Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ဘာသာ သာသနာဆိုင်ရာ ပြစ်မှုများ

February 8, 2023 277 views
ဘာသာ သာသနာဆိုင်ရာ ပြစ်မှုများ

ဘာသာ သာသနာဆိုင်ရာ ပြစ်မှုများ
----------------------------------------

ပြစ်မှုဆိုင်ရာ ဥပဒေ-
(ပုဒ်မ-၂၉၅)-လူတစ်စားကိုးကွယ်သည့် ဘာသာ သာသနာကို စော်ကားရန်အကြံဖြင့် ကိုးကွယ်ဝတ်ပြုသောနေရာကို ဖျက်ဆီးခြင်း သို့တည်းမဟုတ် ယုတ်ညံ့စေခြင်း။
ကျင့်ထုံး
--------
-ဝရမ်းမပါဘဲဖမ်းဆီးခွင့်ရှိသည်။
-အာမခံပေးရမည်။
-ကျေအေးခွင့်မရှိ။
-၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ။

(ပုဒ်မ၂၉၅-က)-လူတစ်စားကိုးကွယ်သည့် ဘာသာ သာသနာကိုဖြစ်စေ ဘာသာရေးယုံကြည်မှုကိုဖြစ်စေ စော်ကားခြင်းဖြင့် ထို လူတစ်စား၏ကိုးကွယ်ရာ ဘာသာရေးစိတ်ဓါတ်ကို နာကျဉ်းစေရန်ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျူ းလွန်သော ပြုလုပ်မှုများ။
ကျင့်ထုံး
--------
-ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ။
-အာမခံမပေးနိုင်။
-ကျေအေးခွင့်မရှိ။
-၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစိစေ ဒဏ် ၂ ရပ်လုံးဖြစ်စေ။

(ပုဒ်မ-၂၉၆)-ဘာသာ သာသနာဆိုင်ရာ အစုအဝေးကို နှောင့်ယှက်ခြင်း။
ကျင့်ထုံး
--------
-ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
-အာမခံပေးရမည်။
-ကျေအေးခွင့်မရှိ။
-၁ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစိစေ ဒဏ် ၂ ရပ်လုံးဖြစ်စေ။

(ပုဒ်မ-၂၉၇)-သင်္ချ ိုင်း စသော နေရာအရပ်များကို ကျူ းကျော် စော်ကားခြင်း။
ကျင့်ထုံး
--------
-ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
-အာမခံပေးရမည်။
-ကျေအေးခွင့်မရှိ။
-၁ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစိစေ ဒဏ် ၂ ရပ်လုံးဖြစ်စေ။

(ပုဒ်မ-၂၉၈)-ဘာသာရေးကိုစိတ်နာစေရန် တမင်ကြံရွယ်၍ စကား စသည်များကို ပြောဆိုခြင်း။
ကျင့်ထုံး
--------
-ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ။
-အာမခံပေးရမည်။
-ကျေအေးခွင့်ရှိသည်။
-၃ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစိစေ ဒဏ် ၂ ရပ်လုံးဖြစ်စေ။

Credit to original uploader

Related Posts