Cube Test ဆိုတာဘာလဲ ?
Cube Test ဆိုတာဘာလဲ ?
===================
Cube Test ဆိုတာ ကွန်ကရစ် ခံနိူင်အားကို
ကွန်ကရစ် သွန်းလောင်းစဉ်
(6"×6"×6") သို့ (4"×4"×4")
mould ပုံစံခွက်နဲ့ Mould (မိုရ်)ယူပီး
ကွန်ကရစ်သက်တမ်း
7 ရက်
14 ရက်
21 ရက်
28 ရက် တွေမှာ Grade ဘယ်လောက်ရသလဲ စမ်းသပ်တဲ့ လုပ်ငန်းစဉ်ပါ ။
မိုရ် (Mould) ဘယ်လိုယူမလဲ ?
ယျေဘုယျအားဖြင့်
50 m^3 မွာ 6 တုံး
AG တစီး မှာ အနည်းဆုံး
Mould 2 တုံးယူရပါမယ် ။
Mould ယူတဲ့အခါ သတိပြုရမှာက
Concrete ကို Layer သုံးခု ခွဲပီး
သေချာထောင်းရပါမယ် ။
ဒီနေရာမှာ မှားတတ်တာက
Layer ကို Area နဲ့ မခွဲရပါဘူး
Volume နဲ့ ခွဲရပါမယ်။
ဥပမာ 6" ပတ်လည် မိုရ် တခုမှာ
Concrete အစို 9 kg လေးတယ်ဆိုရင်
Layer တစ်ခုစီမှာ 3 kg စီထည့်ပီး
Layer အသီးသီးကို
မိုရ်ထောင်းတံဖြင့် 25 ချက် ထောင်းရပါမယ်
Layer တစ်ခု ထည့်ပီးတိုင်း
25 ချက်
ထောင်းရပါမယ်။ဒီနေရာမှာ
Mould ခွက်က Square ပုံဖြစ်လို့
၂ လက်မကြား(50mm)
တလွှာယူရင်လဲ မမှားပါဘူး
Slump ဆွဲတဲ့အခါကျရင်တော့
Slumpဆွဲတဲ့ Mould ( မိုရ် )က Cylinder
ပုံဖြစ်လို့ Layer ၃ ခု ထည့်ပီးထောင်းတဲ့အခါ mass ကိုမူတည်ပီး Layer ခွဲရပါမယ်။
အထက်က ဥပမာအတိုင်း
9 kg ရှိလျှင် Layer တခုစီမှာ
3 Kg စီ ထည့်ပီးထောင်းပေးရပါမယ်
Concrete မိုရ် ယူစဉ်နောက်ထပ်
သတိထားရန်တစ်ခုက
ကိုယ်ယူတဲ့
မိုရ် တုံးပေါ်မှာ
(1)လောင်းသည့်နေရာ
(2)ရက်စွဲ
(3)AG ကားနံပါတ် များမှတ်သားဘို့ပါ
ဒါတွေပီးလျှင်ယူထားပီးသား
Concrete မိုရ်တုံးကို
နေရိပ်ထဲမှာထားပေးပါ ။
Concrete လောင်းပီး 4 နာရီကြာတာနဲ့
ပုံစံခွက်မှ ခွါပါ
မိုရ်ခွါရန်ကြာချိန်သည်
ပတ်ဝန်းချင်ရာသီဥတုနှင့်
အသုံးပြုသည့် Chemical အပေါ်
မူတည်ပါတယ် ။
ကိုယ်မိုရ်ယူထားတဲ့
ကွန်ကရစ်ကို ဖိကြည့်လို့
မာနေပီ
လက်ရာမထင်တော့ဘူးဆိုလျှင်
ပုံစံခွက်မှ ခွါလို့ရပါပီ ။
မိုရ်ခွါ ပီးလျှင်
6" သို့ 4" Concrete တုံးကို
သန့်စင်သောရေ (သောက်ရေဖြစ်ရန်မလို)
ကန်ထဲမှာ စိမ်ထားပါ။
ရေစိမ်ထားသော မိုရ် တုံးများကို
Concrete သပ်တမ်း 7 ရက်ပြည့်တာနဲ့
မိုရ်ခွဲတဲ့ နေရာ(ဥပမာ MEC/MES)မျိုးမှာ သွားပီး ခွဲပါ။
Cube Test Result ကို
ဘယ်လိုကြည့်ကြမလဲ ?
Cube Test လုပ်တယ်ဆိုတာက
Concrete ရဲ့ တယူနစ် Area ပေါ်မှာ
သက်ရောက်တဲ့အား ဘယ်လောက်ထိခံနိူင်မလဲ (Compressive Strength) ကို စမ်းသပ်တာဖြစ်ပါတယ်
ဆိုတော့
P=F/A
Force ကိုလိုချင်ရင်
Concrete 1unit area ပေါ်မှာ ရှိတဲ့
သက်ရောက်အား (F)ကို တည်
Unit Area (A)
နဲ့ စားပေးရပါမယ်
မိုရ် စက်က ဖိတဲ့အားက F ပါ
unit က kN(kilo newton) ပါ
P (f'cu)ကို လိုချင်တော့
မိုရ်ခွဲစက်နဲ့ဖိလိုက်လို့
ရလာတဲ့ ရလဒ် F ကို Unit Area
( 6" ပတ်လည်တုံးရဲ့ Area) နဲ့စားရပါမယ်
6" မှာ 150 mm ရှိပါတယ်
Area = bd
(150mm×150mm)
22500 mm^2
ဥပမာ
မိုရ်ခွဲစက်နဲ့ ဖိလိုက်လို့
650 KN ရတယ်ဆိုပါစို့
(အောက်တွင် နမူနာပုံပါသည်)
f'cu =(650×1000 N)÷(22500mm^2)
f'cu =28.88 N/mm^2 (MPa)
Grade 29 ရပါပီ
MPa ကနေ Psi ပြောင်းချင်ရင်
145 နဲ့ မြှောက်ပါ
1MPa=145 psi (pound per square inches)
အခုရလာတဲ့ Result
က f'cu ဘဲရှိပါသေးတယ်
f'cu ကနေ f'c ပြောင်းချင်ရင်
CQHP
(COMMITTEE FOR QUALITY CONTROL OF HIGH-RISE BUILDING CONSTRUCTION PROJECTS)
Guideline အရ
Factor 0.8 နဲ့ ထပ်မြှောက်ပေးရပါတယ်
Concrete
28 ရက်သားပြည့်လို့
ို့ရလာတဲ့ f'c Result က
Drawing မှာ
Structural Designer လိုချင်တဲ့
Grade ရ ရင်တော့
Mould (မိုရ်)အောင်ပါတယ်
ကွန်ကရစ်သက်တမ်းအလိုက်
အနိမ့်ဆုံးရှိရမည့် f'c Result များ
7 ရက်သား < 60%-70%
14ရက်သား < 70%-80%
21ရက်သား < 80%-95%
28ရက်သား < 100% or more
CREDIT........ Naing Lin Mg
#TMO #concrete #cube #mould #test
Credit :
ပြန်လည်ကူးယူဖော်ပြပါသည်