Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အမှုတစ်ခုမှာ သက်သေအဖြစ် အစစ်ခံမည်ဆိုလျှင်

February 14, 2023 229 views
အမှုတစ်ခုမှာ သက်သေအဖြစ် အစစ်ခံမည်ဆိုလျှင်

အမှုတစ်ခုမှာ သက်သေအဖြစ် အစစ်ခံမည်ဆိုလျှင်
               (သိထားသင့်သည်များ)

အကြောင်းအမျိုးမျိုးကြောင့် တရားရုံးများတွင်အမှုအခင်းများနှင့်ပတ်သတ်၍  သက်သေအဖြစ်အစစ်ခံမည်ဆိုပါက ယခုဖော်ပြပါ အကြောင်းအရာများကို သတိချပ်သင့်ပါတယ်။ယခုဖော်ပြပေးမည့် အကြောင်းအရာများထဲတွင် အများပြည်သူ ရင်းနှီးသိထားသည့် အကြောင်းအရာများအပါအဝင် အများပြည်သူနှင့် ရင်းနှီးကျွမ်းဝင်မှု့မရှိသော သိထားသင့်သော အကြောင်းအရာများလည်းပါဝင်မည်ဖြစ်ပါတယ်။

#ဒီနေရာတွင်လည်း ဥပဒေအသုံးအနှုံးများနှင့် အများပြည်သူနှင့်ပိုမိုရင်နှီးသော အရပ်စကားလုံးများနှင့်ပါ ပူးတွဲဖော်ပြပေးပါမည်။

#တရားရုံးများတွင် သက်သေအဖြစ်အစစ်ခံပါက အမှု့အကြောင်းမထွက်ဆိုမီ ကျမ်းသစ္စာကျိန်ရပီးမှထွက်ဆိုရတာကို အများပြည်သူသိပီးသားဖြစ်မည်ဖြစ်သည်။ကျမ်းသစ္စာအက်ဥပဒေပုဒ်မ ၅အရကျမ်းသစ္စာပြုထွက်ဆိုကြရပီး သက်သေကကျမ်းသစ္စာကျိန်လိုခြင်းမရှိပါက ပုဒ်မ ၆အရ ကတိသစ္စာပြု၍ ထွက်ဆိုနိုင်ပါတယ်။

  ယခုသတိချပ်သင့်သည်ကို​ဖော်ပြပေးချင်တာက သက်သေတစ်ဦးဟာ ကျမ်းသစ္စာလည်းမကျိန်ချင်ဘူး ကတိသစ္စာလည်းမပြုချင်ဘူးဆိုပီး ငြင်းပယ်ပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၈ အရအရေးယူခံရနိုင်တာကို သတ်ချပ်စေချင်ပါတယ်။ပြစ်ဒဏ် အနေဖြင့်အလုပ်မဲ့ ထောင်ဒဏ် ခြောက်လဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခံရနိုင်ပါတယ်။

#ဒါ့အပြင်သက်သေ တစ်ဦးဟာ သက်သေခံဥပဒေပုဒ်မ ၁၂၁၊၁၂၂၊၁၃၃၊၁၂၄ပါပြဌာန်းချက်များနှင့်သက်ဆိုင်သောမေးခွန်းများ ၊တရးရုံးမှမေးမြန်းခွင့်မပြုသောမေးခွန်းများမှတပါး ဥပဒေနှင့်အညီမေးမြန်းသော မေးခွန်းများကိုဖြေဆိုဖို့တာဝန်ရှိပါတယိ။ 
           
    ဥပဒေနှင့်အညီမေးမြန်းသောမေးခွန်းများကိုဖြေဆိုရန်ငြင်းဆန်ပါက ရာဇသတ်ကြီးပုဒ်မ ၁၇၉အရအရေးယူခံရနိုင်ပီး အရေးယူခံရပါက အလုပ်မဲ့ထောင်ဒဏ်ခြောက်လဖြစ်စေ၊ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။

