Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

တရားရှုံးထံမှ အိမ်မြေတိုက်ခန်း ဝယ်ယူလျှင်

January 23, 2023 194 views
တရားရှုံးထံမှ အိမ်မြေတိုက်ခန်း ဝယ်ယူလျှင်

တရားရှုံးထံမှ အိမ်မြေတိုက်ခန်း ဝယ်ယူလျှင်

“ငါဝယ်ထားတဲ့ တိုက်ခန်းက အမှုရှုံးထားတဲ့သူရဲ့ တိုက်ခန်းမို့ ဖယ်ပေးရမယ်ဆိုပြီး တရားရုံးက စာရောက်လာတယ်၊ အဲဒါဘယ်လို ကုစားလို့ရမလဲ သူငယ်ချင်း”
စာရေးသူ၏ ရုံးခန်းသို့ မိတ် ဆွေတစ်ဦး အပြေးအလွှားရောက် လာသည်။ မိတ်ဆွေ၏ မျက်နှာတွင် ပူပင်သောကများနှင့် ပြည့် လွှမ်းနေသည်။

“ဒါကလည်း မကြာခဏဖြစ် နေတဲ့ ကိစ္စပဲ သူငယ်ချင်း၊ မူလကတည်းက စုံစမ်းမေးမြန်းဝယ်သင့်တယ်” ကျွန်တော်က စကားဆက် လိုက်ပါသည်။

“ဝယ်တုန်းကတော့ အမှုက ပြီးသွားပြီ၊ သူနဲ့ မဆိုင်ဘူး ဆိုလို့ ဝယ်လိုက်တာပဲ”

“မြေရှင်နဲ့ တွေ့သေးလား၊ အခန်းအမည်ပြောင်းကိစ္စဆောင်ရွက်သေးလား”

“တရားစွဲတာက မြေရှင်က တရားစွဲတာ ဘယ်လိုလုပ်ဆက်သွယ် အမည်ပြောင်းလို့ရမလဲ”

“အင်း-ကိုယ်က တိုက်ခန်းကို ကြိုက်နေတော့ မြေရှင်နဲ့ သွားမညှိကြတော့ပဲ အလွယ်တကူ ဝယ် ကြတာတွေ ဖြစ်ကုန်တာပေါ့၊ အမှန်က တိုက်ခန်းကို ဝယ်မယ်ဆို ရင် မြေရှင်နဲ့ အိမ်ရှင်အိမ်ငှား သဘောတူ ငှားရမ်းခပေးရတယ်။ တစ်နည်းအားဖြင့်ဆိုရင် နေပိုင်ခွင့် အတွက် အမည်ပြောင်းဆောင် ရွက်ကြရတယ်”

“ခက်တာက သူငယ်ချင်း မင်းတို့ ရှေ့နေတွေ သိတဲ့အတိုင်းပဲ မြေရှင်တွေက အမည်ပြောင်းခဆို ပြီး မတရားတောင်းကြတာကွ၊ သိန်းချီတောင်းတာဆိုတော့ အ ဆင်မပြေဘူး၊ အခု ဥပဒေအရ လည်း တိုက်ခန်းကို ရောင်းရင် မြေ ရှင်ကို အသိပေးဖို့ မလိုဘူးလို့ ပြော တာပဲ”

“အေး-ရောင်းတာတော့ မြေ ရှင်ကို အသိပေးဖို့ မလိုဘူး၊ သူ သဘောမတူလည်း ရောင်းသူဝယ် သူ ကျေနပ်ရင် အရောင်းအဝယ် အတည်ပြုဆောင်ရွက်နိုင်ပါတယ်။ ဒါပေမယ့် တိုက်ခန်းဝယ်သူဟာ အဆိုပါ တိုက်ခန်းမှာ တရားဝင်နေ ပိုင်ခွင့်ကိုတော့ မြေရှင်နဲ့ ကတိစာ ချုပ်ဖြစ်ဖြစ် ငှားရမ်းခဖြစ်ဖြစ်ပေး ဆောင်ရတယ်၊ ဒါမှမဟုတ်ရင် မြေ ရှင်က တရားစွဲနှင်ထုတ်ပိုင်ခွင့်ရှိ တယ် သူငယ်ချင်း”

“ဒါဆိုရင် မြေရှင်ကလည်း တိုက်ခန်းရောင်းဝယ်တဲ့ နေရာမှာ ဝယ်သူ့အတွက် အဓိကနေရာက ပါနေတဲ့ သဘောပေါ့ မဟုတ်ဘူး လား”

