Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ဘယ်လက်တော့ပ်တွေက ဘက်ထရီအားအခံဆုံးလဲ

February 7, 2023 144 views
ဘယ်လက်တော့ပ်တွေက ဘက်ထရီအားအခံဆုံးလဲ

ဘယ်လက်တော့ပ်တွေက ဘက်ထရီအားအခံဆုံးလဲ
==============
အရင်တုန်းကဆိုရင် ဘက်ထရီအားခံတယ်ဆိုတဲ့ လက်တော့ပ်တွေက ထူပြီးလေးတယ်လို့ ယူဆကြပါတယ်။ အခုတော့ ဒီလို မဟုတ်တော့ပါဘူး။ လက်တော့ပ်အားလုံးလိုလိုက ပါးလွှာပေါ့ပါးပြီးတော့ ဘက်ထရီလည်း ကြာကြာအသုံးခံလာကြတာပါ။
Apple ရဲ့ Macbook Air တွေကတော့ ခေတ်ရှေ့ပြေးတယ်လို့ ဆိုရမှာဖြစ်ပြီး အစောကြီးကတည်းကပဲ တော်တော်လေးပါးသလို ဘက်ထရီလည်း ၁၀ နာရီဝန်းကျင်လောက် အေးဆေးသုံးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ Windows OS သုံး လက်တော့ပ်တွေဟာ ဘက်ထရီအားခံအောင် အပြိုင်အဆိုင်ထုတ်လုပ်ကြရင်း ၁၆ နာရီကျော်အထိ အားခံတဲ့ လက်တော့ပ်တွေလည်း ရှိလာခဲ့ပါတယ်။
အောက်မှာတော့ ဘက်ထရီသက်တမ်း အကြာရှည်ဆုံးအားခံတဲ့ လက်တော့ပ် ၁၀ မျိုးကို ဖော်ပြလိုက်ပါတယ်။ ဘက်ထရီအသုံးခံမှုဆိုတာက သုံးစွဲတဲ့ အခြေအနေပေါ်လည်း မူတည်တာကြောင့် ယေဘုယျစမ်းသပ်မှုလို့ပဲ သတ်မှတ်ရမှာပါ။ ကွဲပြားတဲ့ အခြေအနေတွေမှာ ရလဒ်ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
1. Asus ExpertBook B9450F (16:29)
2. LG Gram 14 (16:03)
3. LG Gram 17 (16:17)
4. Samsung Notebook 9 Pro (12:30)
5. Dell XPS 13 9300 (11:26)
6. HP Elite Dragonfly (11:26)
7. Lenovo Yoga C940-14IIL (11:15)
8. Lenovo C740-14IML (11:12)
9. HP Spectre x360 13-AW0013dx (10:38)
10. Apple MacBook Pro 13-inch 2019 (10:32)

Creditl….. Myanmar Digital Life  မှ ကူးယူဖော်ပြလိုက်ပါသည်။

Related Posts