Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ကိုယ်စားလှယ် လွှဲစာဖြင့်အိမ်မြေတိုက်ခန်း‌‌ရောင်းချခြင်း

January 31, 2023 136 views
ကိုယ်စားလှယ် လွှဲစာဖြင့်အိမ်မြေတိုက်ခန်း‌‌ရောင်းချခြင်း

ကိုယ်စားလှယ် လွှဲစာဖြင့်အိမ်မြေတိုက်ခန်း‌‌ရောင်းချခြင်း

ကိုယ်စားလှယ်လွှဲစာရသူက အိမ်မြေတိုက်ခန်းကို ရောင်းချလျှင် တရားဝင်ပါသလား။ ကိုယ်စား လှယ်လွှဲသူက သဘောမတူလျှင် အရောင်းအဝယ်ပျက်ပြယ်ပါသ လားဟု ဆွေးနွေးလာသဖြင့် ဤ ဆောင်းပါးကို ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။

 

ကိုယ်စားလှယ်

ဥပဒေအရ ကိုယ်စားလှယ်ဆိုသည်မှာ သူတစ်ပါးအတွက် မည် သည့်ကိစ္စမဆို ဆောင်ရွက်ရန် လွှဲအပ်ခြင်းခံရသူ သို့မ ဟုတ် စေခိုင်း ခြင်း ခံရသူကို ဆိုလိုသည်။

 

အကြီးအကဲ

အကြီးအဲဆိုသည်မှာ အမှု ကိစ္စများကို ဆောင်ရွက်စေရန် ခိုင်း စေသူ၊ ကိုယ်စားလှယ်လွှဲခွင့်ရှိသူ ကို ခေါ်သည်ဟု ပဋိညာဉ်ဥပဒေ ပုဒ်မ ၁၈၂ တွင် အဓိပ္ပာယ်ဖွင့်ဆို ထားပေသည်။

 

ကိုယ်စားလှယ်ခန့်ထားခြင်း

ကိုယ်စားလှယ်ခန့်ထားရာ တွင် နှုတ်ဖြင့်ဖြစ်စေ၊ စာချုပ်စာ တမ်းနှင့် ဖြစ်စေခန့်ထားနိုင်သည်။ ကိုယ်စားလှယ်စာချုပ် (ကိုယ်စား လှယ်လွှဲစာ)ကို မှတ်ပုံတင်စာချုပ် စာတမ်း ဥပဒေ ပုဒ်မ ၃၃ အရ မှတ်ပုံတင်ဆောင်ရွက်နိုင်ပေသည်။ အထူးသဖြင့် ကိုယ်စားလှယ် လွှဲအပ်သူ (အကြီးအကဲ) နှင့် ကိုယ် စားလှယ်လွှဲအပ်ခြင်းခံရသူတို့ သည် ဥပဒေအရ အရွယ်ရောက် သူများဖြစ်ပြီး စိတ်ပေါ့သွပ် သူများ မဖြစ်ရပေ။

 

ကိုယ်စားလှယ်ကို ရုပ်သိမ်းခြင်း

အကြီးအကဲသည် ကိုယ်စား လှယ်အားပေးအပ်ထားသည့် အ ခွင့်အာဏာကို ကိုယ်စားလှယ်က ကျင့်သုံးခြင်းမပြုရသေးမီ၊ မည် သည့် အချိန်မဆို အပ်နှင်းထား သော လုပ်ပိုင်ခွင့်ကို ပြန်လည်ရုပ် သိမ်းခွင့်ရှိသည်။

သို့ရာတွင် လွှဲအပ်ထားသော အခွင့်အာဏာအရ ကိုယ်စားလှယ် က အချို့အဝက်ကို ဆောင်ရွက် ပြီးသည့်အခါဖြစ်စေ၊ ကိုယ်စား လှယ် လုပ်ငန်းပြီးဆုံးသွားသည့်အ ခါ ဖြစ်စေ၊ ထိုဆောင်ရွက်မှုမှဖြစ် ထွန်းလာသည့် ကိစ္စတာဝန်များနှင့် စပ်လျဉ်း၍ အကြီးအကဲ သည် ကိုယ်စားလှယ်အားပေးအပ်ထား သည့် အခွင့်အာဏာကို ရုပ်သိမ်း ခွင့်မရှိကြောင်း ပဋိညာဉ်ဥပဒေ ပုဒ်မ ၂ဝ၄ အရ တားမြစ် ပိတ်ပင် ထားပေသည်။

ထို့ကြောင့် ကိုယ်စားလှယ်လွှဲ စာကို လွှဲအပ်ထားသည့် လုပ်ငန်း ဆောင်ရွက်မှုမပြီးမီသာ ပြန်လည် ရုပ်သိမ်းနိုင်ကြောင်း သတိပြု ရန် လိုအပ်ပါသည်။

 

ကိုယ်စားလှယ်လွှဲစာဖြင့် အိမ်မြေ တိုက်ခန်းရောင်းချခြင်း

မူလပိုင်ရှင်မှ ကိုယ်စားလှယ် လွှဲစာပေအပ်ထားသဖြင့် ကိုယ်စား လှယ်လွှဲစာရသူက ရောင်းသူအ ဖြစ်နှင့် အိမ်မြေတိုက်ခန်းများ ကို ရောင်းချလေ့ရှိကြသည်။

တစ်ခါတစ်ရံမူလပိုင်ရှင်မ သိဘဲ ရောင်းချလိုက်သည့် ကိစ္စ ရပ်များဖြစ်ပေါ်တတ်ပါသည်။ ပိုင် ရှင်နိုင်ငံခြားသွားနေစဉ်ကိုယ်စား လှယ်စာလွှဲထားခဲ့သူက ပိုင်ရှင်မသိဘဲ ရောင်းစားလိုက်သည်များလည်း ရှိပေသည်။ ထိုအခြေအနေမျိုး၌ ပိုင်ရှင်ဖြစ်သူက ကိုယ်စားလှယ် စာရသူအပေါ် နစ်နာကြေး၊ လျော် ကြေးတောင်းပိုင်ခွင့်ရှိပေသည်။ ပစ္စည်းဝယ်ယူအပေါ်ကိုမူ တရားစွဲ ဆို တောင်းပိုင်ခွင့် ရှိ မည်မဟုတ် ပေ။

 

ဤသည်နှင့် ပတ်သက်၍ တရားလွှတ်တော်ချုပ်က ဆုံးဖြတ် ထားသည့်အမှုတစ်ခုကို ဗဟုသုတ အဖြစ် ဖော်ပြလိုပါသည်။

“ဦးမျိုးဆွေသိမ်းပါ နှစ်ဦးနှင့် ဒေါ်မြနှင်းဝေ (ခ)မဝေ (ကိုယ်တိုင် နှင့် အမှတ် ၂ အယူခံတရားပြိုင် ၏ အခွင့်ရကိုယ်စားလှယ်)ပါ သုံး ဦးအမှုတွင် တရားလို ဦးမျိုးဆွေ သိမ်းနှင့် ဒေါ်မေဝင်းအောင်တို့က အမှတ် ၁ တရားပြိုင် ဒေါ်မြနှင်း ဝေ (ခ) မဝေကို မှတ်ပုံတင်အထူး ကိုယ်စားလှယ်စာများပေးအပ်ခဲ့သည်။ ဒေါ်မြနှင်းဝေက အမှတ်နှစ် တရားပြိုင် ဦးတင်မိုးသို့ အချင်းဖြစ် မြေကွက် ကို ကိုယ်စားလှယ်လွှဲစာ ဖြင့် မှတ်ပုံတင် အရောင်းစာချုပ် ပြုလုပ်ရောင်းချခဲ့သည်။

တရားလို ဦးမျိုးဆွေသိမ်းတို့က ဒေါ်မြနှင်း ဝေလွှဲပြောင်းရောင်းချခဲ့သည်ကို သိရှိ၍ ကြေးမုံသတင်းစာတွင် ၎င်း တို့က ဒေါ်မြနှင်းဝေ အား လွှဲအပ် ထားသည့် မှတ်ပုံတင် အထူးကိုယ် စားလှယ်လွှဲစာများကို ရုပ်သိမ်း ကြောင်းကြေညာခဲ့သည်။

ထို့နောက်တရားရုံးတော်၌ ဦး မျိုးဆွေသိမ်းတို့က ကိုယ်စားလှယ် လွှဲစာရရှိသူ ဒေါ်မြနှင်းဝေမှ ဦး တင်မိုးသို့ အချင်းဖြစ်မြေကွက်များ လွှဲပြောင်းရောင်းချသည့် မှတ်ပုံ တင် စာချုပ်များ အတည်မဖြစ် ကြောင်း မြွက်ဟကြေညာသည့် ဒီဂရီနှင့် မြေကွက်များနှင့် ဂရန် စာချုပ်များ လက်ရောက်ပေးအပ် စေရန် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဤတွင် မူလ မန္တလေးတိုင်းဒေသ ကြီး တရားလွှတ်တော်က အဆိုလွှာ ကို ပယ်ချခဲ့သဖြင့် တရားလွှတ် တော်ချုပ်သို့ အယူခံဝင်လာသော အမှုဖြစ်သည်။

ဤတွင် တရားလွှတ်တော် ချုပ်က သုံးသပ်ဆုံးဖြတ်သည်မှာ အချင်းဖြစ် မြေကွက်များကို မှတ်ပုံ တင် အရောင်းအဝယ်စာချုပ် ချုပ် ဆိုသည့်နေ့မှာ ၂၈-၉-၂ဝဝ၉ နေ့ ဖြစ်သည်။ မှတ်ပုံတင်သည့်နေ့မှာ ၂၅-၅-၂ဝ၁ဝ နေ့ဖြစ်သည်။ ဦးမျိုး ဆွေသိမ်းတို့ က ဒေါ်မြနှင်းဝေအား လွှဲအပ်ထားသော ကိုယ်စားလှယ် စာများကို အစောဆုံး ရုပ်သိမ်း သည့်နေ့မှာ ၄-၆-၂ဝ၁ဝ နေ့ထုတ် ကြေးမုံသတင်းစာမှ တစ်ဆင့် ရုပ် သိမ်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ တရားလိုတို့က အတိအလင်း ရုပ် သိမ်းကြောင်း ကြေးမုံ သတင်းစာမှ တစ်ဆင့် ရုပ်သိမ်းသည့်အခါ အ ချင်းဖြစ် အရောင်းအဝယ် စာချုပ် များကို ချုပ်ဆိုမှတ်ပုံတင်ပြီးဖြစ် သည်။ ပဋိညာဉ် အက်ဥပဒေ ပုဒ် မ ၂ဝ၈ တွင် ကိုယ်စားလှယ်၏ အ ခွင့်အာဏာကို ရုပ်သိမ်းခြင်းသည် ကိုယ်စားလှယ်နှင့် စပ်လျဉ်း၍ ထို သို့ ရုပ်သိမ်းကြောင်း ကိုယ်စား လှယ်ကဖြစ်စေ၊ အခြားသူများနှင့် စပ်လျဉ်းလျှင် အခြားသူများကဖြစ် စေ၊ မသိရှိမီ၌ အတည်မဖြစ်ဟု ပြဋ္ဌာန်းထားသဖြင့် ရုပ်သိမ်းသည်ကို အကြောင်းပြု၍ ကိုယ်စားလှယ် ဒေါ်မြနှင်းဝေက ကိုယ်စားလှယ် အဖြစ် စီမံဆောင်ရွက်ချက်များ သည် အတည်မဖြစ်ဟု မြွက် ဟ ကြေငြာပေးစေ လိုမှု စွဲဆိုရန် အ ကြောင်းမပေါ်ပေါက်ကြောင်း ဆုံး ဖြတ်ထားပါသည်။

ထို့ပြင် အကြီးအကဲ (ကိုယ် စားလှယ်လွှဲသူ) မသိဘဲ ကိုယ်စား လှယ်စာရသူက ဆောင်ရွက်ခဲ့လျှင် ယင်းကိုယ်စားလှယ်၏ ဆောင် ရွက်ချက်ကို ပယ်ဖျက်နိုင်ခွင့်ရှိ ကြောင်း ပဋိညာဉ်အက်ဥပဒေ ပုဒ် မ ၂ (စျ)တွင် ပြဋ္ဌာန်းထားသည်။ ကိုယ်စားလှယ်၏ ဆောင်ရွက် ချက် ကို ငြင်းဆိုရုံမျှဖြင့် ကိုယ်စားလှယ် ၏ ဆောင်ရွက်ချက်များသည် ပျက်ပြယ်သွားခြင်း မရှိချေ။ တရား လို ဦးမျိုးဆွေသိမ်း တို့သည် ဒေါ်မြ နှင်းဝေအပေါ် အချင်းဖြစ်မှတ်ပုံ တင် အရောင်းစာချုပ်များကို ဖျက် သိမ်းပေးစေလိုမှု စွဲဆိုရမည်ဖြစ် ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။

 

ထီယု (ဥပဒေ အတိုင်အပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts