သည်မှာ ဦးရင်ကြွယ် သည် မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်သည်။ ဒေါ်လှိုင် လှိုင်မှာ တရုတ် လူမျိုးဗုဒ္ဓဘာသာ ကိုးကွယ်ပြီး မူလက နိုင်ငံခြား သားလက်မှတ်ကိုင်ဆောင်သူဖြစ်သည်။ ဦးရင်ကြွယ်နှင့် ဒေါ်လှိုင် လှိုင်တို့မှာ အကြင်လင်မယားအ ဖြစ်ပေါင်းသင်းခဲ့ရာ သားသမီးနှစ် ဦးထွန်းကားခဲ့သည်။ ဦးခင်မောင် ရီသည် ဒေါ်လှိုင်လှိုင်၏ မောင်အ ရင်းဖြစ် သည်။

ဦးရင်ကြွယ်နှင့် ဒေါ် လှိုင်လှိုင်တို့သည် လင်မယားအ ဖြစ်ပေါင်းသင်းနေစဉ် အချင်းဖြစ် မြေနှင့် တိုက်ကို ဦးရင်ကြွယ် အ မည်ဖြင့် ဝယ်ယူပိုင်ဆိုင်ခဲ့ကြ သည်။

ဦးရင်ကြွယ်နှင့် ဒေါ်လှိုင်လှိုင်တို့သည် လင်မယားအ ဖြစ် ပေါင်းသင်းနေစဉ် အဆင်မ ပြေဖြစ်လာသဖြင့် ရပ်ကွက်ငြိမ် ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ရုံးတွင် ညှိနှိုင်းကြပြီး၊ လင်မယား ကွာရှင်းကာ ပစ္စည်းများကို တစ် ဝက်စီခွဲယူရန် သဘောတူညီကြ သည်။

နှစ်ဦးသဘောတူ ကတိ စာချုပ်အရ ၂၆.၄.၉၆ ရက်စွဲ ပါ လူမှုရေးဖြေရှင်းချက်တွင် အချင်း ဖြစ်မြေနှင့် တိုက်တန်ဖိုးကို ငွေ ကျပ်သိန်း ၈ဝ သတ်မှတ်ပြီး ဒေါ် လှိုင်လှိုင်က ၃.၅.၉၆ နေ့တွင် ငွေကျပ် သိန်း ၄ဝ အမ်းရန် သဘောတူကြောင်း ဖော်ပြထား သည်။

ဒေါ်လှိုင်လှိုင်မှာ နိုင်ငံ ခြားသားလက်မှတ်ကိုင်ဆောင်သူ ဖြစ်သဖြင့် အချင်းဖြစ်မြေနှင့် တိုက်ကို ဒေါ်လှိုင်လှိုင်၏မောင်ဖြစ် သူ ဦးခင်မောင်ရီအား အရောင်းအ ဝယ်မှတ်ပုံတင်စာချုပ် ချုပ်ဆို၍ ဦးရင်ကြွယ်က ရောင်းချခဲ့သည်။ ဦးရင်ကြွယ်က မှတ်ပုံတင် အ ရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးခဲ့ရသော်လည်း အမှန်တကယ် ငွေ ပေးချေခြင်းမရှိသဖြင့် စာချုပ်ချုပ် ဆိုပေးခဲ့ရပြီး အရောင်းအဝယ် မ မြောက်သောကြောင့် အချင်းဖြစ် မြေနှင့်တိုက်အား မိမိတို့ ပိုင်ဆိုင် ကြောင်း မြွက်ဟကြေညာပေးပါရန် နှင့် မှတ်ပုံတင်အရောင်း စာချုပ် အား ပယ်ဖျက်ပေးရန် စွဲဆိုလာ ခြင်းဖြစ်သည်။

ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၅၄ တွင် ရောင်း ချခြင်းဆိုသည်မှာ ပေးချေသည့် တန်ဖိုး သို့မဟုတ် ပေးချေမည်ဟု ကတိပြုသည့်တန်ဖိုး သို့မဟုတ် အချို့ကို ပေးချေ၍ အချို့ကိုပေး ချေမည်ဟု ကတိပြုသည့်တန်ဖိုး နှင့် လဲလှယ်၍ ပိုင်ဆိုင်ခွင့်ကို လွှဲ ပြောင်းခြင်းဖြစ်ကြောင်း ပြဋ္ဌာန်း ထားသည်။ သို့ဖြစ်၍ ရောင်းချ ခြင်း မြောက်ရန်အတွက် တန်ဖိုး ငွေကို ပေးချေရမည်ဖြစ်သည်။

ယခုအမှုတွင် ဦးရင်ကြွယ်က ဦးခင်မောင်ရီသို့ မြေနှင့် တိုက်ကို ငွေကျပ်သိန်း ၄ဝ ဖြင့် ရောင်းချခဲ့သည်ဆိုသော်လည်း မိမိရှေ့ တွင် ငွေပေးချေခြင်းမရှိ ကြောင်း မှတ်ပုံတင်အရောင်းစာ ချုပ်တွင် သက်သေအဖြစ် လက် မှတ်ရေးထိုးခဲ့သော ဦးမြင့်အောင် က ထွက်ဆိုထားသည်။

ထို့အတူ အရောင်းမှတ် ပုံတင်စာချုပ်တွင် သက်သေအ ဖြစ် လက်မှတ်ရေးထိုးသူဦးမြင့် ဆွေကလည်း မြေနှင့်တိုက် အ ရောင်းအဝယ် စာချုပ်- ချုပ်ဆိုရာ ငွေကျပ် သိန်း- ၄ဝ ပေးသည့် ကိစ္စ မိမိမရှိ၍ မသိပါဟု ထွက်ဆိုထား သည်။

သို့ဖြစ်၍ ယခုအမှုတွင် ဦးခင်မောင်ရီသည် ရောင်းဖိုးငွေ ပေးချေခဲ့ခြင်းမရှိကြောင်း တွေ့ရှိရ သည်။ တန်ဖိုး သို့မဟုတ် အဖိုးစား နားပေးခြင်းမရှိပါက မှတ်ပုံတင်စာ ချုပ် ချုပ်ဆိုထားစေကာမူ ရောင်း ချခြင်းမှာ အထမမြောက်ပေ။

ဦးခင်မောင်ရီမှာ ရောင်းချသည့် တန်ဖိုးငွေကို ပေးချေခဲ့ ခြင်း မရှိသဖြင့် မှတ်ပုံတင် အ ရောင်းစာချုပ်မှာ တရားဝင် အထမ မြောက်ကြောင်းတွေ့ ရသည်။

မှတ်ပုံတင်အရောင်းစာချုပ်မှာ တရားမဝင်သဖြင့် အချင်း ဖြစ်မြေနှင့် တိုက်ကို ဦးရင်ကြွယ်တို့ကသာ ပိုင်ဆိုင်ကြမည်ဟု ဆုံး ဖြတ်ခဲ့ပေ သည်။

ထိုကဲ့သို့ အမည်ငှားဖြင့် ဝယ်ယူထားသည့် အိမ်ခြံမြေတိုက် ခန်းတို့ကို ဝယ်မိပါက၊ အမှန်တ ကယ် ပိုင်ရှင်အစစ်ဖြစ်သူက ကန့် ကွက်ခြင်း၊ တရားစွဲဆိုခြင်းများ ဖြစ်တတ်ပေသည်။

စရန်ငွေများဆုံးရှုံးခြင်း နှင့် ပစ္စည်းလက်ရောက်ရရှိထား လျှင်လည်း အိမ်ခြံမြေတိုက်ခန်း များမှ ဖယ်ရှားပေးရခြင်းများဖြစ် နိုင်ပေ သည်။ ထို့ကြောင့် အိမ်ခြံ မြေတိုက်ခန်းများ ဝယ်မည်ဆို လျှင်နေ့စဉ်ထုတ်သတင်းစာများ ၌ကန့်ကွက်ရန်ရှိ၊ မရှိ ကြေညာ စာထည့်သွင်း၍ သက်ဆိုင်ရာမြေ ယာရုံးဌာနများတွင် စုံစမ်းဆောင် ရွက်သင့်ကြောင်း ဗဟုသုတအ ဖြစ်ရေးသားလိုက်ပါသည်။

ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts