Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

Computer Files Cleaning

February 14, 2023 157 views
Computer Files Cleaning

Computer Files Cleaning

————————————————————-------
မိမိတို့ Computer ကသုံးနေရင်းလေးလာလို့ပဲဖြစ်ဖြစ် ..Computer ကမလိုအပ်တဲ့ Files တွေကိုဖျက်ချင်တာပဲဖြစ်ဖြစ်အသုံးတည့်စေမယ့် နည်းလမ်း (၅) မျိုးကို ဗဟုသုတအနေနဲ့မျှဝေပေးချင်ပါတယ် ..Software တွေသုံးစရာမလိုပဲ ရှင်းထုတ်ပစ်မှာဖြစ်လို့ လွယ်ကူရိုးရှင်းပါတယ်.

၁. Computer ရဲ့ Keyboard က Windows ခလုတ်နဲ့ r ကိုတွဲနှိပ်ပီး ပေါ်လာတဲ့ run box ထဲမှာ prefetch လို့ရိုက်ပီး Enter နှိပ်ပေးပါ. ပီးရင် Continue ခလုတ်ကိုဆက်နှိပ်ပေးပါ.ဒါဆို Files တွေအများကြီးပေါ်လာတာကိုမြင်ရမှာပါ..Files အကုန်လုံးကို select all လုပ်ပီး Shift+ Del နှင့်ဖျက်လိုက်ပါ..ဖျက်တဲ့အချိန်မှာလက်ရှိအသုံးပြုနေရတဲ့ Files တွေရှိရင်တော့ Try Again လို့ပေါ်လာပါလိမ့်မယ်.. ဒါဆိုရင် Skip ကိုနှိပ်ပေးရပါမယ်.ဒါဆိုရင်တော့ Computer ကမလိုအပ်တဲ့ Files တွေကိုဖျက်လိုက်ပီပဲဖြစ်ပါတယ်
၂. Windows ခလုတ်နဲ့ r နဲ့တွဲနှိပ်ပီး cleanmgr လို့ရိုက်ပီး Enter နှိပ်ပေးပါ..Local Disk C ဆိုပီးပေါ်လာပါလိမ့်မယ်.. Windows ထဲကမလိုအပ်တဲ့ Files တွေကိုရှင်းမှာဖြစ်လို့ Local Disk C ကိုပဲရွေးထားပီး Ok ဆက်နှိပ်ပေးပါ..Box တစ်ခုထပ်ပေါ်လာလျင် Clean up system files ဆိုတာလေးနှိပ်ပေးရပါမယ်..ပီးလျင် Local Disk C ဆိုတာထပ်ပေါ်လာလျင် Ok ပဲထပ်နှိပ်ပေးပါ..System ထဲကမလိုအပ်တဲ့ Files တွေရှင်းနေတာဖြစ်လို့ခနလောက်စောင့်ပေးရပါမယ်..ပီးသွားရင်တော့ box တစ်ခုထပ်ပေါ်လာပါလိမ့်မယ်.. Ok ကိုထပ်နှိပ်ပေးရပါမယ်..Delete Files ဆိုတဲ့စာလေးပေါ်လာလျင် ထပ်နှိပ်ပေးရပါမယ်..ဒါဆို ထပ်ပီး Delete လုပ်နေတာကိုတွေ့ရမှာပါ..မိမိ Computer ရဲ့ Files အနည်းအများပေါ်မူတည်ပီးအချိန်ခနတော့စောင့်ပေးရပါလိမ့်မယ်.. 
၃. Windows ခလုတ်နဲ့ r နဲ့တွဲနှိပ်ပီး ပေါ်လာတဲ့ run box ထဲမှာ Temp ကိုရိုက်ထည့်ပေးပီး Enter နှိပ်ပေးပါ..ပေါ်လာတဲ့ Files တွေအကုန်လုံးကို Select all နှိပ်ပီး Shift+del နှင့်ဖျက်ပေးပါ..လက်ရှိအသုံးပြုနေရတဲ့ files တွေပါရင်တော့ skip ကိုနှိပ်ပီးကျော်သွားပေးပါ.
၄. Windows ခလုတ်နဲ့ r နဲ့တွဲနှိပ်ပီး ပေါ်လာတဲ့ run box ထဲမှာ %Temp% ကိုရိုက်ထည့်ပေးပီး Enter နှိပ်ပေးပါ.. ပေါ်လာတဲ့ Files တွေအကုန်လုံးကို Select all နှိပ်ပီး Shift+del နှင့်ဖျက်ပေးပါ..လက်ရှိအသုံးပြုနေရတဲ့ files တွေပါရင်တော့ skip ကိုနှိပ်ပီးကျော်သွားပေးပါ.
၅. Windows ခလုတ်နဲ့ r နဲ့တွဲနှိပ်ပီး ပေါ်လာတဲ့ run box ထဲမှာ recent ကိုရိုက်ထည့်ပေးပီး Enter နှိပ်ပေးပါ.. ပေါ်လာတဲ့ Files တွေအကုန်လုံးကို Select all နှိပ်ပီး Shift+del နှင့်ဖျက်ပေးပါ..လက်ရှိအသုံးပြုနေရတဲ့ files တွေပါရင်တော့ skip ကိုနှိပ်ပီးကျော်သွားပေးပါ.
ဒီ ၅ ချက်ကိုပြုလုပ်ပီးပီဆိုလျင် မိမိ Computer ကို Restart ချပေးပါ..တစ်ပါတ်တစ်ခါလောက်ဖြစ်ဖြစ်အသုံးပြုပေးခြင်းက မိမိ computer လေးနေတာကိုလျော့ကျစေမှာပါ..

Computer/Printer/Network/PC Games များနှငိ့ပါတ်သတ်၍အသေးစိတ်သိရှိလိုပါကစုံစမ်းမေးမြန်းနိုင်ပါပီ

Credit....#itrepair မှကူးယူဖော်ပြလိုက်ပါသည်

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts