Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

3ထပ်နှင့်အထက်အဆောက်အဦးများတွင်ပြောင်းလဲသွားသောမိလ္လာကန် (septic tank)ပြုလုပ်သောနည်းစနစ်သစ်များ

January 26, 2023 351 views
3ထပ်နှင့်အထက်အဆောက်အဦးများတွင်ပြောင်းလဲသွားသောမိလ္လာကန် (septic tank)ပြုလုပ်သောနည်းစနစ်သစ်များ

3ထပ်နှင့်အထက်အဆောက်အဦးများတွင်ပြောင်းလဲသွားသောမိလ္လာကန် (septic tank)ပြုလုပ်သောနည်းစနစ်သစ်များ
=======================

         မိလ္လာကန်(septic tank)ပြုလုပ်ရန် အတွက်မြေကြီးတူးခြင်း
လုပ်ငန်းအား သတ်မှတ်Levelထိရောက်အောင်တူးရန်။ဘေးပတ်ပတ်လည်တွင်
Wall R.C ဖြစ်သွား၍ concreteလောင်းရန်အတွက် သံချောင်းများကို ဆင်၍ သတ်မှတ်ထားသော ပေများအတိုင်းအကန့်များခွဲ၍ form work ရိုက်၍ ရေလုံအောင်သေချာစွာ concrete လောင်းရပါမည်။ပုံတွင်ပြထားသည့်အတိုင်း အရည်ကန်၊အဖတ်ကန်၊အနှစ်ကန်မှ ပိုက်များအားသတ်မှတ်Level အတိုင်းဖြစ်အောင်ပြုလုပ်ပေးရပါမည်။ဘေးနံရံ Wall R.Cအား6"ထုပြည့်စွာလောင်းရပါမည်။ဘေးဘက်မှရေများမဝင်အောင် အထူးဂရုစိူက်ရပါမည်။အတွင်းခန်းအကန့်များကို၊သတ်မှတ်Level
အတိုင်းပိုက်များထည့်ပေးရပါမည်။အတွင်းခန်းအကန့်များကို အုတ်စီ၍ချောလို့လည်းရပါသည်။အပြင်ပတ်ပတ်လည်အားလက်ရှိ
law အရ အုတ်စီချောခြင်း (လုံးဝ)ခွင့်မပြုပါ၊မိလ္လာကန်(septic tank)အပေါ်အဖုံးအားပုံတွင်ပြထားသည့်အတိုင်း Gas pipe များ
ထည့်ရန် 4"ထုရေဆင်းကောင်းစွာဖြင့် Slabလောင်းပြီး သေချာသွာချောရန်၊ Auto ရေစုပ်ပန့်အတွက် Breaker တခုအားအဆင်သင့်တပ်ဆင်ထားရန် breaker ကိုအမြဲတမ်းတင်ထားရန် ။ရေစုပ်ပန့်အထွက် 2"ပိုက်အားနောက်ဖေး ရေမြောင်းထဲသို့်လွှဲပေးရန် အကယ်၍
နောက်ဖေးရေမြောင်းမရှိပါက ဘေးရေမြောင်းထဲလို့ လွှဲပေးရပါမည်။ Media ကန် အဖုံးအား ပုံတွင်ပြထားသည့်၊သတ်မှတ် ပေအတိုင်း ဖောက်ပြီး၊အဖုံးအား အရှင်လုပ်ပေးထားရမည်။ Mediaကန်အတွက်ထည့်သွင်းသည့်၊Bio Media များအားပုံတွင်ပြထားပါသည်။ကန်ထရိုက်တိုက် များအတွက် ဖြစ်နိုင်လျှင် ပတ်ပတ်လည် ပုံတွင်ပြထားသည့် အတိုင်း
ရေလုံစွာဖြင့် Wall R.Cအားသတ်မှတ် ထုအတိုင်း လောင်းပြီ၊အတွင်းပိုင်း ဖွဲ့စည်းပုံနှင့်Bio Media ပစ္စည်းများအား 
ရေသန့်/မိလ္လာဌာန ကျွမ်းကျင်အဖွဲ့အစည်းမှ တာဝန်ယူပြုလုပ်ပေး
ထားခြင်းဖြင့် မိမိတို့ လူနေထိုင်ခွင့်(B.c.c)တင်ခြင်းအတွက် ရေသန့်
မိလ္လာဌာန၏ စစ်ဆေးမှု အဆင်ပြေနိုင်ပါသည်။
နောက်ဖေးလမ်းကြား (B.D.S)12'ထက် မကျော်ပါက မိလ္လာကန် 
(Septic tank)အား မိမိ၏ခြံဝင်းအတွင်းပြုလုပ်ရပါမည်။
မြေကွက်အကျယ်အဝန်း(20'×60')ရှိသော ဂရမ် မြေပေါ်တွင်
နောက်ဖေးလမ်းကြား(B.D.S)12'ကျော်ထက်ရှိပါက အလျား17'အနံ 3'6"အနက်6'10"ပုံတွင်ပြထားသည့် အတိုင်းပြုလုပ်ပေးရပါမည် ။မြေကွက်အကျယ်အဝန်း(40'×60')ရှိသော ဂရမ်မြေပေါ်တွင် နောက်ဖေးလမ်းကြား (B.D.S)12'ကျော်ရှိပါက အလျား32'အနံ5'6" အနက်6'10"မိမိ၏ မိလ္လာကန်(septic tank)ပုံစံပါအတိုင်းပြုလုပ်ပေးရပါမည်။မိလ္လာကန်(septic tank)
၏ အပေါ်ချောပြီးLevelမှာအဆောက်အဦး၏Ground beam
Level မှ 6"အောက်သို့ Levelချထားရပါမည်။မိလ္လာကန်(septic tank)လုပ်ငန်းစတင်ချိန်တွင် မိမိ၏ မြို့နယ်စည်ပင်သာယာရေသန့်/
မိလ္လာဌာနမှသက်ဆိုင်သူတာဝန်ခံအားခေါ်ပြပြီး မိမိ၏ သတ်မှတ်နေရာ ခေါ်ပြခြင်း ဆောင်ရွက်ပုံအဆင့်ဆင့်ကိုခေါ်ပြ၍
ဓာတ်ပုံဖြင့်ပြုလုပ်ပုံ အဆင့်ဆင့်ကို မှတ်တမ်းတင်ထားရှိပါမှ ရေသန့်
နှင့်မိလ္လာကန်စစ်ဆေးရေးဌာနမှ ကောင်းမွန်သော ထောက်ခံချက်
ရရှိပြီး (B.c.c)လူနေထိုင်ခွင့် အတွက် အဆင်ပြေနိုင်ပါမည်။
လိုအပ်ချက်များကို မိမိတို့၏ အသိပညာဖြင့် ထပ်မံဖြည့်စွက်ပြီး မိတ်ဆွေအားလုံး အဆင်ပြေစေရန်ရည်ရွယ်လျှက်......

                   U MYO MIN
Wint Hte San Construction &Home Decoration

Credit..winhtet san
ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts