Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

လင်မယားနှစ်ယောက် တစ်ပြိုင်တည်း သေဆုံးသော် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေဆက်ခံခွင့်

January 24, 2023 254 views
လင်မယားနှစ်ယောက် တစ်ပြိုင်တည်း သေဆုံးသော်  မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေဆက်ခံခွင့်

လင်မယားနှစ်ယောက် တစ်ပြိုင်တည်း သေဆုံးသော် 
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေဆက်ခံခွင့် 
************************************
မနုကျယ် ဓမ္မသတ် ဒဿမတွဲ အခန်း ၃၂ ၌
     " အကြင်လင်မယားနှစ်ပါးစုံ အိမ်ခြားနေရာတွင် သား သမီးမရှိ နှစ်ပါးစုံသေသော် မယားကပါးရင်းကို မယားမိဘယူစေ လင်ကပါရင်းကို လင်မိဘယူစေ နှစ်ပါးစုံ လင်ထပ်ပွားကိုလည်း အညီခွဲယူကြစေ ၎င်းတို့တွင် မယားကပါ လင်ကပါ ဥစ္စာမရှိ နှစ်ပါးစုံတွင် ဖြစ်ပွားသည့် ဥစ္စာရပ်သာ ရှိကလည်း အညီယူကြစေ မယားကဥစ္စာမပါ လင်ကဥစ္စာ ပါလျင် ဥစ္စာကို သုံးစု စု၍ နှစ်စု ပါရင်းသူမိဘက စားစေ တစ်စုကို မယားမိဘက စားစေ လင်ကမပါ မယားကပါလဲ သုံးစု စု၍ နှစ်စုကို မယားမိဘစားစေ တစ်စုကို လင်မိဘစားစေ မယားအရင်သေ၍ လင်နောက်မှသေသည်ဖြစ်လျင် အရင်သေသူမိဘတစ်စု နောက်သေသူမိဘနှစ်စု စားစေ တင်မြီရှိလည်း နည်းတူဆပ်စေ " ဟု တွေ့ရသည်

    လင်မယားနှစ်ယောက်တို့သည် တစ်ယောက်သေဆုံးပြီးနောက် " များမကြာမီ " တစ်ယောက်သေဆုံးလျင် ၎င်းတို့ပစ္စည်းအရပ်ရပ်၌ နှစ်ဦးပိုင်ဆိုင်ခွင့်သည် ဆက်လက်တည်မြဲ လျက်ပင်ရှိပေသည် သို့သော် တစ်ယောက်သေဆုံးပြီးနောက် ကျန်တစ်ယောက်သည် ကြာရှည်စွာနေရပါလျှင် ပစ္စည်းအရပ်ရပ်၌ နှစ်ဦးပိုင်ဆိုင်ခွင့်သည် ကျန်ရစ်သူ၏ရှိပြီး အခွင့်အရေးနှင့် ပူးပေါင်းသွားကြောင်းမှတ်ယူရမည်

မဂွမ်းပုံနှင့်မောင်ဖိုးကြွယ် ၂ ယူဘီအာ(၁၈၉၇-၀၁) ၆၆

     ဆိုလိုချင်တာက လင်မယားနှစ်ယောက် တစ်ပြိုင်ထဲ သေတာ / တစ်ယောက်သေပြီး " များမကြာခင် " နောက် တစ်ယောက်သေတာမျိုးဆိုရင် ကျန်ခဲ့တဲ့ပစ္စည်းတွေက နှစ်ဦး ပိုင်ပစ္စည်းအဖြစ်ရှိမယ် ဒါပေမဲ့ တစ်ယောက်သေပြီး ကြာရှည်မှ နောက်တစ်ယောက်သေရင်တော့ နောက်မှသေတဲ့သူ ပိုင်တဲ့ပစ္စည်းဖြစ်သွားမယ် အရင်သေတဲ့သူနဲ့ မဆိုင်တော့ဘူး
     ဒီမှာပြောစရာရှိတာက " များမကြာမီ " ဆိုတဲ့အချိန်ပဲ " များမကြာမီ " ဆိုတာ အချိန်ဘယ်လောက်ကြာလဲဆိုရင်
     " လင်မယားတို့၏ မိဘများ ပြိုင်တူအမွေဆက်ခံခွင့်မှာ ထူးခြားသောမှုခင်းများအတွက် ရည်ရွယ်၍ တမင်ချွင်းချက် ထားခြင်းဖြစ်ရာ အကြောင်းထူးမရှိပဲ သာမန်အမွေဆက်ခံရေး ဥပဒေသည်းမျဉ်းများကို ထိခိုက်ရန်မသင့်ပေ အကြောင်းထူးမရှိပဲ တစ်လမှကျော်လွန်သည့်အချိန်ကို " များမကြာမီ " ဟု မယူဆနိုင်ကြောင်း မမြင့်နှင့် မတုပ် ၁၀ အယ်ဘီအာ ၂၈၈ မှာ စီရင်ထုံးဖွဲ့ထားတာကိုတွေ့ရတယ် ဒီစီရင်ထုံးအရ " များမကြာမီ " ဆိုတဲ့အချိန်ဟာ တစ်လ သို့မဟုတ် အကြောင်းထူးများအတွက် တစ်လထက် ရက်အနည်းငယ်ကျော်သည့် အချိန်ကာလဖြစ်တယ်လို့ မှတ်ယူရပါမည်

Lawyer ⚖️YⓂ️K⚖️ (Mandalay)

Credit <<<<

ပြန်လည်ကူးယူဖော်ပြပါသည်။

 

Related Posts