Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

သံဆိုတာပူနေတုန်း ပုံသွင်းရသလို… ငလျင်အကြောင်းကလဲ ငလျင်လှုပ်ပြီးပြောရင် ပိုစိတ်ဝင်စားကြမယ်ထင်ပါတယ် ။ ဒီ Post မှာတော့ ဘာကြောင့် ငလျင်လှုပ်ရသလဲဆိုတာကို သိပ္ပံနည်းကျ ပြောပြပေးသွားမှာပါ ။

February 1, 2023 296 views
သံဆိုတာပူနေတုန်း ပုံသွင်းရသလို… ငလျင်အကြောင်းကလဲ ငလျင်လှုပ်ပြီးပြောရင် ပိုစိတ်ဝင်စားကြမယ်ထင်ပါတယ် ။ ဒီ Post မှာတော့ ဘာကြောင့် ငလျင်လှုပ်ရသလဲဆိုတာကို သိပ္ပံနည်းကျ ပြောပြပေးသွားမှာပါ ။

သံဆိုတာပူနေတုန်း ပုံသွင်းရသလို… ငလျင်အကြောင်းကလဲ ငလျင်လှုပ်ပြီးပြောရင် ပိုစိတ်ဝင်စားကြမယ်ထင်ပါတယ် ။ ဒီ Post မှာတော့ ဘာကြောင့် ငလျင်လှုပ်ရသလဲဆိုတာကို သိပ္ပံနည်းကျ ပြောပြပေးသွားမှာပါ ။

ဟိုးအရင်ကလူတွေဟာ ငလျင်ဘာ့ကြောင့်ဖြစ်ပွားရတယ်ဆိုတဲ့ အကြောင်းကိုအမျိုးမျိုးထင်မြင်ချက်ပေးကြပါတယ်။ ရှေးကဂျပန်လူမျိုးတွေဟာငါးကြီးက ကမ္ဘာကိုထမ်းထားပါသတဲ့ ..ငါးကြီးကညောင်းလို့ လူးလွန့်တဲ့အခါမှာ ငလျင်တွေဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တချို့ကျတော့ ကမ္ဘာမြေကြီးအတွင်းပိုင်းမှာအပေါက်တွေရှိပါတယ်တဲ့ ။ အဲ့အပေါက်တွေထဲလေတွေဝင်ပြီး တိုးဝှေ့တဲ့အခါငလျင်ဖြစ်တယ်လို့ ပြောကြပြန်ပါတယ်။ တချို့က ငလျင်ဟာကမ္ဘာမြေကြီးအောက်က သားရဲတိရစ္ဆာန်တွေ တိုက်ပွဲဖြစ်ကြလို့ဆိုတဲ့ အပြောတွေလဲရှိပါတယ်။ အဲ့ဒါတွေတစ်ခုမှမဟုတ်ပါဖူး။

ငလျင်ဘာကြောင့်လှုပ်ရတယ်ဆိုတာကိုသိဖို့အတွက် ကျနော်တို့ ကမ္ဘာမြေကြီးရဲ့ တည်ဆောက်ပုံကိုသိဖို့လိုပါတယ် ။ ကမ္ဘာမြေကြီးကိုအလွှာ (၄) ပိုင်းနဲ့ဖွဲ့စည်းထားပါတယ်။ ဟိုးအတွင်းဆုံးအပိုင်းမှာ Inner Core ဆိုတာရှိပါတယ် ။အဲ့နေရာဟာ အချင်းအားဖြင့် ၈၀၁ မိုင်လောက်ရှိပါတယ် ။ ဒါပြီးရင် Outer Core ဆိုတာရှိပါတယ် ။ သူကတော့ အချင်းအားဖြင့် ၁၃၇၀ မိုင်လောက်ရှိပါတယ် ။ ပြီးရင် Mantle လို့ဆိုတဲ့ အလွှာရှိပါတယ်။ ဒါကတော့ ၁၈၀၀ မိုင်လောက်အချင်းရှိပါတယ် ။ နောက်ဆုံးမှာမှ Crust လို့ခေါ်တဲ့ အပြင်ခွံရှိပါတယ် ။ သူကတော့ ၃ မိုင်ကနေ ၁၂ မိုင်အထိထူပါတယ် ။ (အောက်မှာပုံလေးပါပါတယ် ။ အဲ့ဒါလေးနဲ့တွဲကြည့်ရင်ပိုမြင်သာပါတယ်) ကျနော်တို့ဟာ Curst ပေါ်မှာနေနေကြတာပါ။ အဲ့ Crust ဟာ ဘာနဲ့တူလဲဆိုတော့ အပိုင်းပိုင်းကွဲအက်နေတဲ့ ကြက်ဥအခွံနဲ့တူပါတယ် ။ သူ့ရဲ့အောက်မှာတော့ မီးတောင်ကထွက်တဲ့ မီးတောင်ချော်လိုအရာတွေရှိနေပါတယ်  ။ ဒီတော့ အဲ့ဟာတွေဟာ ရေခဲတုံးကြီးတွေ ရေထဲမျောနေသလို ဦးတည်ချက်အမျိုးမျိုးနဲ့ သွားနေပါတယ် ။