“ဒီလိုလည်း ယူဆလို့ရပါ တယ်၊ သူငယ်ချင်း သိအောင် ဗဟုသုတအဖြစ် ပြောရရင် အိပ်(ချ်) ကူးပါးနှင့် မလှမိပါ နှစ် ဦး၊ ၁၉၆၂ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၆၀ မှာ၊ ၁၉၆၀ ပြည့်နှစ်မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၂၁ အရ အိမ်ခန်းမှ ဖယ်ရှား ပေးဖို့ချမှတ်တဲ့ အမိန့်ကို တရားရုံး ချုပ်မှာ အမှုခေါ်စာချွန်တော်အမှု ဖွင့်လှစ်ဆောင်ရွက်ခဲ့တာပဲဖြစ် တယ်။

အဲဒီမှာ ဆုံးဖြတ်တာက အိပ်(ချ်) ကူးပါးဟာ အိမ်ရှင်မလှ မိထံကနေ အချင်းဖြစ်အခန်းကို အိမ်ငှားကေဗွီရယ်ဒီနဲ့အတူ ငှား ရမ်းနေထိုင်ခဲ့တယ်လို့ ဆိုတယ်။ ကေဗွီရယ်ဒီက အိန္တိယ ပြည်သို့ ပြန် သွားပြီး ကွယ်လွန်သွားပြီဖြစ် တယ်။

အိမ်ငှားရမ်းခကို အိပ်(ချ်) ကူးပါးက မူလငှားရမ်းခဲ့သူ ကေဗွီ ရယ်ဒီအမည်နဲ့ အိမ်ရှင်ကို အိမ် လခပေးပေမယ့် အိမ်ငှားမဖြစ်နိုင်” လို့ ဆုံးဖြတ်ပြီး အိမ်ခန်းက ဖယ် ရှားစေတဲ့ အမိန့်ကို အတည်ပြုခဲ့ တယ်။ ဒါကြောင့် မြေရှင်နဲ့ တိုက် ခန်းဝယ်သူတို့ဟာ အိမ်ရှင်အိမ်ငှား အဖြစ်အမည်ပြောင်းဖို့ အထူးလို အပ်ပါတယ်”

“တရားစွဲဆိုခံထားရတဲ့ တိုက် ခန်းတွေကို ဝယ်မိတဲ့ သူတွေက လည်း အဲဒီတိုက်ခန်းက ဆင်းပေး ရမှာပဲလား”

“ဒါနဲ့ပတ်သက်လို့ သူငယ် ချင်း နားလည်အောင် တိုတိုရှင်း ရှင်း ပြောရမယ်ဆိုရင် “ဦးကိုရင်နှင့် မောင်ရဲမြင့် ၁၉၈၄ ခုနှစ်၊ မြန်မာ နိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၂၂၉ အမှုမှာ၊ တရားရုံးရဲ့ ဆုံးဖြတ် ချက် ဒီကရီကို လိုက်နာရန် တာ ဝန်ရှိသူများတွင် တရားရှုံးထံမှ အ ချင်းဖြစ် ဥပစာကို တစ်ဆင့်ငှား ရမ်းနေထိုင်သူ၊ အမှုအတောအ တွင်း ယင်းဥပစာကို လွှဲပြောင်းရ ယူထားသူ တရားရှုံးကို အကြောင်း ပြု၍ ယင်းဥပစာကို လက်ရှိထား သူတို့ ပါဝင်သည်”လို့ အဓိပ်္ပာယ် ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် အိမ်နှင်လိုမှုတွေမှာ တရားရှုံးထံ ကနေ အချင်းဖြစ်တိုက်ခန်းကို လွှဲ ပြောင်းဝယ်ယူမိခဲ့ရင် အိမ်နှင်လိုမှု ဒီဂရီကို လိုက်နာရန် တာဝန်ရှိသူ အဖြစ်နဲ့ ဝယ်ထားတဲ့ တိုက်ခန်းက နေ ဖယ်ရှားပေးရမှာဖြစ်တယ်”

“ဒါဆိုရင် အခုငါဝယ်ထားတဲ့ အခြေအနေက ဘယ်လိုဖြစ်နိုင် လဲ” မိတ်ဆွေက သူ့ကိစ်္စအပေါ် အတော်စိုးရိမ်သွားပုံပေါ်သည်။

“သူငယ်ချင်းရဲ့ ပြောစကား အရဆိုရင်တော့ မူလအမှုက ပြီး သွားပြီ၊ အခုဝယ်တာကလည်း တရားရှုံးထံက မဟုတ်ဘူးလို့ဆို တော့ အမှုအခြေအနေပြောင်းလဲ သွားနိုင်ပါတယ်”

“ဒါဆိုလည်း ငါသိအောင် နည်းနည်းဆွေးနွေးပေးပါဦးကွာ”

