" လူငယ်နှင့်အင်တာနက် "
မိတ်ဆွေလူငယ်များရှင်- ယနေ့တိုးတက်နေတဲ့ခေတ်ကြီးမှာနည်းပညာတွေအံမခန်းလိလိတိုးတက်ပြောင်းလဲလို
လာနေပါပြီး။လူတွေစိတ်၀င်စားလာအောင်၊လူတွေရဲ့အကြိုက်ကိုသိပြီးတော့နည်းအ
မျိုးမျိုးဖြင့်၊မိမိတို့ဘက်ပါအောင်ဆွဲဆောင်နေကြပါတယ်။ယခုဆိုလျှင်တယ်လီဖုန်းတစ်လုံးကိုနည်းမျိုးစုံသုံးပြီးတစ်ကမ္ဘာလုံးကိုဆက်သွယ်အလုပ်လုပ်လိုရနိုင်ပါပြီ။ကွန်ပြူတာတစ်လုံးအင်တာနက်နဲ့ချိတ်ဆက်ပြီးကမ္ဘာကြီးအကြောင်းကိုမိနစ်ပိုင်းအတွင်းမှာသိရှိနိုင်
တဲ့ခေတ်ကြီးပါ။အင်တာနက်ဟာကမ္ဘာကြီးကိုပန်းကန်ပြားပေါ်ပက်လက်လှန်ချပြထား
သကဲ့သို့ထင်းထင်းရှားရှားမြင်နိုင်စေခဲ့ပါပြီး။ကမ္ဘာအရပ်ရပ်မှာရှိတဲ့မိမိချစ်ခင်သူတွေ၊
မိတ်ဆွေတွေ၊မိဘတွေ၊ညီအစ်ကိုမောင်နှမတွေကိုလဲEmail,Facebook,Viberတို့ဖြင့်
လွယ်လင့်တကူဆက်သွယ်ပြောဆိုနိုင်ပါပြီး။ထို့နည်းတူအရေးကြီးတဲ့စာရွက်စာတမ်းများကိုလည်းစက္ကန့်ပိုင်းအတွင်းပေးပို့ဖလှယ်နိုင်ကြပါြပီ။အင်တာနက်ကျေးဇူးကြောင့်
ဆက်သွယ်ရေးတွေအင်မတန်မှာအဆင်ပြေလာခဲ့ပါပြီ။မိတ်ဆွတို့သိကြတဲ့အတိုင်းဘဲ
လုပ်ငန်း၀င်ခွင့်စာမေးပွဲဖြေခြင်း၊အလုပ်တွေရှာဖွေလိုလုပ်နိုင်ခွင့်တွေလည်းဒုနဲ့ဒေးမကပါ။ခုခေတ်စားနေတာကတော့အမျိုးသမီးတွေ၊အမျိုးသားတွေonlineshoppingမှာမိမိ
ကြိုက်နှစ်သက်ရာကိုမှားယူ၀ယ်ယူလိုရနေပါပြီး။Facebookမှာဘာသာရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေ၊ပွဲတော်ရက်များအတွက်ကြိုတင်ပြင်ဆင်ခြင်းသတိပေးအကြောင်းအရာများကိုလည်းဖေါ်ပြထားပါတယ်။အထက်ပါဖေါ်ပြခဲ့တဲ့အင်တာနက်တွေကိုအသုံးပြုခြင်း
အားဖြင့်မိမိတို့ဘ၀တိုးတက်ရာတိုးတက်ကြောင်းရှာဖွေဖန်တီးသူတွေလည်းရှိသလို၊အင်တာနက်ကပေးတဲ့အခွင့်အရေးများကိုအလွှဲသုံးစားသူတွေလဲရှိပါတယ်။
မိတ်ဆွေများရှင်-
ဘုရားပေးတဲ့နည်းပညာတွေကိုတန်ဖိုးရှိရှိမိတ်ဆွေပမာအသုံးချတက်ကြပါစေ။မိမိဘ၀ကိုမြင့်တင်ပြီအဖိုးတန်၊အဓိပ္ပါယ်ရှိတဲ့အောင်မြင်သူတစ်ယောက်-လူငယ်တစ်ယောက် ဖြစ်အောင်ကြိုစားပါ။မိမိမှာရှိတဲ့အရည်အချင်းတွေ၊အခွင့်အလမ်းတွေပေါ်မှာအခွင့်အ