အဲ့တော့ Crust မျက်နှာပြင်အချပ်ကြီးတွေကို ကျနော်တို့က Tectonic Plate လို့နာမည်ပေးထားပါတယ်။ ဒီတော့ အဲ့ Tectonic Plate တွေဟာ တစ်ခုနဲ့တစ်ခုကြားမှာ တစ်နှစ်ကို 50 millimeter (၂လက်မခန့်) ရွေ့နေပါတယ်။ ဒါဆိုရင် Tectonic Plate နှစ်ခုတိုက်မိတဲ့အခါ နှစ်သန်းပေါင်းများစွာကြာတဲ့အခါ ဘာဖြစ်မလဲ …. ဟုတ်ပါတယ် တောင်တွေ ၊တောင်တန်းတွေဖြစ်ပေါ်လာပါတယ် ။ ဒါဖြင့် ဒီ Tectonic Plate နှစ်ခုဟာ ဆန့်ကျင်ရာဖက်ကို ရွေ့လျားမယ်ဆိုရင်ကော နှစ်သန်းပေါင်းများစွာကြာတဲ့အခါ ဘာဖြစ်လာမလဲ …..  ဟုတ်ပါတယ် ခန့်မှန်းတာမှန်ပါတယ် ။ ချိုင့်ဝှမ်းကြီးတွေဖြစ်ပေါ်လာပါမယ်။

ဒါဖြင့်လာပါပြီး ကျနော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး …. တည့်တည့်လဲမတိုက် … ဆန့်ကျင်ဖက်လည်းမတွန်းပဲ ..ဘေးတိုက်ချင်း ပွတ်နေမယ်ဆိုရင်ကောဗျာ …. ဒီမှာ Tectonic Plate အချင်းချင်းဘေးတိုက်ကြီးတွန်းနေတဲ့လမ်းကြောင်းကြီးကို ကျနော်တို့က Fault Line (ငလျင်ကြော) လို့နာမည်ပေးလိုက်ပါတယ် ။ ကျနော်တို့နိုင်ငံရဲ့ ကမ္ဘာကျော် စစ်ကိုင်းငလျင်ကြောဟာ Indian tectonic Plate (သူက မြောက်ဖက် euroasia ကိုရွေ့ပါတယ်) နဲ့ Sundra Tectonic Plate တို့ ဘေးတိုက်ပွတ်တိုက်နေတဲ့ နေရာကြီးပဲဖြစ်ပါတယ်။Techanical term အရ Strike-slip fault လို့ခေါ်ပါတယ်။  စစ်ကိုင်းငလျင်ကြောဟာ ၉၃၂ မိုင်လောက်ရှည်လျားပြီး မြန်မာပြည် မြောက်ဖျားကနေ တောင်ဖက်အထိပါ။ လူနေထူထပ်တဲ့မြို့ကြီးတွေ (နေပြည်တော် ၊ မန္တလေး ၊ ပဲခူး ၊ စစ်ကိုင်း ၊ ရန်ကုန်နား) ဟာ ငလျင်ကြောအပေါ်မှာရှိနေတာမို့ အမြဲတမ်းသတိရှိနေဖို့လိုပါတယ် ။

ဒါဆို အတော်လေး ရှင်းသွားမယ်ထင်ပါတယ် (ဒီမှာ အများပြည်သူနားလည်အောင်ရေးတာမို့ Techanical အရတချို့ကိုချန်လှပ်ထားခဲ့ပါတယ် ဘူမိဗေဒပညာရှင်များနှင့် အင်ဂျင်နီယာများကတော့ အသေးစိတ်ထပ်မံလေ့လာဖို့လိုပါဦးမယ်ဗျ) …
ဆက်ပြောပါဦးမယ် …

ကျနော်တို့ရဲ့ စစ်ကိုင်းငလျင်ကြောဟာ အမေရိကန်ပြည်ထောင်စုက နာမည်ကြီး San Andreas Fault နဲ့အတော်ဆင်တူတာပါ ။ သူလဲ Strike-Slip fault အမျိုးအစားပဲဖြစ်ပြီးရွေ့လျားတဲ့နှုန်းကလဲတူပါတယ် ။အရှည်ကလဲတူတူနီးပါပဲ။ ကျနော်တို့လို လူနေထူထပ်တဲ့ ဆန်ဖရန်စစ်စကိုမြို့လိုကိုဖြတ်တာပါတူပါတယ်။ ဒါ့ကြောင့်ကျနော်တို့ရဲ့ အဆောက်အဦးစံချိန်စံညွှန်း (Building Code) ဟာ အမေရိကန်က Building Code ကိုမှီးငြမ်းထားတာလို့ စဉ်းစားမိပါသေးတယ် ။

