Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

EC စာချုပ်ချုပ်တော့မယ်ဆိုရင်

February 13, 2023 1404 views
EC စာချုပ်ချုပ်တော့မယ်ဆိုရင်

EC စာချုပ်ချုပ်တော့မယ်ဆိုရင်

EC စာချုပ်နဲ့ပတ်သက်ရင် ဝန်ထမ်းအများစုက ဗဟုသုတ အားနည်းနေကြတာတွေ့ရပါတယ်။စာချုပ်ကို လက်မှတ်သာ ထိုးလိုက်တယ် သေချာမဖတ်ဖြစ်ကြတာတွေရှိသလို စာချုပ်ကို ဝန်ထမ်းကိုပေးမထားဘဲ ပြဿနာတစ်စုံတစ်ရာ တက်တဲ့အခါ စာချုပ်မှာ ဘယ်လိုထိုးခဲ့တယ် ဒါ့ကြောင့် ဘယ်လိုတော့လုပ်ခွင့်မရှိဘူးလို့အလုပ်ရှင်ဘက်က ပြောပေမယ့် ဝန်ထမ်းဘက်က ဂဃနဏ မသိရတာတွေ အများကြီးတွေ့နေရပါတယ် ။   ဒါ့ကြောင့် EC စာချုပ်နဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေကို မျှဝေပေးချင်ပါတယ်။
   EC စာချုပ်ဆိုတာ Employment Contract မြန်မာလို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီမှုစာချုပ်ကို ဆိုလိုတာ ဖြစ်ပါ တယ်။    ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ ဝန်ထမ်းတစ်ဦးကို အမြဲတမ်းဝန်ထမ်းအဖြစ် အလုပ်ခန့်ပြီးတာနဲ့ရက်ပေါင်း ၃၀ အတွင်း အလုပ်ရှင်နဲ့ အလုပ်သမား အပြန်အလှန် စာချုပ်ချုပ်ဆို ရမယ်လို့ ပြဌာန်းထား ပါတယ်။ 
 စာချုပ်မှာဘာတွေပါဝင်ရမလဲ?  
 စာချုပ်မှာ 
(၁)အလုပ်အကိုင်အမျိုးအစား
(၂)အစမ်းခန့်ကာလ
(၃)လုပ်ခ၊လစာ
(၄)လုပ်ငန်းတည်နေရာနှင့်အမျိုးအစား
(၅)စာချုပ်သက်တမ်း
(၆)အလုပ်ချိန်
(၇)နားရက်၊အလုပ်ပိတ်ရက်၊နှင့်ခွင့်ရက်
(၈)အချိန်ပိုလုပ်ကိုင်ခြင်း
(၉)အလုပ်ချိန်အတွင်း အစားအသောက်အစီအစဉ်
(၁၀)နေရာထိုင်ခင်းနှင့်ဝတ်စုံ
(၁၁)ဆေးဝါးကုသခြင်း
(၁၂)အလုပ်ခွင်သို့ကြို၊ပို့ယာဉ်စီစဉ်ပေးခြင်းနှင့် ခရီးသွားလာခြင်း
(၁၃)သင်တန်း
(၁၄) အလုပ်မှနုတ်ထွက်ခြင်းနှင့်အလုပ်မှရပ်စဲခြင်း 
(၁၅)စာချုပ်ရပ်စဲခြင်း
(၁၆)အလုပ်ရှင်၏တာဝန်ဝတ္တရားများ
(၁၇)အလုပ်သမားများ၏တာဝန်ဝတ္တရားများ
(၁၈)အလုပ်ခန့်ထားမှုသဘောတူညီချက် စာချုပ်အား အလုပ်ရှင်၊အလုပ်သမားနှစ်ဦး သဘောတူဖျက်သိမ်းခြင်း
(၁၉)အလုပ်ရှင်နှင့်အလုပ်သမားအငြင်းပွားမှုများကို ဖြေရှင်းခြင်း
(၂၀) စာချုပ်စည်းကမ်းများကို ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း၊
(၂၁)စာချုပ်အသက်ဝင်သည့်ရက်စွဲ
(၂၂)တာဝန်ရှိမှုများ
(၂၃)အထွေထွေ
လုပ်ငန်းခွင်စည်းကမ်းများ(နောက်ဆက်တွဲအဖြစ်ထည့်သွင်းရန်) စတဲ့အချက်တွေပါဝင်ရမှာဖြစ်ပါတယ် ။

စာချုပ်ချုပ်တဲ့အခါ အလုပ်ရှင်၊အလုပ်သမား တစ်ဖက်စီ လက်မှတ်ထိုးရမှာဖြစ်သလို အလုပ်ရှင်ဘက်က အသိသက်သေတစ်ဦး ၊အလုပ်သမားဘက်က အသိသက်သေ တစ်ဦးတို့လည်းပါဝင်လက်မှတ်ရေးထိုးရမှာပါ ။ စာချုပ်ကို မူရင်း ၃ စုံ ချုပ်ဆိုရမှာဖြစ်ပြီး အလုပ်ရှင်တစ်စုံ၊အလုပ်သမားတစ်စုံ၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တစ်စုံဖြန့်ဝေပေးရမှာပါ ၊
        
စာချုပ်ပါစည်းကမ်းတွေက  တည်ဆဲဥပဒေတစ်ရပ်ရပ်နဲ့ညီညွတ်မှုရှိရမယ့်အပြင် အလုပ်သမားရဲ့အကျိုး ခံစားခွင့် တွေက လည်း   တည်ဆဲဥပဒေ  ပါ ခံစားခွင့်တွေအောက်ယုတ်လျော့လို့မရပါဘူး။ အကြောင်းအမျိုးမျိုးကြောင့်     အလုပ်ရပ်စဲရမယ့်အခြေအနေပေါ်ပေါက်လာတယ်ဆိုရင် အလုပ်သမားကို သတ်မှတ်ထားတဲ့ နစ်နာကြေးပေးရမှာဖြစ်ပါတယ်

မိမိသဘောအရ အလုပ်ကနှုတ်ထွက်မယ်ဆိုရင် ?

စာချုပ်သက်တမ်းမပြည့်ခင်  အလုပ်သမားဘက်က မိမိသဘောဆန္ဒအရ အလုပ်ကနှုတ်ထွက်မယ်ဆိုရင် အနည်းဆုံး တစ်လကြိုအသိပေးရမှာဖြစ်ပြီး ဒီလိုအခြေအနေမှာတော့  အလုပ်ရှင်ဘက်က နစ်နာကြေးပေးစရာမလိုပါဘူး။ပေးဖို့ကျန်တဲ့ လုပ်ခကျန်ငွေနဲ့ လုပ်သက်ခွင့်အတွက်ခံစားခွင့်ငွေကြေးတွေကိုသာ ပေးပြီး နှုတ်ထွက်ခွင့်ပြုရမှာဖြစ်ပါတယ်။ဒါပေမယ့် အလုပ်ရှင်ရဲ့ကျခံမှုနဲ့သင်တန်းတွေတက်ရောက်ခဲ့မယ်ဆိုရင် တက်ရောက်ခဲ့တဲ့သင်တန်းကြေးတွေကို ပေးလျော်ပြီးမှသာ နှုတ်ထွက်ခွင့်ရှိမှာပါ ။ လုပ်သက် ၃ နှစ် အထက် ထမ်းဆောင်ခဲ့သူဆိုရင်တော့ သင်တန်းကုန်ကျစရိတ်ပြန်ပေးစရာမလိုပါဘူး။

ပြစ်မှုကြောင့် အလုပ်မှရပ်စဲခံရမယ်ဆိုရင် ?

ပြစ်မှုကျူးလွန်ပြီးအလုပ်ကရပ်စဲခံရမယ်ဆိုရင် အလုပ်ထုတ်နစ်နာကြေးရရှိမှာမဟုတ်ပါဘူး ။ လုပ်ခကျန်ငွေကို သာရရှိမှာဖြစ်ပါတယ်။

ဒီလောက်ဆို EC စာချုပ်နဲ့ပတ်သက်ပြီး အတော်လေးသိလောက်ပြီထင်ပါတယ်။

credit to original uploader

Related Posts