Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ဇန်နဝါရီလ မွေးဖွားသူများ ချစ်ခင်သူ ပေါများရခြင်း အကြောင်းတရား (၇) ပါး

January 19, 2023 259 views
ဇန်နဝါရီလ မွေးဖွားသူများ ချစ်ခင်သူ ပေါများရခြင်း အကြောင်းတရား (၇) ပါး

(သင်၏ သူငယ်ချင်း (သို့မဟုတ်) ချစ်သူမှာ ဇန်နဝါရီဖွားတစ်ဦးလား?)

သင်၏ အရင်းနှီးဆုံးသူငယ်ချင်း (သို့မဟုတ်) ချစ်သူမှာ ဇန်နဝါရီဖွားတစ်ဦးဆိုပါက ဤဆောင်းပါးသည် ၎င်းတို့အကြောင်း ပိုမိုနားလည်လာစေရန် သင့်အတွက် အထောက်အကူဖြစ်လိမ့်မည် ဖြစ်သည်။

အတိုချုပ်ဆိုရလျှင် ဇန်နဝါရီဖွားတို့မှာ ပျော်ရွှင်မှုကို နှစ်သက်သူများ (သို့မဟုတ်) အပျော်အပါးမက်သူများ ဖြစ်ကြသည်။

၎င်းတို့၏ အကောင်းမြင်စိတ်မှာ အနီးဝန်းကျင်ကို ပျံ့နှံ့လွယ်ပြီး သူတို့၏ စွမ်းအား၊ တက်ကြွမှုမှာ ကူးစက်လွယ်သည်။

အောက်ပါတို့မှာ ဇန်နဝါရီဖွားတို့အား ချစ်မြတ်နိုးသူ၊ ခင်မင်သူ ပေါများရခြင်း၏ အကြောင်းတရားများ ဖြစ်၏။

(ဇန်နဝါရီဖွားတို့သည် ဟာသဉာဏ်ရှိကြသည်)

ဤလတွင် မွေးဖွားသူတို့သည် မွေးရာပါ ဟာသဉာဏ်ရွှင်သူများ ဖြစ်ကြသည်။

သူတို့သည် လေ့လာမှုအားကောင်းပြီး ပတ်ဝန်းကျင်တွင်ရှိသူများနှင့် သာမန်အကြောင်းအရာလေးများကို အရွှန်းဖောက်နိုင်ကြသည်။

ထေ့တတ်ငေါ့တတ်သည့် ဟာသဉာဉ်လည်း ရှိသည်။

(သူတို့ရှိနေလျှင် ပျင်းရသည်ဟု မရှိ)

ဇန်နဝါရီဖွားတို့သည် အများအားဖြင့် စကားများသူများဖြစ်ကြသည်။ အမြဲဟာသဖောက်တတ်ရာ အနီးတွင် သူတို့ရှိနေပါက ပျင်းရိရန်ပင် ခက်လှသည်။

သူတို့နှလုံးသားသည် ကလေးတို့သဖွယ်သာဖြစ်ပြီး အခြေအနေလိုအပ်မှသာ ရင့်ကျက်တတ်ကြသည်။

(ဇန်နဝါရီဖွားတို့သည် ပါတီပွဲတစ်ခု၏ အသက်ဖြစ်လေ့ရှိသည်)

ဇန်နဝါရီဖွား အများစုသည် ပေါင်းသင်းဆက်ဆံမှု အားကောင်းသူများဖြစ်ရာ သူစိမ်းများအပါအဝင် မည်သူနှင့်မဆို ငယ်ပေါင်းကြီးဖော်များပမာဖြစ်သွားရန် အချိန်များစွာမလို။

သူတို့သည် ပါတီပွဲများ နှစ်သက်ကြရာ ပွဲအတွင်းဝင်လိုက်သည်နှင့် လူအများ အာရုံစိုက်ရာ ဖြစ်လာကြသည်။

ဇန်နဝါရီဖွားတို့သည် ဂီတကို မြတ်နိုးကြရာ ၎င်းတို့တစ်ဦးတည်း သီချင်းဆိုနေသည်ကို တွေ့ရလျှင် အံ့အားသင့်ဖွယ် မရှိချေ။

(အလွန်ပြတ်သားကြသည်)

ဇန်နဝါရီဖွားအများစုသည် ဘဝ၏ ဦးစားပေးရန်ရှိသည်များကို ဖြောင့်တန်းစွာလုပ်ဆောင်ကြပြီး ဘဝကို ရှင်းလင်းစွာနေထိုင်ရခြင်းကို နှစ်သက်သည်။ ဇန်နဝါရီဖွားများ ဆုံးဖြတ်ချက် နှစ်ခါပြန်စဉ်းစားနေသည်ကို တွေ့ရခဲသည်။ ဆုံးဖြတ်ပြီးသည်နှင့် ထိုအတိုင်းသာ လုပ်ဆောင်သည်။

(သူတို့၏ အချစ်ရေးဘဝ)

ဇန်နဝါရီဖွားတို့သည် သူတို့၏ အချစ်ကို ထုတ်ပြရန်နှင့် ယုံကြည်မှုပေးရန် အချိန်ယူလေ့ရှိသည်။

အချစ်နှင့်ထိတွေ့ပြီဆိုပါက ထိုသူထံတွင်ပင် စိတ်နှလုံးမြှုပ်နှံ ဂရုစိုက်လေ့ရှိကြသည်။

(သူတို့ကို လွှမ်းမိုးရန် စဉ်းပင် မစဉ်းစားပါလေနှင့်)

ဇန်နဝါရီဖွားတို့သည် လွတ်လပ်သော အမြင့်ပျံငှက်များဖြစ်ကြပြီး တစုံတဦး၏ လွှမ်းမိုးခံရခြင်းကို မုန်းတီးကြသည်။

သူတို့လုပ်ဆောင်နေသည်ကို ရပ်တန့်ရန် ကြိုးစားမည်ဆိုပါက ချက်ချင်းပင် သူတို့၏ တုံ့ပြန်မှုကို တွေ့ရလိမ့်မည် ဖြစ်သည်။

ငါတို့လည်း ရှင်သန်မယ်၊ သူတို့လည်း ရှင်သန်ပါစေမူဝါဒကို ယုံကြည်သူများဖြစ်ပြီး အခြားသူအကြောင်း အတင်းပြောခြင်းကို ဇန်နဝါရီဖွားများအားလုံး မနှစ်သက်။

(တည်ငြိမ်ကာ အိန္ဒြေရကြသည်)

ဇန်နဝါရီဖွားတို့သည် လက်တွေ့ကျသူများဖြစ်ပြီး သဘာဝနှင့် လိုက်လျောညီထွေနေတတ်ကြသည်။ အလွယ်တကူ ဒေါသမထွက်တတ်ကြ။ ခက်ခဲသော အခြေအနေမျိုးမှာပင် ပြုံးနေသည်ကို တွေ့ရလိမ့်မည် ဖြစ်သည်။

ဘဝနှင့်ပတ်သက်၍ အကောင်းမြင်တတ်ကြပြီး အကြောင်းအရာများကို မတူညီသောရှုထောင့်မှ ရှုမြင်လာစေအောင် ပြုလုပ်တတ်ကြသည်။

Credit to original uploader

Related Posts