အဓိကအကြောင်းအရာကိုပြန်သွားလိုက်ရအောင် … ဒါဆိုရင်  ဘေးတိုက်ပွတ်နေတဲ့ Tectonic Plate ကြီးနှစ်ခုဟာ ထိစပ်တဲ့နေရာတွေမှာ အချင်းချင်းကြိတ်ပြီးပွတ်ကြပါတယ်။ ဘာနဲ့တူလဲဆိုတော့ လက်ဖျောက်တီးသလို လက်ညှိုးနဲ့လက်မကိုအတင်းဖိထားသလိုပါပဲ … အခုဖိကြည့်ပါ … အတင်းအချင်းချင်းဖိလာတဲ့အခါမှာ နောက်ဆုံးအချိန်ရောက်ရင် ချော်ထွက်သွားပါတယ်… အဲ့လိုချော်ထွက်ရင်လက်ဖျောက်အသံလေးထွက်သလိုပါပဲ …

Tectonic Plate ကြီးနှစ်ခုဟာ အချင်းချင်းပွတ်ရင်း စွမ်းအင်တွေစုဆောင်းလာလိုက်တာ နောက်ဆုံးအချိန်မှာရုတ်တရက် ကျိုးပျက်သွားပါတယ် ။ အဲ့အချိန်မှာ အရင်ကစုဆောင်းထားတဲ့စွမ်းအင်တွေကို ရုတ်တရက်ပြင်းထန်တဲ့ရွေ့လျားမှုနဲ့ ထုတ်ပစ်လိုက်တာကို ငလျင် လှုပ်တယ်လို့ ကျနော်တို့က ပြောကြပါတယ် … (အခုမှပဲ ဇာတ်ရည်လည်တော့တယ် လူဆိုးက ဒင်းပဲ …) ပီးရင်နောက်တစ်ဖန် ထပ်ပြီးအချင်းချင်းပွတ်ကြပြန်ပြီး နောက်တစ်ခါ ငလျင်လှုပ်ဖို့အတွက် အလုပ်ဆက်လုပ်ကြပြန်ပါတယ် ....

ဒါဆိုကျနော်တို့ဟာ အမြဲတမ်း ငလျင်ဒဏ်ကိုခံနေရမယ်ဆိုတာကို ခန့်မှန်းမိမယ်ထင်ပါတယ် … ဒီတော့ အချင်းချင်းပွတ်ကြပြန်ပြီး ဘယ်အချိန်မှာထပြီး ငလျင်လှုပ်မယ်ဆိုတာကို ဘယ်သူမှမခန့်မှန်းနိုင်ပါဖူး ။ ဒီအောက်မှာရှိတဲ့ ကျောက်သားတွေရဲ့တည်ဆောက်မှုကဘယ်လိုဆိုတာကို အသေးစိတ်သိဖို့ရာခက်တာကိုဗျ … သို့သော်လည်း ဒါကို ခန့်မှန်းလို့၇တဲ့ Theory တစ်ခုရှိပါတယ် …ဒါကိုနောက်ပိုင်းဆက်ပြောပါ့မယ် ။

ကျနောခန့်မှန်း ပြောနိုင်တာက တစ်နှစ်အတွင်း တစ်ကမ္ဘာလုံးမှာ Magnitude 6 နဲ့ ငလျင် အခု ၂၀၀ ၊ Magnitude 7 နဲ့ ငလျင် အခု ၂၀ ၊ Magnitude 8 အထက် ငလျင် ၁ ခု လှုပ်နိုင်ပါတယ်။ 
ငလျင်နဲ့ပတ်သတ်လို့ ခန့်မှန်းထားတာတွေပါ …

၂၀၃၂ မနိုင်ခင်မှာ San Francisco မှာ magnitude 6.7 နှင့်အထက် ငလျင်လှုပ်ပါလိမ့်မယ် ။
၂၀၄၁ မတိုင်ခင်မှာ နယူးဇီလန်နိုင်ငံမှာ ငလျင် အကြီးအကျယ်လှုပ်ပါမယ် ။
၂၀၅၁ မတိုင်ခင်မှာ တူရကီနိုင်ငံ Istanbul မြို့မှာ  Magnitude 7 နှင့်အထက် ငလျင်တစ်ခုလှုပ်ပါလိမ့်မယ် ။

အဲ မြန်မာပြည်အတွက် တစ်ခုခန့်မှန်းထားတာလေး မျှဝေပါရစေ .… 
၂၀၄၀ မတိုင်ခင် Magnitude 7 နှင့်အထက် ငလျင်တစ်ခု  လှုပ်နိုင်ပါတယ် ။

စာလဲရှည်သွားတော့နားပါရစေ ။ နောက်ထပ် ငလျင်နဲ့ပတ်သတ်တဲ့ အကြောင်းအရာလေးတွေ ဆက်တိုက်တင်ပေးသွားပါ့မယ် ။

References …
Google
Earthquake Tips (C.V.R Murty)
US Geological Survey 
Journal of Geophysical research ,109 ,BS5304 (Parsons.T)
Technical Report , Calfornia Institute of Technology (Huixian .L et al)
Seismic Design for architects (Andrew Charleson)
Bulletin of the New Zealand National Society for Earthquake Engineering (Norton,J.A et al)  
Earthquake Hazard along Sagaing Fault (Tint Lwin Swe)

မူရင်းရေးသားသူအားလေးစားစွာဖြင့်
creditပေးပါသည်။

ပြန်လည်ကူးယူဖော်ပြပါသည်။

 

Related Posts