External Hard Disk လေးတွေ တပ်တဲ့အခါ Partition ပေါ်ပြီး ဖွင့်မရသူများ / Format ပဲ ရိုက်ခိုင်းသူများ
External Hard Disk လေးတွေ တပ်တဲ့အခါ Partition ပေါ်ပြီး
ဖွင့်မရသူများ / Format ပဲ ရိုက်ခိုင်းသူများ
-အရင်ဆုံး cmd ကို Run as administrator နဲ့ ဖွင့်ပါ။
-cmd ထဲရောက်ရင် sfc /scannow ဟုရိုက် Enter ခေါက်ပါ။
-ခတ္တစောင့်ပါ။
-ပြီးရင် chkdsk g: /f ဟု ရိုက် Enter ခေါက်ပါ။
chkdsk - Check Disk
g:- Drive Letter Name
/f - Error Fix ( Harddisk မှာ Error ရှိရင် ပြုပြင်ဖို့ပါ )
Drive Letter Name က မိမိတပ်လာတဲ့ Drive Letter ထည့်ပါ။
Check Disk စစ်ပြီးပါက External Hard Disk ကို ဖွင့်ကြည့်ပါ။
အဆင်ပြေပါလိမ့်မယ်။
ကွန်ပျူတာ စဖွင့်တဲ့အခါ Check Disk စစ်တဲ့ စာတွေ တတ်ဖူးတာ
ကြုံဖူးပါလိမ့်မယ်။
Hard Disk နာနေတဲ့ အခါ၊ Hard Disk Error ရှိတဲ့အခါ၊ ဒါမှမဟုတ်
မိမိက Check Disk စစ်ပါလို့ စေခိုင်းတဲ့အခါ ကွန်ပျူတာ စဖွင့်ရင်
Check Disk စစ်တဲ့ စာတတ်လာပါတယ်။
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
Credit :
ပြန်လည်ကူးယူဖော်ပြပါသည်