Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ရာဇသတ်ကြီးဥပဒေပုဒ်မ - ၄၀၈

February 9, 2023 832 views
ရာဇသတ်ကြီးဥပဒေပုဒ်မ - ၄၀၈

ရာဇသတ်ကြီးဥပဒေပုဒ်မ - ၄၀၈

မည်သူမဆို စာရေးသော်လည်းကောင်း၊ အစေခံသော်လည်းကောင်းဖြစ်၍ သို့တည်းမဟုတ် စာရေးဖြစ်သော်လည်းကောင်း၊ အစေခံအဖြစ်ဖြင့်သော်လည်းကောင်း၊ ခိုင်းစေခြင်းခံရ၍ ထိုသို့သောအနေဖြင့်ပစ္စည်းကို သို့တည်းမဟုတ် ပစ္စည်းစီမံခန့်ခွဲပိုင်ခွင့်ကို တစ်နည်းနည်းဖြင့် အပ်နှံ ခြင်းခံရသည်တွင်၊ ထိုပစ္စည်းနှင့်စပ်လျဉ်း၍ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်လျှင် -
ထိုသူကို ခုနှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ 
ခိုးမှုကို ကျူးလွန်းရာ၌ စာရေး၊သို့မဟုတ် အစေခံက အလုပ်ရှင်၏ ပစ္စည်းကို ခိုးလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၁အရ ကြီးလေးသော ပြစ်ဒဏ်ကို သတ်မှတ်သကဲ့သို့ ယုံကြည် အပ်နှံမှု ကို အလွဲသုံးစားပြုရာ၌လည်း ယုံကြည်အပ်နှံခြင်းခံရသူသည် အပ်နှံသူ၏ စာရေး သို့ မဟုတ် အစေခံဖြစ်က သာမန်အခြားလူတစ်ဦးဦးထက် ပို၍ ဆိုးရွားသည်ဆိုသည့်အဓိပ္ပာယ် ပေါက်သည်။ အလုပ်ရှင်၏ ပစ္စည်းကို အမြဲတမ်းသာမဟုတ် ခေတ္တခဏမျှပင် အလွဲသုံးစားပြုပါမှု ဤပုဒ်မ နှင့် အကျုံး၀င်မည်ဖြစ်သည်။ 
သက်သေအထောက်အထား-
(၁)  တရားခံသည် ပစ္စည်းအပ်နှံသူ၏စာရေး (သို့) အစေခံဖြစ်ရမည်။ 
(၂) ထိုကဲ့သို့သောအနေဖြင့် ပစ္စည်းကို အပ်နှံထားခြင်းဖြစ်ရမည်။ 
(၃) ယင်းသို့အပ်နှံထားသည့်ပစ္စည်းကို မရိုးမဖြောင့်သောသဘောဖြင့် အလွဲသုံးစားပြုခဲ့သည် ဆိုသော သက်သေအထောက်အထားများရှိမှသာ ဤပုဒ်မအရ အပြစ်ပေးနိုင်မည်ဖြစ်သည်။ 
ရဲအရေးပိုင်သည်။ ကနဦးကပင် ၀ရမ်းထုတ်ပေးနိုင်သည်။ အာမခံမပေးနိုင်သောအမှု ဖြစ်သည်။ ကျေအေးခွင့်မရှိပါ။ 
စာရေးဆိုသည်မှာ -
အစိုးရ (သို့မဟုတ်) ပုဂ္ဂလိကရုံးတွင် စာရင်းရေးမှတ်သူ ၊ရုံးလုပ်ငန်းများနှင့် ပတ်သက်၍ ရေးမှတ်ရ သူကို ဆိုလိုသည်။ 
လူတစ်ဦးသည် လုပ်ငန်းကို လုပ်ဆောင်ရာ၌ မိမိ၏ ကာယနှင့် ညဏလုပ်အားဖြင့် မလုံ လောက်၍ တစ်ပါးသူ၏ အကူအညီခေါ်ရလျှင် ထိုသူနှင့်အလုပ်ရှင် အလုပ်သမား (ဝါ) အစေခံ ဆက်သွယ်မှု ရှိသည်ဟု ယူဆရမည်ဖြစ်သည်။

Credit to original uploader

Related Posts