#သက်သေတစ်ဦးဟာ ထွက်ဆိုချက်များပေးပီးနောက်ထွက်ဆိုသူက လက်မှတ်ရေးထိုးရန်သတ်မှတ်ထားတာကို သိမည်ထင်ပါတယ်။ပြစ်မှုဆိုင်ရာကျင်ထုံးဥပဒေ ပုဒ်မ ၁၆၄၊၃၆၄နှင့် ကြိုတင်ထွက်ဆ်ိုချက်များ၊ဖြောင့်ချက်များနှင့် ပုဒ်မ ၂၀၀အရ စစ်ဆေးချက်များကိုထွက်ဆိုသူက လက်မှတ်ရေးထိုးပေးရပြီး၊သတ်မှတ်ထားသောထွက်ဆိုချက်များတွင် လက်မှတ်ရေးထိုးရန်ငြင်းဆိုပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၀အရ အရေးယူခံရနိုင်ပီး အရေးယူခံရပါက အလုပ်မဲ့ထောင်သုံးလ ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။

#ထို့အပြင်တရားရုံးများတွင် တရားစီရင်နေစဥ် ရိုင်းစိုင်းသောအမှုအရာပြုခြင်း၊ဆူပူရန်ပြုခြင်း၊ဥပဒေနှင့်အညီရုံးမှမေးသော မေးခွန်းများကိုဖြေဆိုရန်ငြင်းပယ်ခြင်း၊ပြည်သူဝန်ထမ်းတစ်ဦးကို တမင်စော်ကားခြင်း၊ဝင်ရောက်နှောင့်ယှက်ခြင်း စသည်တို့ကိုပြုလုပ်ပါက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၂၈ အရအရေးယူခံရနိုင်ပီး အရေးယူခံရပါက အလုပ်မဲ့ထောင်ဒဏ်ခြောက်လဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။

#၎င်းတို့အပြင် တရားရုံးရှေ့ လာရောက်ရှိနေသူတစ်ဦးသည် ဥပဒေအရတင်ပြရန် တာဝန်ရှိသည့် စာတမ်းအမှတ်အသားတစ်ခုခုကို တင်ပြရန်ပျက်ကွက် ပါက ရာဇသတ်ပြီးဥပဒေပုဒ်မ ၁၇၅အရ အရေးယူခံရနိုင်ပီး အရေးယူခံရပါက အလုပ်နှင်ထောင်ခြောက်လဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။

#ထပ်မံပြီး ရာဇသတ်ကြီးပုဒ်မ ၁၉၃နှင့်ပတ်သတ်၍လည်းဖော်ပြပေးချင်ပါတယ်။လူအများစုသိထားကြသည့်တရားရုံးတွင်မမှန်သက်သေခံခြင်း အကြောင်းဖြစ်ပီး တရားရုံးရှေ့တွင် အကြောင်းအရာတစ် ခုကို မမှန်ကြောင်း သိလျက်နှင့်ဖြစ်စေ၊မှန်သည်ဟုမယုံကြည်ပါဘဲနှင့်ဖြစ်စေ၊မှန်ကန်ပါသည်ဟု ထွက်ဆိုလျှင် အထက်ဖော်ပြပါပုဒ်မနှင့်အရေးယူခံရနိုင်ပီး အရေးယူခံရပါက ထောင်ဒဏ်ခုနစ်နှစ်ထိချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်းချမှတ်ခံရနိုင်ပါတယ်။(မမှန်သက်သေခံခြင်းအကြောင်းကို နောက်တွင် ခေါင်းစဥ်တခုဖြင့် ပြည့်စုံစွာဖော်ပြပေးပါမည်။)

အထက်ဖော်ပြပေးပါသော အကြောင်းအရာများသည် တရားရုံးတွင်သက်သေအဖြစ် အစစ်ခံမည်ဆိုပါက ဗဟုသုတအနေဖြင့်သိထားသင့်သည်များဖြစ်ပီး အများပြည်သူဗဟုသုတရစေရန်နှင့် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ရပါသည်။

ref: ရာဇသတ်ကြီးဥပဒေ
     သက်သေခံဥပဒေ
      ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ

လေးစားစွာဖြင့် -
#ရှေ့နေ ဦးဝေယံထွန်း
#ဥပဒေ စွယ်စုံ

Related Posts