Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

Automatic Divorce အကြောင်း လေ့လာစရာများ

February 3, 2023 229 views
Automatic Divorce အကြောင်း လေ့လာစရာများ

Automatic Divorce

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင်
အလိုအလျောက် လင်မယားကွာရှင်းပြတ်စဲခြင်း(Automatic Divorce)ဟူ၍ မရှိပါ။
လင်ကမယားအား(၃)နှစ်၊မယားကလင်အား(၁)နှစ် စွန့်ပစ်မှု(disertion)အပေါ်အခြေပြု၍ သတ်မှတ်ကာလပြည့်မြောက်သည်ဆိုသောအချိန်တွင်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဆိုကာ၊လင်မယားကွာလိုမှုစွဲဆိုမှုများတွေ့ရှိရပါသည်။

စွန့်ပစ်မှုတွင် စွန့်ပစ်ခံရသူလင်(သို့မဟုတ်)မယားဖြစ်သူကပြတ်စဲလိုပါကပြတ်စဲကြောင်းဆန္ဒကိုထုတ်ဖော်ပြသရပါမည်။အကြောင်းမှာ  Automatic Divorce မရှိ၍ဖြစ်ပါသည်။

ထိုသို့ဆန္ဒကိုထုတ်ဖော်ပြသရန်အလျာ်ကန်ဆုံးနည်းလမ်းမှာစွန်ပစ်ခံရသူကစွန့်ပစ်သူထံ လင်မယားအဖြစ်ပတ်သတ်မှုမရှိတော့ပါကြောင်း"စာပေးပို့"လိုက်ပါ။
ထိုသို့စာပေးပို့ တနည်းအားဖြင့်စွန့်ပစ်ခံရသူက စွန့်ပစ်သူအပေါ် အထက်ပါအတိုင်းဆန္ဒဖော်ထုတ်လိုက်လျင်ကွာရှင်းပြတ်စဲသွားပြီဖြစ်ပါသည်။

စွန်ပစ်မှုအတွက်လင်မယားကွာရှင်းပြတ်စဲရန်တရားရုံးဒီကရီရယူရမည်ဟူ၍လည်းစီရင်ထုံးမရှိပါ။

ထို့တူစွန့်ပစ်ချက်ဖြင့်ကွာလိုမှုစွဲရန်တရားစွဲရန်အကြောင်းပေါ်ပေါက်သည်ဟူ၍လည်းစီရင်ထုံးမရှိပါ။

အထက်ဖော်ပြပါဆန္ဒထုတ်ဖော်မှုအပေါ်စွန့်ပစ်သူကလက်မခံငြင်းပယ်သည်ရှိသော် စွန့်ပစ်ခံရသူက လင်မယားကွာလိုမှုစွဲရန်အကြောင်းမပေါ်ပေါက်ဆိုသည်ကိုသတိချပ်သင့်ပါသည်။

အကြောင်းမှာဆန္ဒထုတ်ဖော်ပြီးသည်နှင့်ပြတ်စဲပြီးဖြစ်သည့်အခြေအနေတွင်ကွာလိုမှုစွဲရန်အကြောင်းမပေါ်ပေါက်၍လည်းဖြစ်ပါသည်။

စောဒကတတ်လာနိုင်သည်မှာနောက်ပိုင်းတွင် စွန့်ပစ်သူကဖြစ်စေ၊စွန့်ပစ်ခံရသူကဖြစ်စေတစ်ဦးဦးကလင်မယားဖြစ်ဆဲဖြစ်ပါသည်ဟုဆိုလာသည်ရှိသော်မည်သို့ဆောင်ရွက်ရမည်နည်းဆိုသောပြသနာဖြစ်ပါသည်။

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂အရ လင်မယားမဟုတ်တော့ကြောင်းမြွက်ဟကြေညာပေးရန်တရားစွဲဆိုရမည်သာဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။

Credit to original uploader

Related Posts