“အင်း မင်းကိုရှင်းအောင်ပြော ရရင် တရားရုံးချုပ်ရဲ့ အထူးအယူ ခံ အဖွဲ့က ဆုံးဖြတ်ထားတဲ့ တရား မ အထူးအယူခံမှု တစ်မှုကို ပြောပြမယ်”

ကျွန်တော်လည်း စာကြည့်ဘီ ရိုထဲမှ စီရင်ထုံး စာအုပ်တစ်အုပ် ကို ဆွဲထုတ်လိုက်သည်။

“အသေးစိတ်တော့ ငါဖတ်မ ပြတော့ဘူး။ လိုရင်းပဲ ဖတ်ပြလိုက် မယ်” ကျွန်တော်က သက်ဆိုင်ရာ စီရင်ထုံးက ဖတ်ပြပါသည်။

“ဒေါက်တာမြမြအေးပါ နှစ်ဦး နှင့် ဒေါ်မြမြဝင်းပါ နှစ်ဦး၊ ၂၀၀၀ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၈၈ (တရားမအထူး အယူခံအမှု)”တွင် ရန်ကုန်တိုင်း တရားရုံးက တရားနိုင် ဒေါ်မြမြ ဝင်း၏ လျှောက်ထားချက်အရ တရားရှုံးဦးကျော်ဦးအပေါ် အိမ် အပ်ဝရမ်းထုတ်ဆင့်သည့်အခါ အ ချင်းဖြစ်တိုက်ခန်းတွင် တွေ့ရှိသူ ဒေါ်မြမြအေးနှင့် ဒေါ်ရဟီမာတို့ က ကန့်ကွက်ခဲ့သည်။ တရားရုံးက စုံစမ်းစစ်ဆေး၍ အချင်းဖြစ်တိုက် ခန်းမှ ဖယ်ရှားပြီး တရားနိုင် ဒေါ်မြ မြဝင်းအား အိမ်ခန်းလက်ရောက် ပေးစေရန် အမိန့်ချခဲ့သည်။ ယင်း အမိန့်ကို မကျေနပ်၍ ဒေါ်မြမြ အေးတို့မှ အထူးအယူခံအဖွဲ့ထိ အ ယူခံဝင်လာခြင်းဖြစ်သည်။

ရုံးတော်က သုံးသပ်ဆုံးဖြတ် သည်မှာ ဒေါ်မြမြအေးသည် အချင်းဖြစ်တိုက်ခန်းကို တရားရှုံး ဦးကျော်ဦးထံမှ ဝယ်ယူထားခြင်းမဟုတ်ပေ။

ဒေါ်ညွှန့်ရီထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ တရားရှုံးဦးကျော်ဦးထံမှ စွန့်လွှတ်စာချုပ်အရ ဦးထွန်းဝင်း ပိုင်ဆိုင်လာပြီး၊ ဦးထွန်းဝင်းမှ အစ်မဖြစ်သူ ဒေါ်ညွန့်ရီ အား လွှဲပြောင်းထားသော တိုက်ခန်းဖြစ်သည်။

ဒေါ်မြမြအေးသည် တရားရှုံး ကိုကျော်ဦးထံမှ အချင်းဖြစ်ဥပစာ ကို အမှုအတောအတွင်း လွှဲပြောင်း ရယူထားသူမဟုတ်ပေ။ တရားရှုံး ထံမှ အမှုအတောအတွင်း ယင်း ဥပစာကို လွှဲပြောင်းရယူထား သူ သာ ဒီကရီကို လိုက်နာရန် တာဝန် ရှိသူဖြစ်သဖြင့် ဒေါ်မြမြအေးသည် ဒီဂရီကို လိုက်နာရန် တာဝန်ရှိသူ မဟုတ်ဟု ဆုံးဖြတ်ခဲ့သည်။

“ဒီစီရင်ထုံးအရ ပြောရရင် သူငယ်ချင်းက တရားရှုံးထံမှ ဝယ် ထားတာမဟုတ်ရင်တော့ တိုက် ခန်းကိုအပ်ဖို့ မလိုအပ်ဘူးပေါ့။ သူ ငယ်ချင်းပြောစကားအရ မူလအမှု ကပြီးပြီးသားဆိုရင်လည်း ရောင်း သူဟာ တရားရှုံးမဟုတ်ရင်တိုက် ခန်းက ဆင်းပေးစရာမလိုဘူး သူ ငယ်ချင်း”ဟု ရှင်းပြလိုက်ပါသည်။

မည်သို့ပင်ဆိုစေ၊ တိုက်ခန်း၊ အိမ်၊ မြေ ဝယ်မည်ဆိုလျှင် အမှု ခင်းရှိ မရှိ စုံစမ်းပြီးမှ ဝယ်ယူသင့် ကြောင်း အကြံပြုရေးသားလိုက်ပါသည်။

ထီယု(ဥပဒေ အတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts