Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

Waterproofing..နည်းပညာ

February 1, 2023 116 views
Waterproofing..နည်းပညာ

Waterproofing..နည်းပညာ
====================

ဤ Post ကို အသိပညာမျှဝေပေးရန်အတွက်သာရည်ရွယ်ပါသည်။ Waterproofing အမျိုးအစားတွေထဲကမှ Membrane အချပ်လိုက်ကပ်ပြီး အသုံးပြုသည့် နည်းစနစ်ကို မျှဝေသွားမှာ ဖြစ်ပါသည်။ ဤနည်းစနစ်ကို အဆောက်အဦး၏ Roof နှင့် Planter Box များ၌အသုံးပြုကြသည်။ အသုံးပြုရမည့် Structure Surface သည် ချောမွေ့သော ( Power Float Finishing) မျက်နှာပြင်ဖြစ်ရန်လိုအပ်သည်။ ဤနည်းစနစ်၌Membrane ကို ကော်နှင့်ကပ်၍ အသုံးပြုရမည်ဖြစ်သောကြောင့် မျက်နှာပြင် ကြမ်း နေပါက Membrane နှင့် ကြမ်းခင်း စွဲမြဲစွာ ကပ်နိုင်ရည် နည်းမည်ဖြစ်ပါသည်။ ချောမွေ့နေမှသာ Membrane သည် Structure Surface ၌ နှစ်ပေါင်းများစွာ မြဲမြံစွာ ကပ်နေမည်ဖြစ်သည်။ Cementitious Waterproofing ကဲ့သို့ပင် Structure Ponding Test ကို အလျင်ဦးစွာ ပြုလုပ်ရန်လိုအပ်သည်။ နေရာ အနေအထားနှင့် လိုအပ်ချက်များအတိုင်း Structure Ponding Test ကို ၂၄ နာရီမှ ၇၂ နာရီ ထိ လုပ်ဆောင်ရန်လိုအပ်သည်။ Structure Ponding Test ကို အရင်ဦးစွာပြုလုပ်ခြင်းသည် မှန်ကန်သောနည်းစနစ်ဖြစ်သည်။ Structure Ponding Test မလုပ်ပဲ Waterproofing ကိုဦးစွာလုပ်သူများလည်းရှိကြသည်။ မှားယွင်းသော နည်းစနစ်ဖြစ်သည်။ အကယ်၍ ရေယိုစိမ့်မှုများဖြစ်ပါက Structure Repair လုပ်ရမည်ဖြစ်သည်။ Structure Ponding Test ဦးစွာပြုလုပ်ခြင်းကြောင့် ယိုစိမ့်သော နေရာများကို လွတ်လပ်စွာ ပြုပြင်နိုင်မည်ဖြစ်သည်။ အကယ်၍ Waterproofing ပြီးသောအခါမှဆိုလျှင် Structure ပြုပြင်ရာ၌ လွတ်လပ်မှုမရှိခြင်း ၊မလိုလားအပ်သောအခက်အခဲ များနှင့်ကြုံဆုံရခြင်း၊ မဆုံးရှုံးသင့်သော ကုန်ကျစားရိတ်များ ပေးရခြင်း တို့နှင့် ကြုံရပေမည်။ Structure Ponding Test ပြီးပါက Surface Preparation ပြုလုပ်ရမည်ဖြစ်သည်။ ချိုင့်ခွက်များကို ဘိလပ်မြေဖြည့်ပေးခြင်းနှင့် နံရံနှင့် ကြမ်းခင်းထောင့်များအား ၄၅ ဒီဂရီ အစောင်းပြုလုပ်ပေးရမည်ဖြစ်သည်။ 45’ Chamfer ပြုလုပ်ခြင်းကြောင့် Membrane များပျက်စီးခြင်းမှ ပိုမိုကာကွယ်နိုင်သည်။ ထို့အပြင် ထောင့်များ၌ GAP ဖြစ်နေခြင်းများကင်းဝေးမည်ဖြစ်သည်။ ဤနည်းစနစ်၌ Membrane များအဆုံးသတ်ရမည့် 25 mm/ 30mm Groove Line တစ်ခုပြုလုပ်ပေးရန်လိုအပ်သည်။ သာမန် Roof ကဲ့သို့ နေရာများ၌ ကြမ်းပြင်မှ 300mm ၌ ပြုလုပ်ပေးရန်လိုအပ်ပြီး Planter Box ကဲ့သို့သောနေရာများ၌ Soil Level ၏အထက်၌ ပြုလုပ်ပေးရန်လိုအပ်သည်။Surface Preparation ပြုလုပ်ပြီးပြီဆိုပါက Membrane စတင်ခင်းနိုင်ပြီဖြစ်သည်။ Structure Surface ကိုဦးစွာ ကော်သုတ်ရသည်။ ထို့နောက် Membrane ကိုကော်သုတ်ရသည်။ ကော်သုတ်ထားသောမျက်နှာပြင်နှစ်ခု ကပ်မိသည်နှင့် Membrane သည် Surface ၌ မြဲမြံစွာကပ်နေမည်ဖြစ်သည်။ ဤနေရာ၌ အရေးကြီးသောအချက်တစ်ချက် သတိမူရမည်ဖြစ်သည်။ Vertical Membrane သည် Horizontal Membrane ၏အပေါ်၌ ထပ်ရမည်ဖြစ်ပြီး Slope Surface များ၌ အမြင့်ဘက်မှ Membrane သည် အနိမ့်ဘက်ရှိ Membrane အပေါ်၌ ရှိရမည်ဖြစ်သည်။ သို့မှသာ ရေများ မြင့်ရာမှနိမ့်ရာသို့ အဆင်ပြေစွာ စီးဆင်းသွားမည်ဖြစ်သည်။ Membrane ၏ Lapping နေရာများ၌ ခိုင်ခံ့သော Joint များ ရရှိရန် 50 mm to 100 mm ထပ်လျှက်ရှိနေရမည်။ Membrane Joint များကို အပူပေး၍မှုတ်ရသော Blower များအသုံးပြု၍ Membrane ကိုအပူပေး၍ ဆက်ရသည်။ Membrane များအားလုံး ခင်းပြီးပါက Groove Line အတွင်းအဆုံးသတ်ထားသော Membrane Edge ကို ကွာကျမှုမရှိစေရန် Silicon ဖြင့် Sealant ပြုလုပ်ပေးရသည်။ ထို့နောက် Waterproofing Ponding Test ကို ၂၄ နာရီမှ ၇၂နာရီထိ ပြုလုပ်ပေးရမည်ဖြစ်သည်။ Waterproofing Ponding Test စစ်ဆေးပြီးပါက Waterproofing အပိုင်းအားလုံးပြီးဆုံးပြီဖြစ်သည်။ Water Release ပြုလုပ်ချိန်၌ ရေကို တရှိန်ထိုးထုတ် ခြင်းမှရှောင်ကျဉ်ပြီး ဖြည်းဖြည်းမှန်မှန် Release လုပ်ရမည်ဖြစ်သည်။ ရေစီးအရှိန်နှင့် Membrane အချပ်များကွာတတ်ပြီး Membrane များပျက်စီးတတ်သောကြောင့်ဖြစ်သည်။ Membrane ခင်းပြီးသော Surface ကိုကာကွယ်ရန်အတွက် Planter Box များ၌ Drain Cell များခင်းပြီး Drain Cell အပေါ်မှ Fabric Geotextile ကိုခင်းရသည်။ ထိုအဆင့်များပြုလုပ်ပြီးမှသာ Planter Box အတွင်း Soil ဖြည့်ခြင်း အပင်များစိုက်ခြင်းကို ပြုလုပ်ရမည်ဖြစ်သည်။  Drain Cell နှင့် Geotextile  အသုံးပြုခြင်းဖြင့် Membrane ကို ကောင်းမွန်စွာ အကာအကွယ်ပေးနိုင်သကဲ့သို့ Planter Box အတွင်းရှိ အပင်များ၏ အမြစ်များ ရေမြုပ်၍ အပင်များသေခြင်းမှ ကာကွယ်ပြီးသားဖြစ်ပေသည်။ Roof ကဲ့သို့သောနေရာများ၌ Membrane အပေါ်၌ 25mm to 50 mm Heavy duty Polyform နှင့် ၎င်း၏အပေါ်မှ Fabric Geotextile ကို ခင်းပေးရသည်။ ထို့နောက် Topping Screed/ Topping Concrete လောင်းရသည်။ Roof များ၌ ၂ မီတာ၊၃ မီတာ ပတ်လည် PVC/Rubber Expansion Joint များထည့်ပေးခြင်းဖြင့် ကွန်ကရစ်ကြမ်းခင်းများ အက်ကွဲခြင်းဘေးမှကာကွယ်ပေးသည်။ Waterproofing ပစ္စည်းများ နှင့် အသုံးပြုသည့်နည်းစနစ်များ မည်သို့ပင်မှန်ကန်ကောင်းမွန်နေစေကာမူ ပင်မ Structure ၏အရည်အသွေး ညံ့နေပါက အသုံးဝင်မည်မဟုတ်ပေ။ထို့ကြောင့် အဆောက်အဦး၏ အစပိုင်းကတည်းက နည်းစနစ်မှန်ကန်စွာ လုပ်ဆောင်ရန်အရေးကြီးလှပေသည်။                              စေတနာများစွာဖြင့်                                                                      

Credit..htet ko

ပြန်လည်ကူးယူဖော်ပြပါသည်။

 

 

Related Posts