Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

📀CD/DVD ခွေအကြောင်းပြောရမယ်ဆိုရင် 📀

February 10, 2023 230 views
📀CD/DVD ခွေအကြောင်းပြောရမယ်ဆိုရင် 📀

📀CD/DVD ခွေအကြောင်းပြောရမယ်ဆိုရင် 📀

💿 CD ခွေမှာ CD+R/ CD-R/ CD+RW နှင့် CD-RW ဆိုပြီး ခွေအမျိုးအစားတွေရှိပါတယ်။

💿 CD+R နှင့် CD-R ကခွေကိုကူးတဲ့အချိန်မှာ Data အနေဖြင့်ကူးရင်အကြိမ် ပေါင်းမြောက်များစွာ Data များထည့်သွင်းမှတ်သားနိုင်ပါတယ်။ 
ပြည့်သွားရင်တော့ ပြန်ပြီးကူးလို့မရတော့ပါဘူး။

💿 CD+RW/ CD-RW တွေကတော့ CD ခွေတစ်ခွေကိုကူးလည်းကူးနိုင် ဖျက်လည်းဖျက်နိုင်ပါတယ်။

💿 R က Reading ရဲ့ အတိုကောက်ဖြစ်ပြီး W ကတော့ Writing ရဲ့ အတိုကောက်ဖြစ်ပါတယ်။

💿 CD+RW/CD-R တွေကို အကြိမ်ပေါင်းမြောက်များစွာကူးနိုင် ဖျက်နိုင်ပါတယ်။ ဒီတော့ ခွေတစ်ခွေကိုဝယ်မယ်ဆိုရင် CD ခွေတစ်ခွေကို Speed ဘယ်လောက်ဖြင့်ကူးနိုင်သလဲဆိုတာ အရေးကြီးပါတယ်။ များသောအားဖြင့်တော့ 8x/ 16x/ 24x/ 32x/ 48x ဆိုပြီ်း Speed အမျိုးစားတွေရှိပါတယ်။ သူရဲ့Speed များရင် များသလောက် သူ့ရဲ့ Speed အဆများရင် များသလောက် မြန်ဆန် လှပါတယ်။

💿 DVD နှင့် CD ခွေများတို့ရဲ့လုပ်ဆောင်မှုဟာတူညီကြပါတယ် မတူတာတစ်ခုက Speed ကတော့မတူပါဘူး DVD ရဲ့ Speed က 4 x 8 x 16 x 24 လောက်ဘဲ့လက်ရှိထွက်ပါသေးတယ်။ ခွေတွေမှာ 8 cm ဘဲ့ရှိတဲ့ DVD-1/DVD-2/DVD-3/DVD-4 လို့ခေါ်တဲ့ခွေအသေး စားတွေလည်းရှိပါတယ်။

💿 DVD ခွေရဲ့ 8 x က CD ခွေရဲ့ 8 x ထက်ကို Data ဆယ်ဆ လောက်ကိုပိုမို ကူးယူနိုင်ပါတယ်။

✅ ဒီလောက် ဆိုရင် ဘယ်လိုခွေအမျိုးအစားတွေကို ရွေးဝယ်သင့်သလဲဆိုတာ နားလည်သဘောပေါက်လောက်ပါပြီလို့ ထင်ပါတယ်

Credit : Original Author

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts