မြေပိုကိစ္စ လျှောက်လို့ရပါသလား

မြေပိုကိစ္စ လျှောက်လို့ရပါသလား။
=====-=======-======-===
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြေစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း။
ဗဟုသုတ
အပိုဒ် ၆၇၊ ၆၈ တို့အား ဖတ်ရူ့လေ့လာဖတ်ရူ့။
၆၇။ စီမံချက်ကာလတွင်ရရှိခဲ့သည့် စီမံချက်ဂရန်များတွင် မြေပိုပါရှိနေပြီး မြို့မြေစာရင်းတွင် စာရင်း မဝင်သေးပဲ မြေပိုငွေသွင်းချလံမူရင်းတင်ပြနိုင်ပါက ကွင်းဆင်းစစ်ဆေး၍ မြေပြင်တွင် အသုံးပြုထားမှု မှန်ကန်ပါက ဂရန်မူရင်းနှင့် မြေစာရင်းတွင် ဒဏ်ကြေး၊ ဝန်ဆောင်ခထပ်မံကောက်ခံခြင်းမပြုဘဲ ခွင့်ပြုနိုင်ရေး အတွက် ကော်မတီဝင်များအစည်းအဝေးသို့တင်ပြပြီးနောက် ရုံးတွင်းအမိန့်ထုတ်ပြန်၍ မြေပိုကိုထည့်သွင်း ပေးရမည်။
၆၈။ စီမံချက်ဂရန်တွင်မြေပိုပါဝင်နေပြီး မြေစာရင်းတွင် ၎င်းမြေပို မဝင်သေးပဲ၊ ငွေသွင်းချလံမူရင်း မတင်ပြနိုင်လျှင် ကွင်းဆင်းစစ်ဆေးပြီး မြေပိုအသုံးပြုမှုမှန်ကန်ပါက ကော်မတီဝင်များအစည်းအဝေးသို့ တင်ပြပြီး သက်ဆိုင်ရာမြို့နယ်အလိုက်သတ်မှတ်ထားသော ရိုးရိုးဂရန်ကောက်ခံသည့် နှုန်းထားဖြင့်တွက်ချက် ငွေသွင်းစေပြီး ဂရန်မူရင်းနှင့် မြေစာရင်းတို့တွင် မြေပိုထည့်သွင်းပေးရန် ဖြစ်ပါသည်။
U Zin Lin Aung- Legal Service
09986252417
photo crd