✍️ လှေကား ( stair) ----+ လှေကားး ဝေနည်းကတော့..
✍️ လှေကား ( stair)
-------------------------------------------------+
လှေကားး ဝေနည်းကတော့..
အမြင့် 11' ပေ ရှိမယ်။ တစ်ဝက် ဝက်လိုက် ။ 5'6" ကျန်မယ် ။(5'6"မှာ landing ခွေးကတက်ခုံရှိရမယ် ၊ အ ပေါ်ကို ဆက်တက်ဖို့ အတွက်လေ။)
5'6"ကို လက်မ ပြောင်းလိုက်။ 5.5÷12 = 66"လက်မ ထွက်တယ်နော် ။ ဟုတ်ပြီ ။
ရိုးရာ အရ လှေကားကို 'မ' ထားမယ် ။ ဆယ့်တစ်မီးငြိမ်းတို့ ဘာတို့ညာတို့နဲ့ 11 ထစ် ဝေကြည့်မယ်။
ဒါကြောင့် အ စောက 66"လက်မကို 12 နဲ့ စားး။ 66÷12 = 5.5"လက်မ5.5" ပေါ့။ ဒါဆို အ ကျော် လက်မ ဖြစ်ပြီ ။(အဲ့ဒါကိုတော့ မင်းက တော် အတက်လို့ ခေါ်တယ်)
အထစ်နဲ့အ ကျော် အတိုင်းအတာ ရပြီ။ အနင်း ဘယ်နှစ်လက်မလဲ စဉ်းစားမယ် ။
အခန်း အကျယ်က 14'ပေ 8" လက်မ
landing (ခွေးကတက်)က 5'
လှေကားဝေ ဖို့ ကျန်တဲ့အကျယ်က
14'8"-5'= 9'8" ကျန်တယ် နော် ။
9'8" ကို လက်မ ပြောင်းလိုက် ။ 116 "လက်မ ရပါတယ်။
အနင်း အကျယ်ကို လိုချင် ရင်
လှေကားဝေမယ့် အကျယ်ကို
အထစ် အ ရေအတွက်နဲ့ စား
116"÷ 11 = ??? ဒါဆို ok ပြီ ။
- formwork ရိုက်ရာမှာ ပေးထားတဲ့အစောင်း degree (landing ချိုးရမယ့်အမြင့်) မှန်မမှန် အရင်စစ်ပါ။
- formwork ငြိမ်မငြိမ်၊ သတ်မှတ် အကျယ်၊ အကျော်၊ အနင်း နဲ့ ဗိုက်သားအထူတွေပြည့်မပြည့် စစ်ပါ။
- bar spacing, concrete cover တွေစစ်ပါ။
- concrete block တွေခုခိုင်းပါ။
- ကွန်ကရစ်မလောင်းခင် အခင်းသန့်ရှင်းရေးလုပ်ပါ။ ရေလောင်းခိုင်းပါ။
- ကွန်ကရစ် အချိုးနဲ့ ရေများမများ စစ်ပါ။
- Vibrator သေချာထိုးခိုင်းပါ။
- curing အတွက် အနည်းဆုံး မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေပုံမှန်လောင်းပေးပါ။
လိုအပ်တာတွေလဲ ရှိချင်ရှိပါဦးမယ် ။ ဆရာများ ဝင်ပြောပြပေးပါ ဗျ ။
✍✍✍✍✍
#Credit_to_original
#dayinkauk_construction
#knowledgesharing
Credit
ပြန်လည်ကူးယူဖော်ပြပါသည်။