ရေးယူတက်ကြပါစေ။အင်တာနက်ကိုလိုသည်ထက်အချိန်ကုန်၊ငွေကုန်သုံးစွဲခြင်းကြောင်းအကျိုးယုတ်စေတဲ့အပြင်ဆိုးယုတ်ခြင်းဘက်သို့ဦးတည့်သွားတက်ပါတယ်။တခါတလေ့လူငယ်တွေဖြစ်လေ့ဖြစ်ထရှိတဲ့အရာကတော့စိတ်ညစ်၊စိတ်ဓာတ်ကျတဲ့အခါတွေမှာအ
ခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အချိန်တွေမှာအချို့အခွင့်အရေးတွေကိုအလွဲသုံးစားလုပ်တက်ကြပါတယ်။အလွန်အကျွံ၊နေမအိပ်၊ညမအိပ်၊မစားမသောက်ဘဲလိုင်းအသုံးပြုခြင်းဟာ
စိတ်မမှန်ခြင်းကိုဖြစ်ပေါ်စေပါတယ်။မီဒီယာရဲ့သားကောင်တွေဖြစ်သွားတက်ပါတယ်။ဒါအပြင် အချိန်ကုန်၊ငွေကုန်၊လူပင်ပန်းပြီးမိမိအလုပ်တာ၀န်တွေမှာလည်းလစ်ဟင်းမှုတွေ
ဖြစ်လာတက်ပါတယ်။လူငယ်များတို့၊အခွင့်အရေးဆိုတာအမိအရအကျိုးရှိရှိအသုံးချသူ
များအတွက်သာ၊ထိုက်တန်တာပါ။ရရှိတဲ့အခွင့်အရေးတိုင်းကိုအသိတရားတစ်ခုနဲ့ထိန်း
ချုပ်ထားပါနော်။သတိတရားမရှိလျှင်အသိတရားတို့လည်းကွယ်ပျောက်သွားတက်ပါ
တယ်။အထူးသဖြင့်အင်တာနက်ကိုအသုံးပြုတဲ့နေရာမှာပေါ့။
မိတ်ဆွေလူငယ်များရှင်-မိမိတို့ရရှိတဲ့အခွင့်အရေးတွေကိုအသိတရားလေးနဲ့တန်ဖိုးထားအသုံးပြုခြင်းဖြင့်ဘ၀ကိုတိုးတက်အောင်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။တိုးတက်လာတဲ့အင်တာနက်ဆက်
သွယ်မှုအပေါ်မှာဘယ်လို၊ဘယ်ပုံ၊ဘယ်နည်းတွေနဲ့အသုံးပြုကြသလဲဆိုတာပြန်၍သုံးသပ်ကြည့်ကြပါ။တန်ဖိုးရှိတဲ့အချိန်၊အခွင့်အရေးတွေကိုအကျိုးရှိရှိအသုံးချကြသလားဆိုတာမိမိကိုယ်ကိုအသိဆုံးဖြစ်မှာပါ။
မိတ်ဆွေလူငယ်များတို့-အခွင့်အရေးတွေကိုအကျိုးဖြစ်စေမဲ့အရာများအတွက်သာအချိန်ကိုအသုံးပြုပါ။
လူငယ်တို့ဘ၀မှာအရေးပါတဲ့အခွင့်အလမ်းများကိုဆုံးရှုံးမခံပါနဲ့။ဒါကြောင်းမိတ်ဆွေ
လူငယ်များတို့လည်းမိမိတို့ရည်မှန်ထားတဲ့ပန်းတိုင်အရောက်လျှောက်လှမ်းနိုင်ဖို့အတွက်
မိမိတို့ရရှိထားတဲ့အခွင့်အရေးများကိုအကျိုးရှိရှိအသုံးပြုရှင်သန်နိုင်ကြပါစေလို့ဆန္ဒပြု
ရင်းဒီတပတ်လူငယ်နဲ့အင်တာနက်ဆိုတဲ့အစီအစဥ်လေးကိုတင်ပြလိုက်ခြင်းဖြစ်ပါတယ်။
Credit to Original Uploader