Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

#Steel_structure မှာ Limit State ဆိုတာရှိတယ်

February 3, 2023 184 views
#Steel_structure မှာ Limit State ဆိုတာရှိတယ်

#Steel_structure မှာ Limit State ဆိုတာရှိတယ်

အဲ့ဒါခဏထားပါအုံး အလွတ်ကျတ်ရမဲ့ဟာ အရင်ပြောပါမယ်

Steel structure တွေကို ဆက်မယ်ဆိုရင် ၂ နည်းပဲမှတ်ပါ

ဝရိန်ဆော်မှာလား နပ်နဲ့ဆွဲမှာလားပေါ့

ဝရိန်ဆော်တာကို ၂ မျိုးခွဲပြီးမှတ်ပါ ဆော်မဲ့နည်းပညာရယ် ဆော်နည်းရယ်

နည်းပညာအားဖြင့် အများကြီးလျှောက်မှတ်မနေပါနဲ့ ၄ ခုမှတ်ရင်လောက်ပြီ

1.shield metal arc welding (SMAW)
2.gas metal arc welding (GMAW )
3.flux core arc welding ( FCAW )
4.Submerged Arc welding (Saw)

သူတို့ရဲ့နောက်မှာ Process လေးထည့်ပြောကြပါ ဥပမာ SMAW process

ဆော်နည်းလည်း ၄ မျိုးပဲမှတ်ရမယ်

1.Fillet weld
2.Groove weld
3.Plug weld
4.Slot weld

ကယ် bolts and nuts အကြောင်းသွားရအောင်

Bolts မှာတော့ ပြောစရာလေးနဲနဲများလာပြီ သူ့မှာ သုံးတဲ့ သံအကြောင်းစပြောမယ်ဗျာ

ASTM A307 bolt - ဒါက အနိမ့်ဆုံးပါ ညံ့တယ်မထင်ပါနဲ့ ခုထိ အမေရိကန်မှာ သုံးတုန်း သူ့ရဲ့သံက A36 steel နဲ့တူတယ် ဈေးပေါတယ် purlin တွေ truss အသေးစားတွေ dynamic load မပါတဲ့ structure တွေမှာ သုံးတယ်

ASTM A325 bolt - ဒီကနေစပြီး high strength bolt ပါ သူ့ကို medium carbon steel ကနေလာတယ်

ASTM A 490 bolt - သူ့က alloy steel ကနေလာတယ် ဒီ high strength bolt တွေကို အိမ်ကစပြီး မိုးထိမျှော်စဉ်တွေအထိ သုံးတယ် သူတို့က ကျပ်ထားပြီးရင် သိပ်မချောင်ဘူး စိတ်ချရတယ်ပေါ့

တခြားတွေကတော့ ASTM A 354  -- ASTM A 449 ပေါ့

Anchor Rod အတွက်ဆိုရင် ASTM F1554 ရှိတယ်

AISC သတ်မှတ်ထားတာက bolt တလုံးနဲ့တလုံး c to c spacing ကို အနည်းဆုံး bolt diameter ရဲ့ ၃ ဆ 3d

အပြင်ဖက်အလုံး အစွန်ဆုံးကတော့ 1.75 d ဒါက shear edge အတွက်ပါ rolled edge ဆိုရင်တော့ 1.25 d ပေါ့

Shear edge လား rolled edge လားမကွဲရင် များတာကိုသာ ယူလိုက်

Bolt တပ်မယ်ဆိုရင် အပေါက်ဖောက်ပေးရတယ် ဖောက်ရမဲ့အပေါက်က bolt diameter ထက်ကြီးရမယ်ဆိုတော့ ဆိုဒ်သပ်မှတ်ပေးရမယ်

Hole size က ၄ မျိုးရှိတယ်

Standard (STD)
Oversized ( OVS )
Short - Slot ( SSL)
Long - Slotted ( LSL)

အပေါက်ကြီးရင်တော့ ချိန်ပြီးထည့်ရတာ လွယ်တာပေါ့ ဒါပေမဲ့ အရမ်းကြီးမှာစိုးလို့ ဒီ လေးမျိုးနဲ့သတ်မှတ်ထားတာပါ ဒါတွေကို သိချင်ရင် table ကြည့်ပါ

Bolt ကြပ်တဲ့နည်း ၃ မျိုးရှိတယ်

1. Snug-tight bolt joint
2. Pretensioned joints
3. Slip-critical joints

အသေးစိတ်ကိုနောက်မှ ဆက်ရေးမယ် ဒီလောက်ကျတ်ထားပါ

Steel structure ရဲ့ limit state ဆိုတာ မင်းဒါကိုမကျော်နဲ့ ကျော်ရင် နာမယ်လို့ သတိပေးတာပဲ design Ok မ Ok ဒါနဲ့ပဲစစ်တယ် သူက Failure ဖြစ်နိုင်တဲ့ ပုံစံတွေကိုပြောတာ မင်းကို အားဒီလောက်ပဲ ခွင့်ပြုမယ် မင်းက ဒီထက်ဆိုးလာရင် ငါသတ်မှတ်ထားသလို Failure ဖြစ်မယ်ပေါ့

Limit state တွေကို အလွတ်ကျတ်ထားပါ ပြီးမှ ရှင်းမယ် အခု က intro လောက်ပဲ

Block Shear ( BSR )
Bolt Bearing ( BB )
Bolt Shear ( BS )
Bolt Tension Fracture ( BT )
Flanged Local Bending ( FLB )
Web Compression Buckling ( WCB )
Web creeping ( WC )
Web Local Buckling ( WLB )
Web Local Yielding ( WLY )
Flexural Yielding ( FY )
Prying Action ( PA )

Shear Yielding ( SY )
Shear Rupture ( SR )
Tension Yielding ( TY )
Tension Rupture ( TR )

Weld Shear ( W )
White More Section Yielding/Buckling ( WS )

ဒါပါပဲ ဒါက steel structure failure ဖြစ်တဲ့ပုံစံ အနှစ်ချုပ်ပါ ခင်ဗျားတို့ steel နဲ့ပတ်သပ်တဲ့ ကြိုက်တဲ့စာအုပ်လှန် ကြိုက်တဲ့ စာရွက်လှန် ဒါပါတယ် ဒါအလွတ်ရပြီး တွက်နိုင်ရင် ခင်ဗျားတို့ ဆရာကြီးဖြစ်ပြီ

နောက်မှ အသေးစိတ်ရေးပါမယ် အလွတ်ကျတ်ထားကြပါ

#Credit : Aung Hla Min Naing
#Crd_Photo

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts