Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

Fiber ရေတိုင်ကီတွေကိုဘာတွေနဲ့လုပ်လဲ

January 27, 2023 190 views
Fiber ရေတိုင်ကီတွေကိုဘာတွေနဲ့လုပ်လဲ

Fiber ရေတိုင်ကီတွေကိုဘာတွေနဲ့လုပ်လဲ
==================

Reinforced Fiber ( Concrete အတွင်းသုံး အမျှင်များအကြောင်း)
သမိုင်း
• ရွှံ့အုတ်များတွင် ကောက်ရိုးများ  ၊ ကွန်ကရစ်အဖျော်များတွင် မြင်းမြီးများ အသုံးပြုခဲ့ကြသည်။
• 1900 ခုနစ်အစောပိုင်းတွင် ကျောက်ဂွမ်း(Asbestos) ဟုခေါ်သော သဘာဝကျောက်ရိုင်းများမှ ထွ က် သောအမျှင်များ ကိုစတင်သုံးစွဲခဲ့ကြသည်၊
• သံ(Steel) ၊ မှန် (Glass) ၊ ဓာတုပစ္စည်း (synthetic) စသည့် fiber များကို Concrete ၏ စွမ်း ဆောင်ရည် ဂုဏ်သတ္တိများကို မြင့်တင်ရန် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ၊ ၄၀ ခန့်ကစ၍ အသုံး ပြုခဲ့ကြသည်။

ယေဘုယျ
• Concrete သည် ယေဘုယျအား ဖြင့်ကြွတ်ဆတ်သည်။Concrete ၏ဆွဲအားခံနိုင်မှုသည် ဖိအား ခံနိုင်မှု ၏ ဆယ်ပုံတစ်ပုံ သာရှိသည်။
• ပုံမှန်အားဖြင့် Concrete ကို သံချောင်းလုံးများထည့်သွင်း၍ အားဖြည့်တောင့်တင်းစေသည်။
• နောက်ပိုင်းတွင် သေးငယ်ပီးနေရာအနှံံ့ပျံ့နှံံ့နိုင်သော fiber များကို Concrete ကိုပိုမို ခိုင်ခန့်စေရန် သုံးလာကြသည်။ ပိုမိုခေတ်စားလာသည်။
• Concrete fiber များ၏ အဓိကရည်ရွယ်ချက်သည် အားအင်စုပ်ယူနိုင်မှုကို တိူးတက်စေရန် နှင့် ကြံ့ ခိုင် မှု တိုးလာစေရန်ဖြစ်သည်။

Fiber များအသုံးပြုရခြင်း အကြောင်းရင်း
• Fiber ၏အဓိကအခန်းကဏ္ဍသည် Concrete တွင်ဖြစ်ပေါ်လာသော အက်ကြောင်းများကို တားဆီးရန် နှင့်Concreteရဲ့ စွမ်းဆောင်နှိုင်မှုကိုတိုးတက်စေရန်ဖြစ်သည်။
• ကြုံ့မှု ၊ ပွမှု့ကြောင့်ဖြစ်ပေါ်လာသော အက်ကြောင်းများကိုလဲတားဆီးနိုင်ပါသည်။
• Concrete ၏ စိမ့်ထွက်မှုကိုလဲတားဆီးပေးပီး ရေများထွက်လာမှုကိုလဲ လျော့ချပေးပါသည်။
• သက်ရောက်လာသောအားများကိုလဲ ဖြန့်ဝေပေးပီး ခုခံအားကိုလဲတိုးတက်စေပါသည်။
အဓိပါယ်သတ်မှတ်ချက်
• ဘိလပ်မြေ ၊ ရေ ၊ ရောစာ နှင့် တဆက်တည်းမဟုတ်သော fiber အပိုင်းပိုင်းလေးများ ပါဝင်သော concrete ကို Fiber အားဖြည့်ကွန်ကရစ် ( Fiber Reinforced Concrete ) ဟုခေါ်သည်။

Fiber အမျိုးအစားများ 
• Steel Fibers ( သံချောင်းမျှင်လေးများ)
• Plastic Fiber ( Polyester , Polypropylene,Polyethylene)
• Glass Fiber (မှန်ချောင်းလေးများ)
• Natural Material (သဘာဝထုတ်ကုန်များ)ဖြစ်သော သစ်သားမျှင်၊ ဝါး ၊ မြက်
• Asbestos (ကျောက်ဂွမ်း)
• Carbon Fibers
  Steel fiber 
• အချင်း 0.25mm မှ 0.75 mm အထိရှိသည်။
• ထိပ်အစွန်နှစ်ဖက်တိုင်းတွင် ချိတ်အကောက်လေးများရှိသည်။ concrete ထဲ တွင် စွဲမြဲေ စရန်ဖြစ် သည်။
• ပုံစံအမျိုးမျိုးရှိသည်။ အဖြောင့်၊အကောက်၊ လှော်တက်ပုံ၊အတွန့်ပုံ အမျိုးမျိုးရရှိနိုင်သည်။
Plastic Fiber
• ဈေးသက်သာသည်။ အလွယ်တကူထုတ်လုပ်နိုင်သည်။
• ဓာတုဓာတ်ပြုမှုကို ခံနိုင်ရည်ရှိသည်။
• Concrete အပူရှိန်ကြောင့် အရည်မပျော် နိုင်ပါ။
Natural Fiber
• ဥပမာများမှာ ဝါး ၊ မြက် ၊ ဂုန်လျှော် ၊ သစ်သားမျှင်လေးများဖြစ်သည်။
• ဆွေးမြေ့မှုကို ကြံ့ ကြံ့ခံ နိုင်သည်။
• ခံနိုင်ရည်အားကောင်းသည်။

Asbestos Fiber
• ဓာတုဓာတ်ပြုမှုကို ခံနိုင်ရည်ရှိသည်။
• အရှည်တိုသည်။
• အားသက်ရောက်မှုကြောင့်ဖြစ်ပေါ်လာသော ကွေးညွှတ်မှုကိုခံနိုင်ရည်အား မှာ Plain Concrete ထက်နှစ်ဆ မှလေးဆအထိ ရှိသည်။
• ထုထည်အားဖြင့် ရှစ်ရာခိုင်နှုန်းမှ ဆယ့်ခြောက်ရာခိုင်နှုန်းထိပါဝင်သည်။

Carbon Fiber
• ဈေးနှုန်းမြင့်သည်။
• ဆွဲအားခံနိုင်ရည်အားမှာ (2110-2815) N/ mm2  ရှိသည်။
• Steel ထက်ပိုပီး ခံနိုင်ရည်အားကောင်းသည်။ ကြံ့ခိုင်မှု အားကောင်းသည်။
ရောစပ်ခြင်းအချိုးအစား
• ဘိလပ်မြေပါဝင်မှု ( 325 to 550 kg / m3)
• ရေနှင့်ဘိလပ်မြေအချိုး( 0.4 to 0.6)
• ရောစာအရွယ်အစား ( 10 mm )
• Fiber ပါဝင်မှု  (စုစုပေါင်းအရော၏  0.5 to 2.5 ရာခိုင်နှုန်း)
Fiber ပါဝင်သော Concrete ၏ အားသာချက်များ
• Concrete ၏ ကြံ့ခိုင်မှုတိုးတက်စေခြင်း
• ဆွဲအားခံနိုင်မှု တိုးတက်စေခြင်း
• သံချောင်းထည့်သွင်းအားဖြည့်မှုထက် ပိုဈေးသက်သာခြင်း
• ပါးလွှာသော ၊ လိုခှင်သောပုံစံအမျိုးမျိုး ပြုလုပ်နိုင်ခြင်း
• ထုံးစံအတိုင်းသုံးစွဲလာသော သံချောင်း အသုံးပြုမှုမှခွဲထွက်နိုင်ခြင်း
• 
Fiber ပါဝင်သော Concrete ၏ အားနည်းချက်များ
• Concrete လောင်းရာတွင် အဆင်ပြေမှုနည်းခြင်း
• ပစ္စည်းဈေးနှုန်းများခြင်း

Fiber ပါဝင်သော Concreteများအသုံးပြုသည့်နေရာများ
• ပိုက်လိုင်းများ
• အလွှာပါးများ
• နံရံကာများ
• ကြိုတင်လောင်းထားသော concrete ပုံစံများ
• နံရံပြားများ
• လမ်းနှင့် လေဆိပ်ပလက်ဖောင်းများ
• တူးမြောင်းများနှင့် ရေဆိုးလိုင်း များ

အိန္ဒိယတွင် Fiber အသုံးပြုပုံများ
• Matura project တွင် လမ်းခင်းခြင်းလုပ်ငန်း၌ Steel Fiber များအား တန် 400 ကျော် ထိ သုံးစွဲ ခဲ့သည်။
• Fiber ထည့်သွင်း၍ ကြိုတင်လောင်းထားသော မြောင်းဖုံးများ ဘောင်များ ကို ကျယ် ကျယ် ပြန့်ပြန့် အသုံးပြုနေပြီ ဖြစ်သည်။

နိဂုံး
• Plain Concrete ထက် ဆယ်ဆကနေ အဆလေးဆယ် ပိုပြီး energy ကိုစုပ်ယူနိုင်ပါသည်။
• Concrete ထဲတွင်ထည့်သွင်းရန် Fiber အမျိုးအစားများစွာရှိပါသည်။
• ရိုးရိုးသံချောင်းထက် ပိုပြီး ဈေးနှုန်းသက်သာပါသည်။
• မြင့်မားသော အပူချိန်တွင်လည်း ဆွဲအားခံနိုင်မှု နှင့် ဖိအားခံနိုင်မှု နှစ်မျိုးလုံးကိုပေးစွမ်းနိုင်ပါသည်။

Nan Aein Yee

Credit...nan aein yee

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts