ကိတ္တိမ မွေးစားစာချုပ် ချုပ်ဆိုမယ်ဆိုလျှင်
ကိတ္တိမ မွေးစားစာချုပ် ချုပ်ဆိုမယ်ဆိုလျှင်
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ သားသမီးမွေးစားခြင်းသုံးမျိုးရှိပါတယ်။
(၁)။ကိတ်တိမ
(၂)။အပတိဌ
(၃)။ဆာတဘတ်ထ
ကိတ္တိမဆိုတာ အမွေခံသားအဖြစ်အထင်အရှားမွေးတဲ့သား လို့ရှေးဟောင်းဓမ္မသတ်တွေမှာဖော်ပြထားပါတယ်။၁၉၄၁ခုနှစ်၊ဧပြီလ(၁)ရက်နေ့မတိုင်မီကစာချုပ်မချုပ်ဘဲကိတ္တိမသားသမီးမွေးစားခြင်းအက်ဥပဒေအရ၁၉၄၁ခုနှစ်၊ဧပြီလ(၁)ရက်နေ့နောက်ပိုင်းမွေးစားတဲ့ကိတ္တိမသားတွေကိုမှတ်ပုံတင်စာချုပ် ချုပ်ပြီးမှမွေးရပါမယ်။ဒါမှတရား၀င်မှာဖြစ်ပါတယ်။
အကယ်၍စာချုပ်မချုပ်ဘဲမွေးစားရင်ဖြစ်ဖြစ်၊မွေးစားစာချုပ် ချုပ်ပေမယ့် မှတ်ပုံမတင်ထားရင်ဖြစ်ဖြစ် ကိတ္တိမအခွင့်အရေးရမှာမဟုတ်ပါဘူး။အပတိဌအခွင့်အရေးသာရမှာဖြစ်ပါတယ်။
ကိတ္တိမသားသမီးနှင့်သားသမီးအရင်းကွာခြားမှု
(က) ကိတ္တိမ မွေးစားသားသမီးတွေဟာဘယ်အကြောင်းနဲ့မှသြရသအဖြစ်မရနိုင်ပါ။
(ခ)မွေးစားတဲ့မိဘတွေအနေနဲ့ဗုဒ္ဓဘာသာကိုစွန့်ပြီးခရစ်ယာန်ဘာသာ(ဒါမှမဟုတ်)သားသမီးမွေးစားတာကိုအသိအမှတ်မပြုတဲ့အခြားဘာသာကိုကူးပြောင်းရင်ကိတ္တိမ မွေးစားသားသမီးတွေရဲ့အမွေ ခံစားခွင့်ဆုံးရှုံးပါမယ်။
(ဂ)မွေးစားတဲ့မိဘတွေဟာသူတို့ရဲ့မိဘထံမှအမွေဆက်ခံခွင့်ရှိပေမယ့်ပစ္စည်းလက်ရောက်မရသေးမီသေဆုံးရင်ကိတ္တိမ သားသမီးတွေဟာအမွေပစ္စည်းရဲ့တစ်၀က်ကိုသာရခွင့်ရှိပါတယ်။ကျန်တစ်၀တ်ကိုတော့မွေးစားမိဘတွေရဲ့သားချင်းတွေကရပါတယ်။
ကိတ္တိမ သားသမီးအဖြစ်မှပယ်ဖျက်ခြင်း
ကိတ္တိမအဖြစ်မွေးစားထားပြီးဖြစ်တဲ့မွေးစားမိဘတွေအနေနဲ့မွေးစားခြင်းကိုသူတို့ရဲ့ဆန္ဒတစ်ခုတည်းနဲ့မပယ်ဖျက်နိုင်ပါ။မွေးစားသားသမီးရဲ့သဘောတူညီချက်မရဘဲမွေးစားခြင်းကိုမပယ်ဖျက်နိုင်ဆိုတဲ့သဘောပါ။
မွေးစားသား ရဟန်းဘောင်၀င်သွားရင်မွေးစားခြင်းပျက်ပြယ်ပါတယ်။ရဟန်းပြုသူလူထွက်က ထပ်မံမွေးစားနိုင်ပါတယ်။ထပ်မံမွေးစားတာမျိုးမလုပ်ရင် မွေးစားသားသမီးအဖြစ်ပြန်မရပါ။
မိရင်း ဘရင်း တွေအနေနဲ့ မွေးစားတဲ့ကလေး အရွယ်မရောက်မီပြန်ခေါ်ယူခွင့်ရှိပါတယ်။မွေးစားတဲ့မိဘတွေအနေနဲ့မွေးစားတဲ့သားသမီးရဲ့မိရင်း ဖရင်းနည်းတူ သူတစ်ပါးကိုမွေးစားဖို့ ထပ်ဆင့်ပေးနိုင်ပါတယ်။
ကိတ္တိမ မွေးစားစာချုပ်ဆိုင်ရာမှတ်စု
၁။အသက်၁၈နှစ်ပြည့်ပြီးသူတွေကသာမွေးစားနိုင်ပါတယ်။
၂။မွေးစားသူအိမ်ထောင်ရှိသူဖြစ်လျှင်အိမ်ထောင်ဘက်၏သဘောတူညီမှုလိုအပ်ပါတယ်။
၃။မွေးစားခြင်းခံရတဲ့သူဟာအရွယ်မရောက်သေးသူဖြစ်လျှင်သူ့ရဲ့မိဘတွေ ဒါမှမဟုတ် အုပ်ထိန်းသူတွေက သဘောတူတဲ့အကြောင်းပါ၀င်လက်မှတ်ရေးထိုးပေးရပါမယ်။
၄။မွေးစားခြင်းခံရသူအရွယ်ရောက်ပြီးဖြစ်လျှင်မွေးစားတာကိုလက်ခံသဘောတူတဲ့အကြောင်းကိုယ်တုင်ပါ၀င်လက်မှတ်ရေးထိုးရပါမယ်။
၅။မွေးစားတဲ့သူနဲ့မွေးစားခြင်းခံရသူတွေဟာဗုဒ္ဓဘာသာ၀င်တွေဖြစ်ဖို့လိုအပ်ပါတယ်။
၆။မွေးစားခြင်းမှာအမွေစားအမွေခံအဖြစ်မွေးစားကြောင်းပေါ်လွင်ဖို့လိုပါတယ်။
၇။မှေးစားစာခြုပျကို တံဆိပ်တော်ခေါင်းအက်ဥပဒေဇယား(၁)အပိုဒ်(၃)အရချုပ်ဆိုရပါမယ်။
၈။စာချုပ်ကိုရေစစ္စရီ မှတ်ပုံတင်ပြုလုပ်ရပါမယ်။